သုံးရလွယ်ကူစေသည့် Link များ

ဆိုက်ဘာလုံခြုံရေး အာဆီယံ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်

  • ဗွီအိုအေ (မြန်မာဌာန)

အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေဟာ တိုးမြင့်လာနေတဲ့ ကွန်ပြူတာ ဆိုက်ဘာတိုက်ခိုက်မှု တွေနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒေသတွင်း နိုင်ငံတွေကြား ဆိုင်ဘာ တိုက်ခိုက်မှု ခြေမှုန်းရေးမှာ တဆင့်တိုးပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။ ဆိုက်ဘာ တိုက်ခိုက်မှုတွေကြောင့် စီးပွါးရေးထိခိုက် နေကြချိန်မှာပဲ အခုလို ဆိုင်ဘာ တိုက်ခိုက်မှုတွေ ထိုးဖေါက် ဝင်ရောက်မှုတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီအန္တရာယ်ကို ကျော်လွှားနိုင်ရေး အတွက် အမြန်ပြောင်းလဲနေတဲ့ နည်းပညာနယ်ပယ် နဲ့ အတူ အမှီလိုက်ဖို့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ ဒေသတွင်း စီးပွါးရေး လုပ်ငန်းတွေနဲ့ အစိုးရတွေက ပြောပါတယ်။

စင်္ကာပူဟာ ဆိုက်ဘာမှုခင်းတွေ ရပ်ဆိုင်းအောင် ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီချက်ကို ဇွန်လထဲမှာ Australia နိုင်ငံနဲ့ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပြီး Australia နိုင်ငံ က ထိုင်းနဲ့ တရုတ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လက်မှတ် ရေးထိုးခဲ့ပါတယ်။

စင်္ကာပူနိုင်ငံဟာ သူ့နိုင်ငံရဲ့ နည်းပညာ တိုးတက်မှု နဲ့ ဒေသတွင်း အာဆီယံ နိုင်ငံတွေကြား ဆိုက်ဘာလုံခြုံရေး တိုးမြှင့်ဖို့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG