သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနဲ့ ဖမ်းဆီးထားသူ ၂ ဦး တရုတ်ထံ မြန်မာလွှဲပြောင်း


အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ တရုတ်နိုင်ငံသား (၂)ဦးကို ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တရုတ်တာဝန်ရှိသူတွေထံ လွှဲပြောင်းနေစဉ်
အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ တရုတ်နိုင်ငံသား (၂)ဦးကို ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တရုတ်တာဝန်ရှိသူတွေထံ လွှဲပြောင်းနေစဉ်

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီးတော့ အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတဲ့သူ ၂ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်တယ်လို့ မြန်မာအစိုးရပိုင်မီဒီယာက ဒီနေ့ထုတ်ပြန်ပါတယ်။

အဲဒီသံသယရှိတဲ့သူ ၂ ယောက်ကို ဗုဒ္ဓဟူးနေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တရုတ်အာဏာပိုင်တွေလက်ထဲကို လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်း (The Global New Light of Myanmar) သတင်းစာက ထုတ်ပြန်ပါတယ်။ အဲဒီထဲက တယောက်ကကတော့ တယ်လီဖုန်းကနေတဆင့်လိမ်လည်နေတဲ့ကိစ္စတွေမှာ အရေးပါတဲ့သူတဦးဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အင်တာနက်အွန်လိုင်းကနေ လိမ်လည်နေကြတဲ့ မြန်မာနယ်စပ်တလျှောက်ကရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်နိုင်ငံဘက်က မြန်မာစစ်ကောင်စီကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောကြားခဲ့ပြီးတဲ့နောက် အခုနောက်ထပ် ထပ်မံဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အင်တာနက်အွန်လိုင်းကနေ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့သူလို့ သံသယရှိရတဲ့သူ ၆ ယောက်ကို မြန်မာနိုင်ငံက တရုတ်အစိုးရတာဝန်ရှိသူတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာအစိုးရသတင်းစာက ဖော်ပြပါတယ်။


မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်တွေမှာ အင်တာနက်အွန်လိုင်းကနေ လှုပ်ရှားနေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်အပါအဝင် တခြားနိုင်ငံကလူတွေကို လစာကောင်းကောင်းရတဲ့အလုပ်တွေပေးမယ်ဆိုပြီး အင်တာနက်အွန်လိုင်းတွေနဲ့ တယ်လီဖုန်းစင်တာတွေမှာ အတင်းအဓမ္မအလုပ်ခိုင်းခဲ့ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG