သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအဝှမ်း Cyber Attack တိုက်ခိုက်မှုကြီး တရားခံမတွေ့သေး


 Cyber Attack တိုက်ခိုက်မှု
Cyber Attack တိုက်ခိုက်မှု

ကွန်ပျူတာဖိုင်တွေကို ငွေပေး မရွေးရင် ဖွင့်မပေးတဲ့ Malware နဲ့ တိုက်ခိုက်တဲ့ ကမ္ဘာတလွှား အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုမှာ နိုင်ငံပေါင်း ၁၅၀ က အဖွဲ့အစည်းပေါင်း အနည်းဆုံး ၁သိန်းလောက်တို့ ထိခိုက်မှု ရှိနေပြီလို့ ဥရောပ ရဲတပ်ဖွဲ့ Europol က ပြောဆိုပါတယ်။

အထူးသဖြင့် နိုင်ငံ အများအပြားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေမှာ ထိခိုက်မှု ရှိနေတယ်လို့ Europol ညွှန်ကြားရေးမှူး Rob Wainwright က ဗြိတိန် ရုပ်သံ ITV ကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီ အကြံအစည်ကို ဘယ်သူလုပ်သလဲဆိုတာကိုလည်း အခုအချိန်ထိ မသိရသေးပါဘူး။

အင်တာနက် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကတော့ ဒီငွေညှစ်တဲ့ အင်တာနက် ဆိုက်ဘာ တိုက်ခိုက်မှုက တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရုရှားကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ပြောဆိုကြပါတယ်။ "Wanna Cry" လို့ခေါ်တဲ့ Malware ကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ အထဲမှာ ရုရှား ဆိုက်ဘာ လုံခြုံရေး လုပ်ငန်းကြီး ဖြစ်တဲ့ Kaspersky Labs လည်း ပါဝင်ပါတယ်။

The Shadow Brokers လို့ သိကြတဲ့ အင်တာနက် ဆိုက်ဘာ ဖောက်ထွင်းသူ ဟက်ကာ အုပ်စုက အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီထံက ပြီးခဲ့တဲ့ ဧပြီလက ခိုးယူခဲ့တယ်လို့ အများအပြားက ယုံကြည်ထားကြပြီး ငွေကြေး အကျိုးအမြတ် အတွက် ကမ္ဘာတလွှားက အချက်အလက် ဒေတာတွေကို ထိန်းချုပ်ပြီး ငွေပေး ပြန်ရွေးခိုင်းနေတာ ဖြစ်ပါတယ်။ လုံခြုံရေး အတွက် ကွန်ပျူတာ စနစ်တွေကို Update လုပ်ကြဖို့ ကွန်ပျူတာ ကျွမ်းကျင်သူတို့က တိုက်တွန်းထားပါတယ်။

ငွေပေး ပြန်ရွေးမှ ကွန်ပျူတာ အချက်အလက်ဖိုင်တွေကို ပြန်ဖွင့်ပေးတဲ့ Ransomware နဲ့ တိုက်ခိုက်ခံရသူတွေ အနေနဲ့ တောင်းတဲ့ငွေကို မပေးကြဖို့ကိုလည်း ကွန်ပျူတာ ကျွမ်းကျင်သူတို့က အကြံပြုထားပါတယ်။ ပြန်ရွေးငွေ အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ ၃၀၀ နဲ့ ညီမျှတဲ့ ဒီဂျစ်တယ် ငွေကြေး Bitcoin နဲ့ ပေးရမှာပါ။ ငွေရောက်တဲ့ နေရာကိုတော့ စာလုံးတွေ၊ ဂဏန်းတွေ အများအပြားနဲ့သာ ဖော်ပြတာမို့ ခြေရာခံဖို့ကလည်း မဖြစ်နိုင်သလောက် ရှိပါတယ်။

“WannaCry ” ငိုချင်လို့လားလို့ နာမည်ပေးထားတဲ့ ငွေညှစ်တဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်ကို တီထွင်သူတွေကတော့ ဒီဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ခံရသူတွေ အနေနဲ့ တိုက်ခိုက်ခံရပြီး သုံးရက် အတွင်း တောင်းထားတဲ့ ငွေကို ပေးဖို့ ပျက်ကွက်မယ်ဆိုရင်တော့ ၂ ဆပေးပြီး ရွေးရမယ်လို့ ပြောထားတာပါ။ ဒီဗိုင်းရပ်စ်နဲ့ ကွန်ပျူတာ ဆိုက်ဘာတိုက်ခိုက်ခံရသူ အများစုကတော့ မနက်ဖြန် တနလာၤနေ့မှာ သုံးရက် ပြည့်ကြမှာ ဖြစ်ပါတယ်။ ၇ ရက် အတွင်း အချက်အလက်ဖိုင်တွေကို ပြန်ပြီး မရွေးဘူးဆိုရင်တော့ ဒီဖိုင်တွေကို ဖျက်ပစ်မယ်လို့လည်း ကွန်ပျူတာ ဆိုက်ဘာ ဖောက်ထွင်းသူ ဟက်ကာတွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG