ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်က ကျားဖြန့် အွန်လိုင်း ငွေလိမ် ဂိုဏ်းတွေဆီ သွားကြမယ့်တရုတ်ကမ္ဘာလှည့်ခရီးသွား ၅ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဟွေ့ဟင်ဖွန်စစ်ဆေးရေး ဂိတ်မှာ ထိုင်းရဲတပ်ဖွဲ့ကကယ်ဆယ်လိုက်ပါတယ်။ တရားဝင်ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ ကိုင်ထားတဲ့ တရုတ်ကမ္ဘာလှည့် ခရီးသွား ၅ ဦးဟာ ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကိုသွားဖို့ စီစဉ်ခဲ့ပေမဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကိုပို့ပြီး လူကုန်ကူးခံလိုက်ရတာပါ။ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေဆီ ကုန်ကူးခံရမယ့် တရုတ်ကမ္ဘာလှည့်ခရီးသွား ၅ ဦးကို ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်မှာပဲ ထိုင်းရဲတွေက စစ်ဆေးရင်းတွေ့ရှိခဲ့တာပါ။
တရုတ်ကမ္ဘာလှည့် ခရီးသွား ၅ ဦးက တရားဝင်နိုင်ငံကူး ပါ့စ်ပို့နဲ့ ဗီဇာကိုင်ဆောင်ထားသူတွေ ဖြစ်ကြပြီး ထိုင်းနိုင်ငံပတ္တရာကမ်းခြေကို သွားဖို့ စီစဉ်ခဲ့ပေမယ့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် နယ်စပ်ကို ကားသမားကခေါ်လာပြီး လူကုန်ကူးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
တာ့ခရိုင် လဝက အကြီးအကဲ ဒုရဲချုပ် ပရာချော့ ဝုန်စွတ် Prachuap Wongsukကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“ဒီနယ်စပ်ဟာလူကုန်ကူးမှုတွေအများဆုံးဖြစ်နေပါတယ်။ တရုတ်နိုင်ငံသားကမ္ဘာလှည့် ခရီးသွား ၅ ဦး ကို ကားမောင်းသမားက မြန်မာနိုင်ငံ မြဝတီကို ပို့ဆောင်ဆောင်ဖို့ ခေါ်လာတာပါ။ ဒါကို ထိုင်းအရာရှိ တွေကတွေ့လို့ ကယ်တင်ကူညီပေးခဲ့တာပါ။”
ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်ထဲမှာ လူကုန်တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက်တိုးမြှင့်ဖို့ သက်ဆိုင်ရာ ဌာနတွေကို ညွန်ကြားချက် ထုတ်ပြန်ထားပြီဖြစ်တယ်လို့လည်းပြောပါတယ်။
မဲဆောက် လူဝင်မှုကြီးကြပ်ရေးဗျူရိုက ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တနှစ်အတွင်းမှာ လူကုန်ကူး မှုတွေမှာ ပါဝင်ပတ်သက်နေသူ လူ ၂,၀၀၀ နီးပါး ထုတ်ဖော်နိုင်ခဲ့သလို လူကုန်ကူးခံရသူတွေကတော့ ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။လူကုန်ကူးခံရသူတွေဟာ ယူဂန်ဒါ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား လူမျိုးတွေပါဝင်တဲ့လူ ၁၀၁ ဦးကို ထိုင်းဘက်က ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်းပြောပါတယ်
Forum