သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အမြစ်ဖြတ်ဖို့ တရုတ်ပူးပေါင်းဆောင်ရွက်နေ


တရုတ်နိုင်ငံ ပေကျင်းမြို့တော် တရုတ်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian (အောက်တိုဘာ ၂၁၊ ၂၀၂၄)
တရုတ်နိုင်ငံ ပေကျင်းမြို့တော် တရုတ်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian (အောက်တိုဘာ ၂၁၊ ၂၀၂၄)

ထိုင်း-မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလုပ်နေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဒေသတွင်းမှာ အမြစ်ပြတ်သွားအောင်ရှင်းနိုင်ဖို့ တရုတ်က သက်ဆိုင်တဲ့နိုင်ငံတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်

တရုတ်နိုင်ငံခြားရေးဌာနမှာ သောကြာနေ့ကလုပ်တဲ့ ပုံမှန်သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian ကပြောကြားခဲ့တာပါ။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေတာတွေ ကို အမြစ်ပြတ်ရှင်းနိုင်အောင် ပြဿနာဇစ်မြစ်ကို ဘက်စုံကနေ ဖော်ထုတ်အရေးယူနိုင်ဖို့ မြန်မာ၊ ထိုင်းနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်က တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောသွားတာပါ။

သက်ဆိုင်တဲ့ နိုင်ငံတွေနဲ့ တနိုင်ငံချင်းစီရောနိုင်ငံစုံပါ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် လတ်တလောဆက်တိုက်ဖြစ်နေတဲ့ အွန်လိုင်း လောင်းကစားမှုတွေ၊ ငွေလိမ်မှုတွေဟာ တရုတ်၊ ထိုင်း၊ မြန်မာစတဲ့ နိုင်ငံတွေက ပြည်သူတွေရဲ့ လုံခြုံမှုသာမက ဒေသတွင်း နိုင်ငံတွေရဲ့ ပုံမှန် ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေတယ်လို့ တရုတ်သမ္မတ Xi Jinping အပါအဝင် တရုတ်ခေါင်းဆောင်တွေနဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့ သီးခြားစီ တွေ့ဆုံအပြီး တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ တရုတ်နဲ့ထိုင်း တိုးပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း တရုတ်သမ္မတ Xi နဲ့ ထိုင်းဝန်ကြီးချုပ် Paetongtarn တို့ ကတိပြုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG