သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် ရွှေကုက္ကိုလ်မှာ ထိုင်းက အင်တာနက်ဖြတ်တောက်


ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)
ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)

ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်က လောင်းကစားမြို့တော်အဖြစ်နံမည်ကြီးတဲ့ ရွှေကုက္ကိုလ်ဒေသမှာ ဇွန်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံဖက်မှရောင်းချထားတဲ့ WIFI အင်တာနက် ဖြတ်တောက်ခဲ့တာကြောင့် ကာစီနို လောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းဆိုင်ဘာလိမ်လည်တဲ့ လုပ်ငန်းတချို့ရပ်နားထားရပြီ တပတ်အတွင်း အလုပ်သမား ၆၀ကျော် အလုပ်တွေပြုတ်သွားကြောင်းဒေသခံတွေကဆိုပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။


ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင်က လောင်းကစားမြို့တော်အဖြစ်နံမည်ကြီးတဲ့ ရွှေကုက္ကိုလ်ဒေသကို ထိုင်းဖက်က ဇွန်လ ၆ရက်နေ့ကစပြီး မီးတွေဖြတ်တောက်ခဲ့ပြီးနောက် ဇွန်လ ၂၀ရက်နေ့ကစပြီး WIFI အင်တာနက်တွေဖြတ်တောက်ခဲ့တာကြောင့် အင်တာနက်ကို အားထားပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရပ်နားလိုက်ရတာပါ။ ဒီအတွက်တပတ်အတွင်းအလုပ်သမား ၆၀ကျော်ကိုအလုပ်ကနေဖြုတ်လိုက်တယ်လို့နယ်စပ်ကဒေသခံတဦးကပြောပါတယ်။


"ထိုင်းဘက်ကယူထားတဲ့ WIFI တွေလစဉ်ယူထားတဲ့ဟာတွေလစာနဲ့အင်တာနက်လိုင်းတွေယူထားတာရှိတော့ အဲဒါတွေဖြတ်တောက်လိုက်တော့ ဟိုဖက်မှာ လုပ်ငန်းလုပ်ရတာတွေ ဆက်သွယ်မူတွေဘာမှ အဆင်မပြေတော့ဘူးဒီတော့အလုပ်သမားတွေအတော်များများအလုပ်ကနေထုတ်ခံရတယ်လူလေးငါးဆယ် ခြောက်ဆယ်လောက်ခုနှစ်ဆယ်ဝန်းကျင်လောက်ရှိတယ်ကာစီနိုတွေမှာ ဖဲချပ်ကစားတာတွေရှိတယ်၊ အွန်လိုင်းကနေ ဂိမ်းတွေကစားလုပ်ငန်းတွေရှိတယ်၊ အဲဒီလိမ်တဲ့လုပ်ငန်းတွေရပ်စဲသွားတာပေါ့"


ထိုင်း မြန်မာ နဲ့နိုင်ငံခြားသားတွေအလုပ်လုပ်နေတဲ့ တရုတ်ကာစီနိုရုံတွေမှာ အင်တာနက်ကို အသုံးပြုပြီး လိမ်လည်တဲ့လုပ်ငန်းတွေ ရာဇဝတ်မှု၊ လူကုန်ကူးမှု အတင်းအကြပ်စေခိုင်းမှု တွေနဲ့ပါ ရှိနေတာပါ ။ ဒီရက်အတွင်းမှာ အလုပ်လုပ်ဖို့အတွက် ၃လတကြိမ်ချုပ်ရတဲ့စာချုပ်တွေ ၆လတကြိမ်ချုပ်ရတဲ့စာချုပ်တွေ ချုပ်ထားရတဲ့ အတင်းအကြပ်စေခိုင်းခံရသူတချို့ကြွေးကြေလို့နေရပ်ပြန်ကြသူတွေလည်းရှိပါတယ်။

ဒီထဲမှာ အကြွေးကျေလို့နေရပ်ပြန်ရသူတွေ မီးဖြတ်တောက်ပြီးတဲ့နောက် လာရောက်လောင်းကစားသူတွေ နည်းတဲ့အတွက်လည်း ဝန်ထမ်းလျော့တာတွေ အရင်က ဘတ်ငွေ တသိန်းနဲ့ရွေးမှ နေရပ်ပြန်ရမယ့်သူတွေကို ဘတ်ငွေ ၃သောင်းနဲ့ပဲ ဈေးလျော့ပြီး ရွေးခိုင်းတာတွေကြောင့်လည်း နေရပ်ပြန်သူတွေရော အလုပ်ပြုတ်သူ တွေပါ ဒီကာလမှာ များလာတာလို့ဆိုပါတယ်။

ထိုင်းကမီးဖြတ်တောက်ပြီးတဲ့နောက်ဆိုလာပြားတွေ မီးစက်တွေနဲ့ လည်ပတ်တာတွေ ရှိသလို့အခု လိုင်း အင်တာနက်တွေဖြတ်ရင်ဖုန်းအင်တာနက်ဆင်းကဒ်တွေသုံးပြီးလုပ်နိုင်တယ်လို့လည်းဆက်ပြောပြပါတယ်။


"မီးဖြတ်တုန်းကမီးစက်တွေလုပ်တယ် အခုလည်းအင်တာနက်လိုင်းတွေဖြတ်တယ်ဆိုပေမယ့် အင်တာနက် ရတဲ့ဆင်းကဒ်တွေလုပ်လို့ရတယ် မီးဖြတ်တုန်းက မီးစက်တွေ ဆိုလာပြားတွေနဲ့ဖွင့်တယ် အခုလည်း အင်တာနက်ဆင်းကဒ်တွေရောင်းကောင်းအုန်းမှာပေါ့"


နိုင်ငံပေါင်း ၃၀ကျော်က နိုင်ငံခြားသားတွေ လူကုန်ကူးခံရတာတွေအတင်းအကြပ်စေခိုင်းခံနေရတာတွေ ရာဇဝတ်မှုလုပ်ငန်းတွေလုပ်နေတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့ ထိုင်းဖက်ကတော့ မီးဖြတ်တောက်တာ အင်တာနက်ဖြတ်တောက်တာတွေကို ဇွန်လထဲမှာပြုလုပ်လာခဲ့တာပါ။

အဲဒီ ဒေသနဲ့အနီးတဝိုက် ထိုင်းဘက်ခြမ်းမှာလည်း အဖမ်းအဆီးတွေဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက် ပိုင်းမှာတော့ အဲဒီ ရွှေကုက္ကိုလ် ဒေသဖက်သွားရောက်အလုပ်လုပ်ကိုင်မယ့် ဗီယက်နမ်နိုင်ငံသားတွေကို မဲဆောက်မှာဖမ်းဆီးလိုက်ပြီး လုံခြုံရေးကိုတင်းကြပ်ထားပါတယ်။

ဒါ့အပြင် မေလနဲ့ ဇွန်လအတွင်းမှာပဲအဲဒီ ရွှေကုက္ကိုလ် ဒေသဘက်မှာရောင်စားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား တွေကို လည်း မဲဆောက်-ဘန်ကောက်ကနေတဆင့် နေရပ်ပြန်ပို့တာတွေလည်းလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG