သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားအမည်သုံး ဘဏ်စာအုပ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ထိုင်းရဲဖမ်းမိ


 နိုင်ငံခြားသား အမည်သုံး ဘဏ်စာအုပ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ထိုင်းရဲဖမ်းမိ (Photo: Thai Police)
နိုင်ငံခြားသား အမည်သုံး ဘဏ်စာအုပ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ထိုင်းရဲဖမ်းမိ (Photo: Thai Police)

ထိုင်းနိုင်ငံမှာ မြန်မာတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဘဏ်စာရင်းတွေဖွင့်ခိုင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကအသုံးပြုနေတာကို ထိုင်းရဲတပ်ဖွဲ့ဖေါ်ထုတ်ဖမ်းဆီးမိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတခုကနေ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုရယူပြီး၊ ဘဏ်တွေကနေတဆင့်ငွေအလွှဲအပြောင်းတွေလုပ်နေတာကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုက်ဘာ ရာဇာဝတ်မှုနှိပ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဇူလိုင်လ ၁၂ ရက်နေ့တုန်းကထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို တရားဝင်အလုပ်အကိုင်ရှာဖွေပေးတဲ့ ကုမ္ပဏီတခုကနေ အလုပ်သမားတွေကို လိမ်လည်ပြီးဘဏ်စာရင်းတွေဖွင့်ခိုင်းခဲ့ပါတယ်၊ ဒီဘဏ်စာရင်းတွေကို ငွေလိမ်ဂိုဏ်းတွေထံပြန်လည် ရောင်းချခဲ့ တာဖြစ်ပါတယ်။

အခုလိုအသုံးပြုနေတဲ့ ဘဏ်စာရင်း ၁၀၀ ကျော်ကိုဖေါ်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ဆိုက်ဗာရာ ဇဝတ်မှုနိမ်နင်းရေးတပ်ဖွဲ့ တာဝန်ရှိသူ ဒုရဲ့ချုပ် ဝူရာဝပ် ဝပ်တနာကွန်ဘန်ချာ ( Worawat Wattanakonhancha) က သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားသားအလုပ်သမား ၅၀ ကျော်ရဲ့ ဘဏ်စာရင်းတွေမှာ ဘတ်ငွေ သန်း ၃ ထောင်ကျော်လောက် လှည့်ပတ်သုံးစွဲ နေတဲ့အတွက်ဖေါ်ထုတ်အရေးယူခဲ့တာပါ။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က နိုင်ငံခြားလုပ်သားများကယ်ဆယ်ရေးစီမံချက် Save Foreign Workers operation ကို ထိုင်းဆိုက်ဗာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ကပြုလုပ်ပြီး အခုလိုဖေါ်ထုတ်ဖမ်းဆီးခဲ့တာပါ။ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများက ဒီဘဏ်စာရင်းတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

ထိုင်းရဲ့တပ်ဖွဲ့က ပထုန်ဌာနီ၊ အာယုဒ္ဒယ၊ နွန်ဘူရီ၊ နခွန်ပထုံ စတဲ့မြို့တွေက နေရာ ၈ ခုကိုဝင်ရောက်စီးနင်းခဲ့ပြီး၊ အဓိကတာဝန်ရှိသူလို့ယူဆရသူ ၂ ဦကိုဖမ်းမိခဲ့ပါတယ်။ နောက်တဦးကတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။

အခုအခါထိုင်းဘဏ်စာရင်းတွေနဲ့ ATM ငွေစက်တွေမှာ အသွင်းအထုတ်များတဲ့ ဘဏ်စာရင်းတွေကိုစောင့်ကြည့်စစ် ဆေးတာတွေလုပ်နေပါတယ်။

ထိုင်းနယ်စပ် မြန်မာနိုင်ငံရွှေကုက္ကိုယ်ဒေသမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းငွေလိမ်မှု တွေပြီးခဲ့တဲ့လပိုင်းတွေကဖေါ်ထုတ်ရေးယူခဲ့ပြီးနောက်၊ ထိုင်းနိုင်ငံအတွင်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းအရေးယူနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်မှုတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ထိုင်းလွှတ်တော်မှာလွှတ်တော်အမတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

Forum

XS
SM
MD
LG