သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ ပိတ်မိနေသူတွေကို အင်ဒိုနီးရှား ကယ်ဆယ်မည်


Shwe Kokko City - Chinatown in Myawaddy, Kayin State. Photo credit: RFA
Shwe Kokko City - Chinatown in Myawaddy, Kayin State. Photo credit: RFA

မြန်မာနိုင်ငံ အရှေ့ခြမ်း နယ်စပ်ဒေသတွေ အင်တာနက်ကနေ ငွေကြေးလိမ်လည်တဲ့ Cyber ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ အင်ဒီုနီးရှားနိုင်ငံသား ၂၀ ကို ကယ်တင်ဖို့ လုပ်ဆောင်နေတဲ့အကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတတယ်။
မြဝတီမြို့အနီး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာနေရာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ရာနေရာမှာ လူကုန်ကူး အခိုင်းခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ပိတ်မိနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးဖြစ်တဲ့ Judha Nugraha က ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံ နယ်ခြားဒေသ၊ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းပိုင်း မြဝတီမြို့အနီး ရွှေကုက္ကိုလ် မြို့သစ်မှာ အာရှနိုင်ငံတွေက အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ဆိုက်ဘာရာဇဝတ်မှုတွေ အတင်းအကျပ် ခိုင်းစေနေတဲ့အကြောင်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အာရှနိုင်ငံသားတွေ အများအပြား သက်ဆိုင်ရာ နိုင်ငံတွေက ကယ်တင်ခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ နယ်ခြားဒေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ထိန်းချုပ်တဲ့နေရာတွေက ရာဇဝတ်ဂိုဏ်းတွေကို အများက အာရုံစိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang ရဲ့ ခရီးစဉ်အတွင်းမှာလည်း တရုတ်နိုင်ငံသားတွေကို နယ်စပ်က ဆိုက်ဘာ ရာဇဝတ်မှုတွေမှာ အတင်းအကြပ် ခေါ်ယူခိုင်းစေနေတာတွေ ပူးပေါင်း နှိမ်နှင်းဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG