သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ ၇၄ နိုင်ငံမှာ ဆိုက်ဘာ တိုက်ခိုက်ခံရ


ransomware လို့ခေါ်တဲ့ ဒီကွန်ပျူတာဗိုင်းရပ်စ်အတိုက်ခိုက်ခံလိုက်ရတဲ့ကွန်ပျူတာ။
ransomware လို့ခေါ်တဲ့ ဒီကွန်ပျူတာဗိုင်းရပ်စ်အတိုက်ခိုက်ခံလိုက်ရတဲ့ကွန်ပျူတာ။

ကမ္ဘာတဝှမ်းက ကုမ္ပဏီတွေ နဲ့ အဖွဲ့အစည်းတွေ အများအပြား ransomwareလို့ခေါ်တဲ့ကွန်ပျူတာဆိုက်ဘာ တိုက်ခိုက်မှုကြီးခံခဲ့ရတာကြောင့် တကမ္ဘာလုံးမှာ ဂယက်ရိုက်ခတ်သွားခဲ့ပြီး၊ လုပ်ငန်းတွေအတော်များများလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံ ၇၄ နိုင်ငံမှာ ကွန်ပျူတာဆိုက်ဘာတိုက်ခိုက်မှုပေါင်း ၄ သောင်းခွဲ လောက်ဖြစ်ပွားခဲ့တာပါ။

ransomware လို့ခေါ်တဲ့ ဒီကွန်ပျူတာဗိုင်းရပ်စ်ဟာ ကွန်ပျူတာမှာ အသုံးပြုတဲ့ System တွေ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး ၊ ဖိုင်တွေကို ဖျောက်ထားလိုက်တာဖြစ်ပါတယ်။ အဲဒီဖိုင်တွေကို ပြန်လိုချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးမှာ သူတို့က အဲဒီဖိုင်တွေကို ပြန်ပေးတာဖြစ်ပါတယ်။

အရေးကြီးတဲ့လုပ်ငန်းတွေကို လုပ်နေပြီး အချက်အလက်တွေမရှိဘဲ အကြားကြီးမနေနိုင်တဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထာ တိုက်ခိုက်နေတာဖြစ်တယ်လို့ Red Lock အမှုဆောင်အရာရှိချုပ် Varun Badhwar က ပြောပါတယ်။ ဥပမာအားဖြင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အောက်မှာရှိတဲ့ ဆေးရုံအများစုဟာ လုံးဝရပ်ပြီး၊ အချက်အလက်တွေ ပျောက်သွားတာကြောင့် ဗြိတိန်နိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထဲက အတော်များများ ရပ်သွားတာကို တွေ့လိုက်ရကြောင်း၊ အဲဒီအတွက် သူတို့ဟာ လူနာတွေကိုလည်း ပြန်လွှတ်နေရတယ်လို့ ပြောပါတယ်။

ဒီကွန်ပျူတာ ဆိုက်ဘာတိုက်ခိုက်မှုဟာ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ ဒီတိုက်ခိုက်မှုကြောင့် ဗြိတိန်နိုင်ငံမှာရှိတဲ့ ဆေးရုံတွေအတော်များများမှာလည်း ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG