သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ အွန်လိုင်းရာဇဝတ်မှု ပူးပေါင်းနှိမ်နင်း၊ ၂၇၀ နီးပါးဖမ်းဆီး


မြန်မာနဲ့ ယူနန်ပြည်နယ် Xishuangbanna ဒေသ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုတွေမှာ သံသယရှိသူ ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး
မြန်မာနဲ့ ယူနန်ပြည်နယ် Xishuangbanna ဒေသ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်မှုတွေမှာ သံသယရှိသူ ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်တာကို South China Morning Post မှာဖော်ပြထားပါတယ်။

ဒါဟာ တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကြား အကြီးမားဆုံး ပူးတွဲဖြိုခွင်းမှုတခုလည်း ဖြစ်ပါတယ်။ စစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု အခြေစိုက်စခန်း ၁၁ ခုကို ဖြိုခွင်းခဲ့ပြီး၊ အဆိုပါ လိမ်လည်မှုနဲ့ သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ အဲ့ဒီထဲမှာ တရုတ်နိုင်ငံသား ၁၈၆ ဦး ပါဝင်တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ယွမ်သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၆.၅ သန်း) လိမ်လည်ခဲ့မှုမှာ အဓိကကျသူ ၂၁ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနဲ့ ယူနန်ပြည်နယ် Xishuangbanna ဒေသ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တနင်္ဂနွေနေ့မှာ စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာလို့လည်း သတင်းက ဖော်ပြပါတယ်။

စီးနင်းရှာဖွေမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ပြောကြားခြင်း မရှိသလို၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကလည်း တရားဝင်ဖြေကြားထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဓာတ်ပုံတွေထဲမှာတော့ သံသယရှိသူတွေကို တရုတ်ရဲအရာရှိတွေက ဘတ်စ်ကားပေါ်မှာတင်ပြီး ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း လိမ်လည်မှုတွေကို နှိမ်နင်းဖို့အတွက် တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လမှာပဲ မြန်မာ၊ ထိုင်း၊ လာအိုတို့နဲ့ ပူးပေါင်းပြီး နှိမ်နင်းဖို့ ကတိပြုခဲ့သလို၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာလည်း ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံလေးနိုင်ငံမှ ညှိနှိုင်းရေးစင်တာတခု ထူထောင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG