သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းဖို့ တရုတ်တိုက်တွန်း


နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Qin Gang အား လက်ခံတွေ့ဆုံစဥ်။ (တပ်မတော်သတင်းမှန်ပြန်ကြားရေး မေ - ၂၊ ၂၀၂၃)

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အင်တာနက်ကနေ ငွေကြေးလိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang က သူရဲ့ ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တဲ့အကြောင်း မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာနယ်စပ်ဒေသတွေဟာ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးနဲ့ အင်တာနက်ကနေ ငွေကြေး လိမ်ညာတဲ့ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးတဲ့နေရာဖြစ်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang က ပြီးခဲ့တဲ့ သုံးရက် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ရာဇဝတ်ဂိုဏ်းတွေကြား ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို အချိန်မီ ကယ်တင်ဖို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေး တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ကတိပေးခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံ နယ်ခြားဒေသ၊ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံအတွင်းပိုင်း မြဝတီမြို့အနီး ရွှေကုက္ကိုလ် မြို့သစ်မှာ အာရှနိုင်ငံတွေက အလုပ်သမားတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ဆိုက်ဘာရာဇဝတ်မှုတွေ အတင်းအကျပ် ခိုင်းစေနေတဲ့အကြောင်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အာရှနိုင်ငံသားတွေ အများအပြား သက်ဆိုင်ရာ နိုင်ငံတွေက ကယ်တင်ခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ နယ်ခြားဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ ထိန်းချုပ်တဲ့နေရာတွေက ရာဇဝတ်ဂိုဏ်းတွေကို အများက အာရုံစိုက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG