COVID-19 ကပ္ေရာဂါ ဆိုက္ေနခ်ိန္ ေနာက္ေၾကာင္းမရွင္းတဲ့ တ႐ုတ္ကုမၸဏီေတြ ကရင္ျပည္နယ္မွာ ၿမိဳ႕သစ္ေတြ တည္ေဆာက္လာတာဟာ ၿငိမ္းခ်မ္းေရးကိုေတာင္ ၿခိမ္းေျခာက္ႏိုင္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံး ယာယီတာဝန္ခံေဟာင္း Priscilla Clapp က ေလ့လာဆန္းစစ္ခ်က္တေစာင္ ထုတ္ျပန္လိုက္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး Priscilla Clapp ကို ဦးေက်ာ္ဇံသာ ဆက္သြယ္ေမးျမန္းခ်က္ (ပထမပိုင္း) ကို တင္ျပထားပါတယ္။
ေမး ။ ။ COVID-19 ကပ္ေရာဂါ ျဖစ္ေနခ်ိန္မွာ ေနာက္ေၾကာင္းမရွင္းတဲ့ တရုတ္ကုမၸဏီေတြ ကရင္ျပည္နယ္မွာ သီးသန္႔နယ္ေျမ ထူေထာင္ေနၾကတာ ဒါက ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုေတာ့ အေတာ့္ကိုထိတ္လန္႔စရာေကာင္းတဲ့ အေျခအေန ျဖစ္ပါတယ္။ ဒီေနရာမွာ က်ေနာ္တိုိ႔ သိထားတာက ေ႐ြကုကၠိဳလ္ၿမိဳ ႔ေတာ့ သိပါတယ္။ က်န္တဲ့ၿမိဳ ႔ေတြအေၾကာင္းေတာ့ က်ေနာ္တိုိ႔ မသိပါဘူး။ အဲဒါကို နည္းနည္းဆက္ေျပာပါ။
ေျဖ ။ ။ အထူးသျဖင့္ ဒီၿမိဳ ႔သစ္ႀကီးႏွစ္ၿမိဳ ႔ တည္ေဆာက္လိုက္တာဟာ သိပ္ကိုစိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ကမာၻတဝွမ္းမွာ ေသာင္းက်န္းေနတဲ့ သံုးပြင့္ဆိုင္ တရုတ္ရာဇဝတ္ဂိုဏ္ဝင္တေယာက္က ဦးေဆာင္ၿပီးေတာ့ ဒီၿမိဳ ႔သစ္ေတြကို တည္ေဆာက္ေနတာပါ။ သူတုိ႔ေတြက မူးယစ္ေဆးဝါး ေရာင္းဝယ္တယ္။ လူကုန္ကူးတယ္။ လူသတ္တယ္ စတဲ့ ဒုစရိုက္မ်ဳိးစံုကို လုပ္ပါတယ္။ ဒီလိုၿမိဳ ႔သစ္ေတြ တည္ေထာင္ဖုိ႔အတြက္ ကရင္နယ္ျခားေစာင့္တပ္နဲ႔ ေနာက္ထပ္သေဘာတူစာခ်ဳပ္ ေရးထိုးလိုက္တဲ့ တရုတ္ကုမၸဏီပိုင္ရွင္ဟာဆိုရင္ မကာအိုမွာ လူသတ္ခဲ့လို႔ တရုတ္ျပည္မွာ ေထာင္ (၁၃) ႏွစ္ က်ခဲ့တဲ့ လူသတ္တရားခံ ျဖစ္ပါတယ္။ သူေရးတဲ့ သူ႔ရဲ ႔ဘဝမွတ္တမ္းစာအုပ္မွာဆိုရင္ လူက်ဴးလြန္ခဲ့တဲ့ ျပစ္မႈေတြကို ပြင့္ပြင့္လင္းလင္းပဲ ေရးထားပါတယ္။
ေမး ။ ။ အေရွ ႔ေတာင္အာရွက ကေမာၻဒီးယားႏုိင္ငံမွာလည္း Sihanoukville ဆိုၿပီး ၿမိဳ ႔သစ္တစ္ၿမိဳ ႔ကို တရုတ္က တည္ေဆာက္ခဲ့တယ္ဆိုတာကို က်ေနာ္တို႔ သိပါတယ္။ အေပၚယံအားျဖင့္ေတာ့ ေတာ္ေတာ္ကို စည္းစည္းကားကား ရိွေနတယ္ဆိုတာကိုေတာ့ သိရပါတယ္။ ဆုိေတာ့ ဒီေနရာမွာ ဘယ္လိုျပႆနာေတြ ရိွခဲ့လဲ။ ရိွခဲ့တယ့္ဆိုရင္ေကာ ဘယ္လိုျပႆနာေတြဆိုတာကို နည္းနည္းေျပာျပေပးပါ။ ဆက္စပ္ၿပီးေတာ့ သိရေအာင္ပါ။
ေျဖ ။ ။ ကေမာၻဒီးယားႏုိင္ငံမွာ Sihanoukville ၿမိဳ ႔သစ္ေထာင္တုန္းက သူေခါင္းေဆာင္ၿပီးေတာ့ ရာဇဝတ္မႈမ်ဳိးစံုကို က်ဴးလြန္ခဲ့ဖူးပါတယ္။ ေနာက္ဆံုး ဝန္ႀကီးခ်ဳပ္ဟြြန္ဆန္က တရုတ္ရဲတပ္ဖြဲ႔ကို အကူအညီေတာင္းၿပီးေတာ့ ႏိွမ္းနင္းခဲ့ရတဲ့အထိပါပဲ။ တရုတ္ရာဇဝတ္ဂိုဏ္ေတြ လက္ခ်က္နဲ႔ ကေမာၻဒီးယားရဲေတြ လမ္းမေပၚေတြမွာ အတံုးအရံုး ေသဆံုးေနတဲ့ပံုေတြကို အင္တာနက္မွာ ေတြ႔ႏုိင္ပါတယ္။ ဒါေတြက တရုတ္ဂိုဏ္ေတြရဲ ႔ ရက္စက္ပံုေတြကို အင္တာနက္ကေန အခမဲ့ ေၾကာ္ျငာေပးေနသလုိေပါ့။ ဒါေၾကာင့္ ဒီနမူနာေတြကို ၾကည့္ၿပီးေတာ့ ျမန္မာျပည္ရဲ ႔ တရားဥပေဒစိုးမိုးေရးအဖြဲ႔ေတြက ဒီလိုၿမိဳ ႔သစ္ေတြမွာ ျပစ္မႈေတြ က်ဴးလြန္ေနတဲ့ တရုတ္ရာဇဝတ္ဂိုဏ္းေတြကို လက္လွမ္းမီႏိုင္ပါ့မလားလို႔ စိုးရိမ္မိတာပါ။ ကေမာၻဒီးယားႏုိင္ငံကေန တပ္ေခါက္ၿပီး ေျပးလာတဲ့ တရုတ္ေတြက အခု ကရင္ျပည္နယ္မွာ ၿမိဳ ႔သစ္ေထာင္ေနၾကတာ ျဖစ္ပါတယ္။
ေမး ။ ။ ဆိုေတာ့ အခုၿမိဳ ႔သစ္ေတြ လုပ္ေနတဲ့ေနရာဘက္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ တိုက္ပြဲေတြလည္း မရိွေတာ့ဘူး မဟုတ္လား။ အဲဒီေတာ့ အပစ္အခတ္ရပ္စဲေရးေတြ လံုးဝရယူထားၿပီ ျဖစ္တယ္ဆိုေတာ့ ဒီအခ်ိန္မွာ တရားဥပေဒစိုးမိုးမႈက လံုးဝမရိွႏိုင္ေသးဘူးဆိုတဲ့ သေဘာေပါ့။
ေျဖ ။ ။ ထိုင္း-ျမန္မာနယ္စပ္တဝိုက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရထားတဲ့ အပစ္ရပ္အဖြဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႔ DKBA က တရားဥပေဒစိုးမိုးေရးတာဝန္ကို အဓိကတာဝန္ယူထားရတဲ့သေဘာ ျဖစ္ေနတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ တရုတ္ေတြက တမင္အခြင့္ေကာင္းယူတာေပါ့။ ဒုတိယေျမာက္ ၿမိဳ ႔သစ္ ေဆာက္လုပ္ေနတဲ့ KNU နယ္ေျမမွာလည္း ဒီသေဘာပါပဲ။
ေမး ။ ။ ေနာက္ Priscilla ေရးထားတဲ့အထဲမွာ ဒီၿမိဳ ႔သစ္စီမံကိန္းေတြဟာ ျမန္မာႏုိင္ငံ ရင္းႏီွးျမဳပ္ႏံွရင္းႏီွးျမဳပ္ႏံွမႈ (MIC) ရဲ ႔ သေဘာတူညီမႈနဲ႔ ျမန္မာလႊတ္ေတာ္ရဲ ႔ သေဘာတူညီမႈေကာ အသိအမွတ္ျပဳမႈ ရယူထားျခင္း မရိွဘူးလို႔ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ဆိုရင္ ဘယ္လိုလုပ္ၿပီးေတာ့ ဒီ စီမံကိန္းေတြ စတင္လာခဲ့ပါလဲ။
ေျဖ ။ ။ အားလံုးေတာ့ မဟုတ္ပါဘူး။ ကရင္ျပည္နယ္တြင္းက ေျမလြတ္ေျမရိုင္းေနရာေတြမွာ အိမ္ယာေတြ တည္ေဆာက္ဖုိ႔ဆုိၿပီးေတာ့ ျမန္မာ့ရင္းႏီွးျမဳပ္ႏံွမႈေကာ္မရွင္ကေန ပထမစီမံကိန္းအတြက္ ပဏာမ သေဘာတူခြင့္ျပဳခဲ့တာ ၾကာခဲ့ပါၿပီ။ ဒါေပမဲ့ တရုတ္ေတြက သတ္မွတ္ထားတဲ့ ေျမအက်ယ္အဝန္းထက္ ပိုတိုးခ်ဲ ႔ၿပီးေတာ့ Casino ေလာင္းကစားရံုေတြကိုပါ ခြင့္ျပဳခ်က္မရိွဘဲ ေဆာက္လုပ္ခဲ့တာပါ။ ေနျပည္ေတာ္က အရပ္သားအစိုးရမွာ လုပ္ပိုင္ခြင့္အာဏာ ရိွတယ္လို႔ က်မ မထင္ပါဘူး။ သူတုိ႔နဲ႔ ဆက္ဆံေရးအေျခအေနကို ေျပာျပဖို႔ကလဲ ခက္ပါတယ္။ တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္နဲ႔ တျခားေဒသက အဖြဲ႔အစည္းေတြရဲ ႔ ကိုယ္စားဆုိၿပီးေတာ့ ကရင္ျပည္နယ္အတြက္ ေငြေၾကးနဲ႔ ေဆးပစၥည္းေတြကို ဝန္ႀကီးခ်ဳပ္ဆီကေန မ်က္ႏွာသာရေအာင္ လွဳဒါန္းေနတာေတြ ရိွပါတယ္။ ယူနန္အစိုးရနဲ႔ ပတ္သက္ေနတာလဲ ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ တပ္အပ္ေတာ့ မေျပာႏုိင္ေပမယ့္ ဆန္းေတာ့ဆန္းတယ္လို႔ ေျပာရမွာေပါ့။ စစ္တပ္အုပ္ခ်ဳပ္မႈေအာက္က တရားဥပေဒစိုးမိုးေရး ရဲတပ္ဖြဲ႔ကေန တရုတ္ရာဇဝတ္ဂိုဏ္းေတြကို ဘာမွမလုပ္ဘဲ လက္ပိုက္ၾကည့္ေနတာကေတာ့ စိတ္ပ်က္စရာ ေကာင္းပါတယ္။
နယ္ျခားေစာင့္တပ္ဆုိတာလဲ တပ္မေတာ္ရဲ ႔ လက္ေအာက္ခံ ျပည္သူ႔စစ္ ျဖစ္သလို၊ နယ္စပ္လံုၿခံဳေရးဝန္ႀကီးဌာန လက္ေအာက္က ျဖစ္ပါတယ္။ နယ္ျခားေစာင့္တပ္ လုပ္သမွ်က တပ္မေတာ္နဲ႔ ဆက္စပ္ေနတယ္လုိ႔ အဓိပၸါယ္ဖြင့္လို႔ရပါတယ္။ ဒါေၾကာင့္ ဒီၿမိဳ ႔သစ္ႀကီးႏွစ္ၿမိဳ ႔ တည္ေဆာက္ေနတဲ့ KNU ရဲ ႔ လႈပ္ရွားမႈေတြမွာ စစ္တပ္က တနည္းမဟုတ္တနည္း ပတ္သက္ေနတယ္လို႔ ယူဆႏုိင္ပါတယ္။ ဥပေဒေဘာင္ျပင္ပကေန KNU လုပ္ခြင့္ေပးထားႏုိင္တာက စစ္တပ္ပဲ ရိွပါတယ္။
ေမး ။ ။ အဲဒီလို တခ်ဳိ ႔အရာေတြက ခြင့္ျပဳခ်က္နဲ႔ လုပ္တယ္ပဲ ထားပါေတာ့ သတ္မွတ္ထားတဲ့ ေဘာင္အတြင္းက လုပ္ျပတာ ဟုတ္မဟုတ္ဆိုတာကိုေကာ အစိုးရက ေစာင့္ၾကည့္စစ္ေဆးတာ monitory လုပ္တာေကာ မရိွဘူးလား။
ေျဖ ။ ။ ေနျပည္ေတာ္အစိုးရနဲ႔ ကရင္ျပည္နယ္ အရပ္သားအစိုးရဆီတုိ႔မွာ ဒီၿမိဳ ႔သစ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ပိုင္ခြင့္အာဏာ ရိွတယ္လို႔ က်မ မထင္ပါဘူး။ သူတုိ႔နဲ႔ ဆက္ဆံေရးအေျခအေနကို ေျပာျပဖို႔ကလဲ ခက္ပါတယ္။ တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္နဲ႔ တျခားျပည္နယ္က အဖြဲ႔အစည္းေတြရဲ ႔ ကိုယ္စားဆုိၿပီးေတာ့ ကရင္ျပည္နယ္အတြက္ ေငြေၾကးနဲ႔ ေဆးပစၥည္းေတြကို ဝန္ႀကီးခ်ဳပ္ဆီက မ်က္ႏွာသာရေအာင္ လွဳဒါန္းေနတာေတြ ရိွပါတယ္။ ယူနန္အစိုးရနဲ႔ ပတ္သက္ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ တပ္အပ္ေတာ့ မေျပာႏိုင္ေပမယ့္ ဆန္းေတာ့ဆန္းတယ္လို႔ ေျပာရမွာေပါ့။ စစ္တပ္အုပ္ခ်ဳပ္မႈေအာက္က တရားဥပေဒစိုးမိုးေရး ရဲတပ္ဖြဲ႔ကလည္း တရုတ္ရာဇဝတ္ဂိုဏ္းေတြကို ဘာမွမလုပ္ဘဲ လက္ပိုက္ၾကည့္ေနတာကေတာ့ စိတ္ပ်က္စရာ ေကာင္းပါတယ္။
ေမး ။ ။ အဲဒီလိုဆိုရင္ ဒီကိစၥမွာ တပ္မေတာ္၊ ဒါမွမဟုတ္လဲ အဲဒီေဒသမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ျမန္မာစစ္တပ္က သူတုိ႔ကိုယ္တိုင္ ဒီလုပ္ငန္းေတြမွာ ပါဝင္ပတ္သက္ေနတယ္လို႔ ေျပာႏိုင္သလား။
ေျဖ ။ ။ နယ္ျခားေစာင့္တပ္ဆုိတာလဲ တပ္မေတာ္ရဲ ႔ လက္ေအာက္ခံ ျပည္သူ႔စစ္ျဖစ္သလို၊ နယ္ျခားလံုၿခံဳေရးဝန္ႀကီးဌာနလက္ေအာက္ကပါ။ နယ္ျခားေစာင့္တပ္ လုပ္သမွ် တပ္မေတာ္နဲ႔ ဆက္စပ္ေနတယ္လို႔လဲ အဓိပၸါယ္ဖြင့္လို႔ ရပါတယ္။ ဒါေၾကာင့္ ဒီၿမိဳ ႔သစ္ႀကီးႏွစ္ၿမိဳ ႔ တည္ေဆာက္ေနတဲ့ KNU ရဲ ႔ လႈပ္ရွားမႈေတြမွာ စစ္တပ္က တနည္းမဟုတ္တနည္း ပတ္သက္ေနတယ္လို႔ ယူဆႏုိင္ပါတယ္။ ဥပေဒေဘာင္ ျပင္ပကေန KNU ကို လုပ္ခြင့္ေပးထားႏုိင္တာကလဲ စစ္တပ္ပဲ ရိွပါတယ္။
ေမး ။ ။ က်ေနာ္ ဆက္စပ္ၿပီး ေမးခ်င္ပါတယ္။ တကယ္ေတာ့ ရွမ္းျပည္ဘက္မွာ အေျခစိုက္တဲ့ KIO ခြဲထြက္အဖြဲ႔တဖြဲ႔ သူတုိ႔ေတြလည္း အပစ္ရပ္ၿပီးေတာ့ နယ္ျခားေစာင့္တပ္ BGF လုပ္ေနတယ္။ အဲဒီတပ္ဖြဲ႔က တေလာတုန္းက မူးယစ္ေဆးဝါးေတြ လုပ္ေနတယ္ဆိုၿပီးေတာ့ တပ္မေတာ္က သူတုိ႔ကို လက္နက္ျဖဳတ္သိမ္း ထိန္းခ်ဳပ္လိုက္တယ္လို႔ သိရပါတယ္။ အခု ကရင္ျပည္နယ္မွာ ျဖစ္ေနတဲ့ကိစၥကိုေရာ ရာဇဝတ္မႈေတြ မကင္းတဲ့ကိစၥေတြဆိုေတာ့ ဒီက BGF ကို တပ္မေတာ္က အလားတူထိန္းခ်ဳပ္မႈေတြ မလုပ္ႏုိင္ဘူးလား။ ဘာေၾကာင့္ မလုပ္တာလဲ။ သိရင္ ေျပာပါ။
ေျဖ ။ ။ ျမန္မာျပည္ရဲ ႔ တရားဥပေဒစိုးမိုးေရးကို က်မ ထဲထဲဝင္ဝင္ မသိပါဘူး။ ဒါေပမဲ့ ဒီၿမိဳ ႔သစ္ေတြရဲ ႔ အေျခအေနက သိပ္အႏၱရာယ္ ရိွတယ္လို႔ ေျပာႏုိင္ပါတယ္။ ဒါဟာ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒက စေရးထားတဲ့ ျခားနားတဲ့ မတူညီတဲ့ အစိုးရႏွစ္ရပ္ ရိွေနတယ္ဆိုတာကို ပံုေဖာ္လိုက္တဲ့ သေဘာပါပဲ။ တဘက္က တပ္မေတာ္အပါအဝင္ လက္နက္ကိုင္ေတြ ထိန္းခ်ဳပ္တဲ့ အစိုးရနဲ႔ ေနာက္တဘက္က ျပည္သူေတြေရြးေကာက္ထားတဲ့ အရပ္သားအစိုးရ ျဖစ္ပါတယ္။ ေရြးေကာက္ခံအရပ္သားအစိုးရက ရင္းႏီွးျမဳပ္ႏံွမႈ စီးပြားေရးနယ္ပယ္ကို စနစ္တက်ျဖစ္ေအာင္ ႀကိဳးစားေနၿပီးေတာ့ အထိုက္အေလ်ာက္ ေအာင္ျမင္ေနတာ ေတြ႔ရပါတယ္။ ဒါေပမဲ့ အစိုးရလက္လွမ္းမမီတဲ့ ေနရာေတြမွာ တျခားအဖြဲ႔က ဥပေဒမဲ့ အခြင့္ေကာင္းယူ၊ တုိးခ်ဲ ႔လုပ္ကိုင္ေနတာကေတာ့ ႏုိင္ငံမွာ မတူညီ၊ ကြဲျပားျခားနားေနတဲ့ အစိုးရႏွစ္ရပ္ ရိွေနတယ္ဆိုတာကို ပံုေဖာ္ျပသေနပါတယ္။
ေမး ။ ။ Priscilla ေရးထားတဲ့ ေခါင္းစဥ္ထဲမွာကိုက ဒီလုပ္ရပ္ေတြက ၿငိမ္းခ်မ္းေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုတာ ဒါသိပ္အေရးႀကီးတဲ့ ကိစၥပါ။ တာဝန္ရိွသူေတြတခ်ဳိ ႔က ေျပာေကာင္းေျပာမွာေပါ့။ ဒါက ၿငိမ္းခ်မ္းေရးအတြက္ လိုက္ေလ်ာထားရတာလို႔။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ဘယ္လို ဆက္စပ္သလဲဆိုတာကို နည္းနည္းေျပာျပပါ။
ေျဖ ။ ။ ဒီၿမိဳ ႔သစ္စီမံကိန္းေတြက ၿငိမ္းခ်မ္းေရးအတြက္ အက်ဳိးရိွမယ္လို႔ မထင္ပါဘူး။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကိုယ္က ဒီျပႆနာရဲ ႔ တစိတ္တပိုင္းပဲလို႔ ေျပာလို႔ရပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြက လံုၿခံဳေရးကိစၥအတြက္ တႏုိင္ငံလံုး အပစ္ခတ္ရပ္စဲေရးကိုပဲ အာရံုစိုက္ေနလို႔ပါပဲ။ တပ္မေတာ္က လံုၿခံဳေရးကို ထိန္းခ်ဳပ္ေနတာ ျဖစ္ၿပီးေတာ့၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရဲ ႔ အစိတ္အပိုင္းေတြျဖစ္တဲ့ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ကိစၥေတြကို ထဲထဲဝင္ဝင္ ေဆြးေႏြးခြင့္မရေအာင္ ပိတ္ပင္ေနခဲ့တာပါ။ အရပ္သားျပည္သူေတြ အေနနဲ႔လဲ သူတုိ႔ရဲ ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြကို ဒီၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ပါဝင္ေဆြးေႏြးခြင့္ မရၾကပါဘူး။ လက္နက္ကိုင္ေတြအတြက္ သီးသန္႔လိုျဖစ္ေနတာပါ။ တပ္မေတာ္အပါအဝင္ လက္နက္ကိုင္အဖြဲ႔ေတြက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အသံုးခ်ၿပီးေတာ့ တုိင္းျပည္မွာ ၾသဇာလႊမ္းမိုးႏုိင္ေအာင္ လုပ္ပိုင္ခြင့္ေဘာင္ကို က်ယ္ျပန္႔ေအာင္ ခ်ဲ ႔ထြင္ေနၾကတယ္။ ဒါေၾကာင့္မို႔ ေရရွည္မွာ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာမေကာင္းဘူးလို႔ က်မ ယူဆပါတယ္။
နိဂံုးေကာက္ႏုတ္ခ်က္ ။ ။ COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္မွာ ေနာက္ေၾကာင္းမရွင္းတဲ့ တရုတ္ကုမၸဏီိေတြ ကရင္ျပည္နယ္မွာ နယ္ေျမသစ္ေတြ ရယူလာတဲ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းေရးအတြက္ အႏၱရာယ္ျဖစ္လာႏုိင္တယ္ဆိုတဲ့ ေလ့လာစမ္းစစ္ခ်က္ စာတမ္းေရးသားသူ Priscilla Clapp ကို ဆက္သြယ္ေမးျမန္းခ်က္ ပထမပိုင္း ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဒီလုပ္ငန္းေတြက ႏုိင္ငံျခားအက်ဳိးစီးပြားနဲ႔ ဘယ္လိုပတ္သက္ႏုိင္သလဲ။ ျမန္မာႏုိင္ငံအေနနဲ႔ ဘယ္လုိနည္းနဲ႔ ဒီကိစၥကို ေရွာင္လႊဲႏုိင္မလဲဆိုတာကို ဆက္လက္ေဆြးေႏြးထားပါတယ္။ ေက်းဇူးတင္ပါတယ္။
==Unicode==
Shwe Kokko City - Chinatown, Myawaddy, Kayin State. Photo credit: RFA
COVID-19 ကပ်ရောဂါ ဆိုက်နေချိန် နောက်ကြောင်းမရှင်းတဲ့ တရုတ်ကုမ္ပဏီတွေ ကရင်ပြည်နယ်မှာ မြို့သစ်တွေ တည်ဆောက်လာတာဟာ ငြိမ်းချမ်းရေးကိုတောင် ခြိမ်းခြောက်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း Priscilla Clapp က လေ့လာဆန်းစစ်ချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Priscilla Clapp ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းချက် (ပထမပိုင်း) ကို တင်ပြထားပါတယ်။
မေး ။ ။ COVID-19 ကပ်ရောဂါ ဖြစ်နေချိန်မှာ နောက်ကြောင်းမရှင်းတဲ့ တရုတ်ကုမ္ပဏီတွေ ကရင်ပြည်နယ်မှာ သီးသန့်နယ်မြေ ထူထောင်နေကြတာ ဒါက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်ဆိုတော့ အတော့်ကိုထိတ်လန့်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ သိထားတာက ရွေကုက္ကိုလ်မြို့တော့ သိပါတယ်။ ကျန်တဲ့မြို့တွေအကြောင်းတော့ ကျနော်တို့ မသိပါဘူး။ အဲဒါကို နည်းနည်းဆက်ပြောပါ။
ဖြေ ။ ။ အထူးသဖြင့် ဒီမြို့သစ်ကြီးနှစ်မြို့ တည်ဆောက်လိုက်တာဟာ သိပ်ကိုစိတ်ပျက်ဖို့ကောင်းပါတယ်။ ကမ္ဘာတဝှမ်းမှာ သောင်းကျန်းနေတဲ့ သုံးပွင့်ဆိုင် တရုတ်ရာဇဝတ်ဂိုဏ်ဝင်တယောက်က ဦးဆောင်ပြီးတော့ ဒီမြို့သစ်တွေကို တည်ဆောက်နေတာပါ။ သူတို့တွေက မူးယစ်ဆေးဝါး ရောင်းဝယ်တယ်။ လူကုန်ကူးတယ်။ လူသတ်တယ် စတဲ့ ဒုစရိုက်မျိုးစုံကို လုပ်ပါတယ်။ ဒီလိုမြို့သစ်တွေ တည်ထောင်ဖို့အတွက် ကရင်နယ်ခြားစောင့်တပ်နဲ့ နောက်ထပ်သဘောတူစာချုပ် ရေးထိုးလိုက်တဲ့ တရုတ်ကုမ္ပဏီပိုင်ရှင်ဟာဆိုရင် မကာအိုမှာ လူသတ်ခဲ့လို့ တရုတ်ပြည်မှာ ထောင် (၁၃) နှစ် ကျခဲ့တဲ့ လူသတ်တရားခံ ဖြစ်ပါတယ်။ သူရေးတဲ့ သူ့ရဲ့ဘဝမှတ်တမ်းစာအုပ်မှာဆိုရင် လူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပွင့်ပွင့်လင်းလင်းပဲ ရေးထားပါတယ်။
မေး ။ ။ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနိုင်ငံမှာလည်း Sihanoukville ဆိုပြီး မြို့သစ်တစ်မြို့ကို တရုတ်က တည်ဆောက်ခဲ့တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ အပေါ်ယံအားဖြင့်တော့ တော်တော်ကို စည်းစည်းကားကား ရှိနေတယ်ဆိုတာကိုတော့ သိရပါတယ်။ ဆိုတော့ ဒီနေရာမှာ ဘယ်လိုပြဿနာတွေ ရှိခဲ့လဲ။ ရှိခဲ့တယ့်ဆိုရင်ကော ဘယ်လိုပြဿနာတွေဆိုတာကို နည်းနည်းပြောပြပေးပါ။ ဆက်စပ်ပြီးတော့ သိရအောင်ပါ။
ဖြေ ။ ။ ကမ္ဘောဒီးယားနိုင်ငံမှာ Sihanoukville မြို့သစ်ထောင်တုန်းက သူခေါင်းဆောင်ပြီးတော့ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့ဖူးပါတယ်။ နောက်ဆုံး ဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်ရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီးတော့ နှိမ်းနင်းခဲ့ရတဲ့အထိပါပဲ။ တရုတ်ရာဇဝတ်ဂိုဏ်တွေ လက်ချက်နဲ့ ကမ္ဘောဒီးယားရဲတွေ လမ်းမပေါ်တွေမှာ အတုံးအရုံး သေဆုံးနေတဲ့ပုံတွေကို အင်တာနက်မှာ တွေ့နိုင်ပါတယ်။ ဒါတွေက တရုတ်ဂိုဏ်တွေရဲ့ ရက်စက်ပုံတွေကို အင်တာနက်ကနေ အခမဲ့ ကြော်ငြာပေးနေသလိုပေါ့။ ဒါကြောင့် ဒီနမူနာတွေကို ကြည့်ပြီးတော့ မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဒီလိုမြို့သစ်တွေမှာ ပြစ်မှုတွေ ကျူးလွန်နေတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို လက်လှမ်းမီနိုင်ပါ့မလားလို့ စိုးရိမ်မိတာပါ။ ကမ္ဘောဒီးယားနိုင်ငံကနေ တပ်ခေါက်ပြီး ပြေးလာတဲ့ တရုတ်တွေက အခု ကရင်ပြည်နယ်မှာ မြို့သစ်ထောင်နေကြတာ ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ အခုမြို့သစ်တွေ လုပ်နေတဲ့နေရာဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေလည်း မရှိတော့ဘူး မဟုတ်လား။ အဲဒီတော့ အပစ်အခတ်ရပ်စဲရေးတွေ လုံးဝရယူထားပြီ ဖြစ်တယ်ဆိုတော့ ဒီအချိန်မှာ တရားဥပဒေစိုးမိုးမှုက လုံးဝမရှိနိုင်သေးဘူးဆိုတဲ့ သဘောပေါ့။
ဖြေ ။ ။ ထိုင်း-မြန်မာနယ်စပ်တဝိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ အပစ်ရပ်အဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ့ DKBA က တရားဥပဒေစိုးမိုးရေးတာဝန်ကို အဓိကတာဝန်ယူထားရတဲ့သဘော ဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်တွေက တမင်အခွင့်ကောင်းယူတာပေါ့။ ဒုတိယမြောက် မြို့သစ် ဆောက်လုပ်နေတဲ့ KNU နယ်မြေမှာလည်း ဒီသဘောပါပဲ။
မေး ။ ။ နောက် Priscilla ရေးထားတဲ့အထဲမှာ ဒီမြို့သစ်စီမံကိန်းတွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှရင်းနှီးမြုပ်နံှမှု (MIC) ရဲ့ သဘောတူညီမှုနဲ့ မြန်မာလွှတ်တော်ရဲ့ သဘောတူညီမှုကော အသိအမှတ်ပြုမှု ရယူထားခြင်း မရှိဘူးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဒီ စီမံကိန်းတွေ စတင်လာခဲ့ပါလဲ။
ဖြေ ။ ။ အားလုံးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်တွင်းက မြေလွတ်မြေရိုင်းနေရာတွေမှာ အိမ်ယာတွေ တည်ဆောက်ဖို့ဆိုပြီးတော့ မြန်မာ့ရင်းနှီးမြုပ်နံှမှုကော်မရှင်ကနေ ပထမစီမံကိန်းအတွက် ပဏာမ သဘောတူခွင့်ပြုခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ တရုတ်တွေက သတ်မှတ်ထားတဲ့ မြေအကျယ်အဝန်းထက် ပိုတိုးချဲ့ပြီးတော့ Casino လောင်းကစားရုံတွေကိုပါ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တာပါ။ နေပြည်တော်က အရပ်သားအစိုးရမှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လို့ ကျမ မထင်ပါဘူး။ သူတို့နဲ့ ဆက်ဆံရေးအခြေအနေကို ပြောပြဖို့ကလဲ ခက်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ တခြားဒေသက အဖွဲ့အစည်းတွေရဲ့ ကိုယ်စားဆိုပြီးတော့ ကရင်ပြည်နယ်အတွက် ငွေကြေးနဲ့ ဆေးပစ္စည်းတွေကို ဝန်ကြီးချုပ်ဆီကနေ မျက်နှာသာရအောင် လှုဒါန်းနေတာတွေ ရှိပါတယ်။ ယူနန်အစိုးရနဲ့ ပတ်သက်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တပ်အပ်တော့ မပြောနိုင်ပေမယ့် ဆန်းတော့ဆန်းတယ်လို့ ပြောရမှာပေါ့။ စစ်တပ်အုပ်ချုပ်မှုအောက်က တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ကနေ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေတာကတော့ စိတ်ပျက်စရာ ကောင်းပါတယ်။
နယ်ခြားစောင့်တပ်ဆိုတာလဲ တပ်မတော်ရဲ့ လက်အောက်ခံ ပြည်သူ့စစ် ဖြစ်သလို၊ နယ်စပ်လုံခြုံရေးဝန်ကြီးဌာန လက်အောက်က ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် လုပ်သမျှက တပ်မတော်နဲ့ ဆက်စပ်နေတယ်လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။ ဒါကြောင့် ဒီမြို့သစ်ကြီးနှစ်မြို့ တည်ဆောက်နေတဲ့ KNU ရဲ့ လှုပ်ရှားမှုတွေမှာ စစ်တပ်က တနည်းမဟုတ်တနည်း ပတ်သက်နေတယ်လို့ ယူဆနိုင်ပါတယ်။ ဥပဒေဘောင်ပြင်ပကနေ KNU လုပ်ခွင့်ပေးထားနိုင်တာက စစ်တပ်ပဲ ရှိပါတယ်။
မေး ။ ။ အဲဒီလို တချို့အရာတွေက ခွင့်ပြုချက်နဲ့ လုပ်တယ်ပဲ ထားပါတော့ သတ်မှတ်ထားတဲ့ ဘောင်အတွင်းက လုပ်ပြတာ ဟုတ်မဟုတ်ဆိုတာကိုကော အစိုးရက စောင့်ကြည့်စစ်ဆေးတာ monitory လုပ်တာကော မရှိဘူးလား။
ဖြေ ။ ။ နေပြည်တော်အစိုးရနဲ့ ကရင်ပြည်နယ် အရပ်သားအစိုးရဆီတို့မှာ ဒီမြို့သစ်တွေနဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လို့ ကျမ မထင်ပါဘူး။ သူတို့နဲ့ ဆက်ဆံရေးအခြေအနေကို ပြောပြဖို့ကလဲ ခက်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ တခြားပြည်နယ်က အဖွဲ့အစည်းတွေရဲ့ ကိုယ်စားဆိုပြီးတော့ ကရင်ပြည်နယ်အတွက် ငွေကြေးနဲ့ ဆေးပစ္စည်းတွေကို ဝန်ကြီးချုပ်ဆီက မျက်နှာသာရအောင် လှုဒါန်းနေတာတွေ ရှိပါတယ်။ ယူနန်အစိုးရနဲ့ ပတ်သက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တပ်အပ်တော့ မပြောနိုင်ပေမယ့် ဆန်းတော့ဆန်းတယ်လို့ ပြောရမှာပေါ့။ စစ်တပ်အုပ်ချုပ်မှုအောက်က တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ကလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေကို ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေတာကတော့ စိတ်ပျက်စရာ ကောင်းပါတယ်။
မေး ။ ။ အဲဒီလိုဆိုရင် ဒီကိစ္စမှာ တပ်မတော်၊ ဒါမှမဟုတ်လဲ အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ်က သူတို့ကိုယ်တိုင် ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောနိုင်သလား။
ဖြေ ။ ။ နယ်ခြားစောင့်တပ်ဆိုတာလဲ တပ်မတော်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်ဖြစ်သလို၊ နယ်ခြားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ကပါ။ နယ်ခြားစောင့်တပ် လုပ်သမျှ တပ်မတော်နဲ့ ဆက်စပ်နေတယ်လို့လဲ အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ ဒါကြောင့် ဒီမြို့သစ်ကြီးနှစ်မြို့ တည်ဆောက်နေတဲ့ KNU ရဲ့ လှုပ်ရှားမှုတွေမှာ စစ်တပ်က တနည်းမဟုတ်တနည်း ပတ်သက်နေတယ်လို့ ယူဆနိုင်ပါတယ်။ ဥပဒေဘောင် ပြင်ပကနေ KNU ကို လုပ်ခွင့်ပေးထားနိုင်တာကလဲ စစ်တပ်ပဲ ရှိပါတယ်။
မေး ။ ။ ကျနော် ဆက်စပ်ပြီး မေးချင်ပါတယ်။ တကယ်တော့ ရှမ်းပြည်ဘက်မှာ အခြေစိုက်တဲ့ KIO ခွဲထွက်အဖွဲ့တဖွဲ့ သူတို့တွေလည်း အပစ်ရပ်ပြီးတော့ နယ်ခြားစောင့်တပ် BGF လုပ်နေတယ်။ အဲဒီတပ်ဖွဲ့က တလောတုန်းက မူးယစ်ဆေးဝါးတွေ လုပ်နေတယ်ဆိုပြီးတော့ တပ်မတော်က သူတို့ကို လက်နက်ဖြုတ်သိမ်း ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။ အခု ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စကိုရော ရာဇဝတ်မှုတွေ မကင်းတဲ့ကိစ္စတွေဆိုတော့ ဒီက BGF ကို တပ်မတော်က အလားတူထိန်းချုပ်မှုတွေ မလုပ်နိုင်ဘူးလား။ ဘာကြောင့် မလုပ်တာလဲ။ သိရင် ပြောပါ။
ဖြေ ။ ။ မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို ကျမ ထဲထဲဝင်ဝင် မသိပါဘူး။ ဒါပေမဲ့ ဒီမြို့သစ်တွေရဲ့ အခြေအနေက သိပ်အန္တရာယ် ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စရေးထားတဲ့ ခြားနားတဲ့ မတူညီတဲ့ အစိုးရနှစ်ရပ် ရှိနေတယ်ဆိုတာကို ပုံဖော်လိုက်တဲ့ သဘောပါပဲ။ တဘက်က တပ်မတော်အပါအဝင် လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ အစိုးရနဲ့ နောက်တဘက်က ပြည်သူတွေရွေးကောက်ထားတဲ့ အရပ်သားအစိုးရ ဖြစ်ပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရက ရင်းနှီးမြုပ်နံှမှု စီးပွားရေးနယ်ပယ်ကို စနစ်တကျဖြစ်အောင် ကြိုးစားနေပြီးတော့ အထိုက်အလျောက် အောင်မြင်နေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရလက်လှမ်းမမီတဲ့ နေရာတွေမှာ တခြားအဖွဲ့က ဥပဒေမဲ့ အခွင့်ကောင်းယူ၊ တိုးချဲ့လုပ်ကိုင်နေတာကတော့ နိုင်ငံမှာ မတူညီ၊ ကွဲပြားခြားနားနေတဲ့ အစိုးရနှစ်ရပ် ရှိနေတယ်ဆိုတာကို ပုံဖော်ပြသနေပါတယ်။
မေး ။ ။ Priscilla ရေးထားတဲ့ ခေါင်းစဉ်ထဲမှာကိုက ဒီလုပ်ရပ်တွေက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတယ်ဆိုတာ ဒါသိပ်အရေးကြီးတဲ့ ကိစ္စပါ။ တာဝန်ရှိသူတွေတချို့က ပြောကောင်းပြောမှာပေါ့။ ဒါက ငြိမ်းချမ်းရေးအတွက် လိုက်လျောထားရတာလို့။ အဲဒီတော့ ငြိမ်းချမ်းရေးနဲ့ ဘယ်လို ဆက်စပ်သလဲဆိုတာကို နည်းနည်းပြောပြပါ။
ဖြေ ။ ။ ဒီမြို့သစ်စီမံကိန်းတွေက ငြိမ်းချမ်းရေးအတွက် အကျိုးရှိမယ်လို့ မထင်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုယ်က ဒီပြဿနာရဲ့ တစိတ်တပိုင်းပဲလို့ ပြောလို့ရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက လုံခြုံရေးကိစ္စအတွက် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကိုပဲ အာရုံစိုက်နေလို့ပါပဲ။ တပ်မတော်က လုံခြုံရေးကို ထိန်းချုပ်နေတာ ဖြစ်ပြီးတော့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေကို ထဲထဲဝင်ဝင် ဆွေးနွေးခွင့်မရအောင် ပိတ်ပင်နေခဲ့တာပါ။ အရပ်သားပြည်သူတွေ အနေနဲ့လဲ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆွေးနွေးခွင့် မရကြပါဘူး။ လက်နက်ကိုင်တွေအတွက် သီးသန့်လိုဖြစ်နေတာပါ။ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးချပြီးတော့ တိုင်းပြည်မှာ သြဇာလွှမ်းမိုးနိုင်အောင် လုပ်ပိုင်ခွင့်ဘောင်ကို ကျယ်ပြန့်အောင် ချဲ့ထွင်နေကြတယ်။ ဒါကြောင့်မို့ ရေရှည်မှာ ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့ ကျမ ယူဆပါတယ်။
နိဂုံးကောက်နုတ်ချက် ။ ။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ နောက်ကြောင်းမရှင်းတဲ့ တရုတ်ကုမ္ပဏီတွေ ကရင်ပြည်နယ်မှာ နယ်မြေသစ်တွေ ရယူလာတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာစမ်းစစ်ချက် စာတမ်းရေးသားသူ Priscilla Clapp ကို ဆက်သွယ်မေးမြန်းချက် ပထမပိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဒီလုပ်ငန်းတွေက နိုင်ငံခြားအကျိုးစီးပွားနဲ့ ဘယ်လိုပတ်သက်နိုင်သလဲ။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုနည်းနဲ့ ဒီကိစ္စကို ရှောင်လွှဲနိုင်မလဲဆိုတာကို ဆက်လက်ဆွေးနွေးထားပါတယ်။ ကျေးဇူးတင်ပါတယ်။
Shwe Kokko City Map, Myawaddy, Kayin State. Photo credit: Mizzima News