သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၂၆၈ ဦး တရုတ်ကို လာအို ပြန်ပို့


တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)
တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)

နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုမှာ ပါ၀င်နေတယ်လို့ သံသယရှိသူ စုစုပေါင်း ၂၆၈ ဦးကို လာအိုက တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း တရုတ် လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီသံသယရှိသူတွေထဲမှာ ရာဇ၀တ်မှုလုပ်ငန်းတွေမှာ အဓိက ငွေကြေးရင်းနှီးမြှုပ်နှံထားသူ ၈ ဦး၊ နောက်ပြီး တရုတ်နိုင်ငံအနှံ့အပြားမှာ သက်ဆိုင်ရာအမှုပေါင်း ၁,၆၀၀ နီးပါးလောက် စွဲချက်တင်ခံထားရတဲ့ ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်တွေနဲ့ နောက်လိုက်အပေါင်းပါ ၅၄ ဦး တို့ပါ၀င်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါဟာ တရုတ်နဲ့ လာအို နှစ်နိုင်ငံ ရဲတပ်ဖွဲ့ ကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါတဲ့ အောင်မြင်မှုရလာဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ လာအိုနိုင်ငံအခြေပြုနေတဲ့ အွန်လိုင်းလိမ်လည်တဲ့ ဆိုက်ဘာ ရာဇ၀တ်ဂိုဏ်းတွေ ဖြိုခွဲဖို့ မှုခင်းနှိမ်နင်းမှု အလုပ်အဖွဲ့ကို တရုတ်က ဇန်န၀ါရီလမှာ စေလွှတ်ခဲ့တာပါ။ နှစ်နိုင်ငံ ပူးပေါင်းတပ်ဖွဲ့ တွေဟာ မှုခင်းနယ်မြေအများအပြားကို ဝင်ရောက်စီးနင်းဖမ်းဆီးနှိမ်နင်းခဲ့ပြီး မိုဘိုင်းလ်ဖုန်းတွေနဲ့ ကွန်ပျူတာ ပေါင်း၂,၄၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ လာအိုလုံခြုံရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်း၊ မြန်မာနဲ့ လာအိုသုံးနိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ "ရွှေတြိဂံ" ဒေသမှာ အလုပ်အကိုင် လိမ်လည်မှုတွေ တိုးလာနေတာကို သတိထားကြဖို့ တောင်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဌာနကလည်း ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာကြေညာချက် ထုတ်ပြန်ထားပါတယ်။ အမြတ်အစွန်းအများအပြားရမယ်ဆိုပြီးလူတွေကို ဆွဲဆောင် ပြန်ပေးဆွဲ အဓမ္မ အလုပ်စေခိုင်းတာတွေ တိုးမြင့်လာတဲ့အတွက် အဲဒီဒေသကို အထူးသတိထားဖို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG