သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်ဂိုဏ်း ကြိုးကိုင်သူအဖြစ် သံသယရှိသူ ၂ ဦး ထိုင်းရဲဖမ်းမိ


ဘန်ကောက်မြို့ Chatuchak မှာ လိမ်လည်မှု လုပ်ငန်း သံသယရှိသူနှစ်ဦးထဲက တဦးကို ရဲက ဖမ်းဆီးခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ။ ဓာတ်ပုံ - ထိုင်း တော်ဝင်ရဲတပ်ဖွဲ့
ဘန်ကောက်မြို့ Chatuchak မှာ လိမ်လည်မှု လုပ်ငန်း သံသယရှိသူနှစ်ဦးထဲက တဦးကို ရဲက ဖမ်းဆီးခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံ။ ဓာတ်ပုံ - ထိုင်း တော်ဝင်ရဲတပ်ဖွဲ့

ထိုင်းမြန်မာနယ်စပ် မြဝတီ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ညွန်ကြားခိုင်းစေနေတယ်လို့ သံသယရှိတဲ့  တရုတ်နိုင်ငံသား နှစ်ဦး နေထိုင် နေတဲ့ ဘန်ကောက်မြို့က နေအိမ်ကို  ထိုင်း မှုခင်းရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်က ဝင်ရောက်စီးနင်းခဲ့ကာ ဖမ်းဆီးခဲ့တယ်လို့  ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်း တွေကို ညွန်ကြား နေတယ်ဆိုတဲ့သံသယနဲ့ အသက် ၂၉နှစ်အရွယ် တရုပ်နိုင်ငံသား ရီဝမ်ယု (Mr. Ye Wanyou) နဲ့ အသက် ၃၀ အရွယ် လီဝေကြည် (Mr. Li Weijie) တို့ကို ထိုင်းကွန်မန်ဒိုအထူးတပ်တွေက ရှောင်တခင်ဖမ်းဆီးလိုက်ပါတယ်။

ကျားဖြန့်လိမ်လည် ဂိုဏ်းဝင်တွေကို ဘန်ကောက်ကနေ အမိန့်ပေးနေတယ်ဆိုတာကို ရဲတပ်ဖွဲ့က ထောက်လှမ်း သိရှိပြီးတဲ့နောက် သူတိုနေထိုင်နေတဲ့ နေရာတွေကို နောက်ယောင်ခံ စောင့်ကြည့် နေပြီ အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ လို့ ရဲမှူး စရမ် ဘွန်ဆမ် (Siam Boonsom) က ပြောပါတယ်။

ရဲတပ်ဖွဲ့က သူတို့ ပိုင်ဆိုင်တဲ့ ၁၁သန်းတန် ကားတစီးကိုလည်း သိမ်းဆည်းခဲ့သလို ပစ္စည်း ဘတ်ငွေ ၁၅ သန်း ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ သူတို့နဲ့ ဆက်နွယ်နေသူတွေကိုလည်း ဆက်လက်ဖမ်းဆီးနေတယ်လို့ ဘန်ကောက်က ရဲတပ်ဖွဲ့ကပြောပါတယ်။

တရုတ်နိုင်ငံသား နှစ်ဦးဆီကနေ Call center လို့ခေါ်တဲ့ လိမ်လည်တဲ့လုပ်ငန်းအများအပြားနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ အချက်အလက်အများအပြားကို သူတို့ဖုန်းတွေထဲမှာတွေ့ရှိခဲ့ပြီး စမတ်ဖုန်း ၅ လုံးကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။ Call center လိမ်လည်တဲ့ဖုန်းတွေကြောင့် လိမ်လည်ခံရသူတွေက ရဲတပ်ဖဲွကို တိုင်းကြားထားတဲ့အမူများစွာရှိပြီး သူတို့ နောက်ကို ရဲက နောက်ယောင်ခံလိုက်နေတာဖြစ်ပါတယ်။ ဖမ်းမိတဲ့ တရုတ်နိုင်ငံသာ Yi နဲ့ Li ဟာ လိမ်လည်ဂိုဏ်းတွေကို အဝေးထိန်းစနစ်နဲ့ ထိမ်းချုပ်တာတွေလုပ်ခဲ့ပြီး နိုင်ငံတကာက လိမ်လည်ဂိုဏ်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

တရုတ်သရုပ်ဆောင်ဝမ်ရှင်းကို ကျားဖြန့်လိမ်လည်ဂိုဏ်းတွေက ဖမ်းဆီးအပြီးမှာ နိုင်ငံတကာက ထိုင်းနိုင်ငံအနေနဲ့ လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့နဲ့ မြန်မာပြည်ဘက်က လိမ်လည်ဂိုဏ်းတွေထံရောက်ရှိနေတဲ့ ထောင်ဂဏန်းရှိတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ပေးဖို့အကူညီတောင်းခံမူတွေရှိလာပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံအနေနဲ့ ကျားဖြန့်လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းရေးအတွက် အပူတပြင်း လုပ်ဆောင်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG