သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်းတွေ လျှပ်စစ်မီး ဖြတ်တောက်ဖို့ ထိုင်းနိုင်ငံစီစဉ်


မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ်-မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ တရုတ်စားသောက်ဆိုင်တွေကိုတွေ့ရစဥ်။ (VOA Burmese)
မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ်-မြန်မာ နှစ်ဘာသာနဲ့ရေးထားတဲ့ တရုတ်စားသောက်ဆိုင်တွေကိုတွေ့ရစဥ်။ (VOA Burmese)

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေကိုအသုံးပြုနေတာကြောင့်ဆိုပြီး မြ၀တီ၊ ရွှေကုက္ကိုနဲ့ KK Park နေရာတွေကို ထိုင်းက နေ လျှပ်စစ်မီးပေးနေတာ ဖြတ်တောက်တော့မှာဖြစ်တယ်လို့ အမျိုးသားလုံခြုံရေး ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ ကာကွယ်ရေးဒုဝန်ကြီး Mr. Phumtham Wechayachai ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့က ကျားဖြန့်အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ အလုပ်လုပ်ကိုင်နိုင်တာဟာ ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့အင်တာနက်လိုင်းတွေကိုအသုံးပြုနေတာကြောင့်ဆိုပြီး မြန်မာစစ်ကောင်စီက ဝေဖန်အပြီးမှာ ထိုင်းဘက်ကလည်း နယ်စပ်တွေမှာ လျှပ်စစ်မီးပေးနေတာတွေကို စတင်စိစစ်လာပါတယ်။ အခုအခါမှာတော့ မြ၀တီ၊ ရွှေကုက္ကိုနဲ့ KK Park နေရာတွေကို လျှပ်စစ်မီးဖြတ်တော့မယ်လို့လည်း အမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ထိုင်းကာကွယ်ရေးဒုဝန်ကြီးလည်းဖြစ်တဲ့ Mr. Phumtham Wechayachai (ပုန်ထန် ဝေ့ချရာချိုင်း) က ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ် ။

“မြန်မာပြည်က သက်ဆိုင်ရာကပို့လာတဲ့ သတင်းအချက်အလက်တွေကို သေချာစိစစ်တဲ့အခါမှာမြန်မာဘက်ကို ပို့နေတဲ့လျှပ်စစ်မီးတွေက မြ၀တီက ကျားဖြန့်ဂိုဏ်းတွေကနေ အကျိုးစီးပွားအတွက်သုံးနေတာကို တွေ့ ရပါတယ်။ ရွှေကုက္ကိုနဲ့ KK Park နေရာကအသုံးပြုနေတဲ့အတွက် အဲဒီနေရာတွေကိုမီးဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အစိုးရဝန်ကြီးဌာနတွေအနေနဲ့ အစည်းဝေးထိုင်စရာမလိုတော့ဘူး။ NSC အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ မီးဖြတ်ဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။”

Provincial Electricity Authority (PEA) ထိုင်းလျှပ်စစ်ဌာကနေ ၁၉၉၆ ခုနှစ်ကတည်းက အိမ်နီးချင်း နယ်စပ် ကျေးရွာတွေကို လျှပ်စစ်တင်ပို့ရောင်းချခွင့်ပြုဖို့ အမျိုးသားစွမ်းအင်မူဝါဒကော်မတီကို အစီရင်ခံစာတင် သွင်းခဲ့ပါတယ်။ ထိုင်းဘက်က လျှပ်စစ်မီးတင်ပို့ရောင်းချနေတဲ့နေရာတွေကတော့ ရှမ်းပြည်နယ် တာချီလိတ်၊ ကရင်ပြည်နယ် မြ၀တီ၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသတို့ဖြစ်ပြီး အဲဒီ ဒေသတွေက နေရာငါးခုမှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးကို သုံးနေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခုလို နယ်စပ်မြန်မာနိုင်ငံဘက်ကို လျှပ်စစ်မီးရောင်းချလို့ရတဲ့ဝင်ငွေဟာ တနှစ်ကို ဘတ်ငွေ သန်ပေါင်း ၈၀၀ ကျော်လောက် အကျိုးစီးပွားရနေတာဖြစ်ပါတယ်ရှင်။

ကျားဖြန့်ဂိုဏ်းတွေ လျှပ်စစ်မီး ဖြတ်တောက်ဖို့ ထိုင်းနိုင်ငံစီစဉ်
please wait

No media source currently available

0:00 0:01:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG