သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက ဆိုင်ဘာရာဇဝတ်ဂိုဏ်း တရုတ် မြန်မာ လာအို ထိုင်း ၄ နိုင်ငံပူးတွဲချေမှုန်းမည်


cyber crime
cyber crime

မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကိုချေမှုန်းဖို့ တရုတ်က ထိုင်း၊လာအိုတို့နဲ့ အလုပ်အတူလုပ်မယ်လို့ ပြောလိုက်တယ်လို့ SOUTH CHINA MORNING POST သတင်းစာက ဆိုပါတယ်။

ထိုင်းနဲ့လာအိုသံအမတ်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai က အင်္ဂါနေ့က ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်တာပါ။ အလိမ်ခံရသူတွေကို ရှာဖွေကယ်တင်ပြီး လောင်းကစားဂိုဏ်းတွေကို ချေမှုန်းရာမှာ အထောက်အကူပြုဖို့ မြန်မာစစ်ကောင်စီနဲ့ ကြိုးစားပေါင်းစပ်ညှိနှိုင်းမယ်လို့ ကြေညာချက်က ပြောထားပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်း၊ လာအိုတို့ကတာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် အခုလိုကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီအစည်းအဝေးက ဆိုင်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်း ယန္တယားတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဆိုင်ဘာ ရာဇဝတ်မှုဂိုဏ်းတွေကို စုံစမ်း ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံ ၄ နိုင်ငံ က ပေါင်းစပ်ညှိနှိုင်းရေးဌာနတခုကို ချင်းမိုင်မှာ ဖွင့်လှစ်မှာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆိုင်ဘာရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ပတ်သက်လို့ လူမှုမီဒီယာတွေပေါ်မှာ တရုတ်ပရိသတ်က စိတ်ဝင်စားလာကြတာကလည်း တရုတ်အစိုးရအပေါ်မှာ ဖိအားလိုဖြစ်ခဲ့ပါတယ်လို့ South China Morning Post က ဆိုပါတယ်။

ဒီ အခြေအနေမှာ သြဂုတ်လ ၈ ရက်နေ့က စပြီးရုံတင်လာခဲ့တဲ့ No More Bets ရာဇဝတ်မှုခင်းရုပ်ရှင်က ဗုဒ္ဓဟူးနေ့အထိ ယွမ် ၃ ဘီလီယံ ရရှိ‌ပြီးဖြစ်အောင် လူတွေစိတ်ဝင်စားခဲ့ကြပါတယ်။ ဒီ ရုပ်ရှင်က အရှေ့တောင်အာရှနိုင်ငံတနိုင်ငံက ဆိုင်ဘာ ရာဇဝတ်မှုဂိုဏ်းမှာ တရုတ်လူငယ်လေးတယောက် အလိမ်အညာခံရတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG