မြန်မာနိုင်ငံနယ်စပ်က က ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဟာ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ တရုတ်ရဲ့နည်းဗျူဟာ မအောင်မြင်တာကို ပြသနေတယ်လို့ စောင့်ကြည့်သုတေသီတဦးက သုံးသပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံဟာ ကြီးကြီးမားမား ပေးဆပ်နေရတယ်၊ စစ်ကောင်စီဟာ တရုတ်နဲ့ ထိုင်းကြားမှာ ဘေးကျပ်နံကျပ် ဖြစ်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အကြောင်းကို အမေရိကန် ငြိမ်းချမ်းရေး သိပ္ပံ (USIP)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆန်တာဝါကို ကိုငြိမ်းချမ်းအေးက ဆက်သွယ် မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ တရုတ် သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းကနေ ကယ်ဆယ်တဲ့ ဖြစ်စဥ် အပြီးမှာ ဒီလို ဆိုက်ဘာ လိမ်လည်တဲ့ လုပ်ငန်းတွေကိစ္စက ပြန်ပြီး လူအများကြား ပြောစရာ ဖြစ်လာပါတယ်။ နောက်ဆက်တွဲ အဖြစ်လည်း တရုတ် သံရုံးက သူ့နိုင်ငံသားတွေ အတွက် သတိပေးချက်တွေ ထွက်လာခဲ့သလို ဟောင်ကောင် လုံခြုံရေး အလုပ် အဖွဲ့ ထိုင်းကို စေလွှတ်တာတွေလည်း တွေ့ခဲ့ရပါတယ်။ ဆိုတော့ ဒီ လိမ်လည်တဲ့ လုပ်ငန်းတွေကို ဖြေရှင်းဖို့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကို တရုတ်က ဖိအားတွေ တိုးလာဖို့ ဘယ်လောက် အလားအလာရှိနေလဲ။
ဂျေဆင်တာဝါ (သုတေသီ၊ USIP)။ ။ အခု အချိန်မှာ တရုတ်နိုင်ငံတခုလုံးက ဒီကိစ္စ အတော့်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အာရုံစိုက်နေကြတယ်လို့ ထင်ပါတယ်။ ဝမ်ရှင်းက ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံထဲက နယ်ခြားစောင့်တပ်တွေ ရှိတဲ့ ဒေသမှာ လူကုန်ကူးခံခဲ့ရတာပါ။ အဲဒါက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်နေရာတွေပါ။
ဝမ်ရှင်းက သိပ်နာမည်ကြီးတဲ့ ရုပ်ရှင် သရုပ်ဆောင်တဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ ချစ်သူကောင်မလေးက တရုတ်နိုင်ငံက နာမည်ကြီးရုပ်ရှင်အကျော်အမော်တွေနဲ့ အဆက်အသွယ်ရှိပါတယ်။ သူတို့ ကြောင့်ပဲ ဒီကိစ္စက တရုတ်နိုင်ငံ လူထု လူအများကြား အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။ အရင်တလလောက်တုန်းက တရုတ် လူမှုကွန်ရက်တွေမှာ မြန်မာနိုင်ငံ အကြောင်းကို ရှာကြည့်ရင် အများစုက ကျောက်စိမ်း အကြောင်း ပြောရင် ပြော၊ ဒါမှမဟုတ် [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင်ရဲ့ ခရီးစဥ် အကြောင်း ဒါမျိုးတွေပဲ တွေ့ရမှာပဲ။ ဒါပေမယ့် အခုဆိုရင်တော့ လူကုန်ကူးမှု အကြောင်း၊ ရွှေကုက္ကိုလ် အကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောင်းတွေ တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ အခြေအနေဆိုးနေလဲ ဆိုတာတွေ ပေါ့။
ထိုင်းနိုင်ငံမှာဆိုရင်လည်း အလားတူပါပဲ၊ ဒီ ဖြစ်ရပ်ကြောင့် ဒီနှစ်နိုင်ငံစလုံးက လူထု အများကြားမှာ အဆိုးမြင်လာကြပါတယ်။ အထူးသဖြင့် ဒီအဖြစ်အပျက်ဟာ မနှစ်က တရုတ်နိုင်ငံကို ဖမ်းပြီး ပို့ခံခဲ့ရတဲ့ ကိုးကန့်က မိသားစုကြီး လေးစုက ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ၆ ယောက်ကို စီရင်ချက်ချတာနဲ့လည်း တိုက်ဆိုင်နေလို့ လူအများကြားမှာ အလေးထားစရာ ပိုဖြစ်လာပါတယ်။
ဒါကြောင့် ဒါဟာ ထိုင်းနယ်စပ်မှာ အလွန့်ကို အင်အားကြီးထွားလာနေတဲ့ လိမ်လည်တဲ့ဂိုဏ်းတွေကို လုပ်ကိုင်ခွင့်ပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ကို နှိမ်နင်းဖို့ အသစ်တဖန် တွန်းအားဖြစ်လာမယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ဟုတ်ကဲ့။ ဒီနေရာမှာက တရုတ်က ဖိအားပေးရင်တောင် စစ်အစိုးရက ဘယ်လောက် တုံ့ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။ ဂျေဆင်တာဝါ အရင်ကပြောခဲ့သလိုပဲ စစ်ကောင်စီက အဲဒီဒေသမှာ နယ်ခြားစောင့်တပ်ကို မှီခိုနေရတယ် ဆိုနိုင်ပါတယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ မြဝတီကို ဆက်ပြီးခြေချနိုင်ဖို့ အတွက်ပေါ့။ ဒီတော့ မြန်မာစစ်တပ်က ဘယ်လိုတုံ့ပြန်နိုင်မလဲ ခင်ဗျာ။
ဂျေဆင်တာဝါ (သုတေသီ၊ USIP)။ ။ ခင်ဗျား ပြောတာ မှန်တယ်လို့ ထင်ပါတယ်။ စစ်ကောင်စီမှာ နိုင်ငံရေး အရ ဆန္ဒမရှိသလို ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း မရှိပါဘူး။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် [ဗိုလ်မှူးကြီး] စောချစ်သူက စစ်တပ်နဲ့ ခပ်ခွာခွာနေသွားမယ့် အန္တရာယ်ကို ကြုံလာရနိုင်ပြီး အဲဒါက အခုချိန်မှာ အဓိက စိန်ခေါ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဖြစ်လာနိုင်တာ တခုကတော့ မြန်မာစစ်တပ်နဲ့ [ဗိုလ်မှူးကြီး] စောချစ်သူတို့ဟာ တရုတ်နဲ့ ထိုင်းကြား ဘေးကျပ်နံကျပ် ဖြစ်လာနိုင်ပါတယ်။ ပြောရမယ် ဆိုရင် ဝမ်ရှင်းက ထိုင်းနိုင်ငံထဲကတဆင့် လူကုန်ကူးခံခဲ့ရတာ ကြောင့် ဒီ ဖြစ်ရပ်က ထိုင်းနိုင်ငံအတွက် အတော်လေးကို နစ်နာခဲ့ရတာက အသေအချာပါပဲ။
တရုတ် နိုင်ငံအတွက် တခုတည်းသော ရွေးချယ်ခွင့်က ထိုင်းနိုင်ငံက တဆင့် ဒီပြဿနာတွေ ဖြေရှင်းဖို့ပါ။ ဒါက ထိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပါ။
နောက်ပြီး ဒီပြဿနာက [မြန်မာနဲ့ပတ်သက်ပြီး] ထိုင်းရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကိုလည်း စမ်းသပ်နေတယ်လို့ ပြောရပါမယ်။ အထူးသဖြင့် သူတို့ရဲ့ ခရီးသွား လုပ်ငန်းကို ထိခိုက်လာနေပါတယ်။ ဖေဖော်ဝါရီလထဲမှာ လုပ်ဖို့ စီစဥ်ထားတဲ့ ထင်ရှားတဲ့ ဟောင်ကောင်အဆိုတော် တယောက်ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ ဆိုတော့ ဒါဟာ မြန်မာစစ်တပ်ကြောင့် ထိုင်းဟာ ကြီးကြီးမားမား ပေးဆပ်နေရတဲ့ သာဓကတခု ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီ တရုတ်ရာဇ၀တ်ဂိုဏ်း ကွန်ရက်တွေက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်၊ နောက် DKBA ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် တို့နဲ့ အလွန့်ကို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတာပါ။ သူတို့က ဒီလိမ်လည်တဲ လုပ်ငန်းတွေကို ထီးလို အကာအကွယ် ပေးထားတာပါ။
ခရီးသွား လုပ်ငန်း စထိခိုက်လာပြီးဆိုရင် ဒါဟာ ထိုင်းနိုင်ငံအတွက် ကြီးကြီးမားမားကို သတိပေးလိုက်တဲ့ လှုပ်နှိုးမှုကြီး တခု ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။ ဒီပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် နိုင်ငံရေးအရ ပိုပြီး ဆန္ဒပြင်းပြလာစေမှာပါ။
တဘက်မှာလည်း ဒါက အလွန့်ကို ခက်ခဲစေမှာပါ။ ပြောချင်တာက မြန်မာစစ်တပ်ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အထိ လုပ်မှာ မဟုတ်တော့ ထိုင်းနိုင်ငံအနေနဲ့ ဒီကိစ္စတွေ ကို အမှန်တကယ် ကိုင်တွယ်နိုင်ဖို့က နည်းလမ်းသစ်တွေ ရှာရမှာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့ နယ်ခြားစောင့်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးချင်ပါတယ်။ BGF ကတော့ တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာမျိုး မရှိဘူးလို့ အမြဲ ငြင်းဆိုလေ့ရှိပါတယ်။ အခု တရုတ် သရုပ်ဆောင် လူကုန်ကူးခံရတဲ့ ကိစ္စမှာ ဆိုလည်း သူတို့က ထွက်လာပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းကို ပို ထောက်ပြတာတွေ တွေ့ရပါတယ်။ BGF ခေါင်းဆောင် စောချစ်သူကိုယ်တိုင်လည်း အရင်က နိုင်ငံတကာ မီဒီယာတွေ အထိ ထိတွေ့ပြီး သူတို့ဆီကို လာရောက်စုံစမ်းပါ ဆိုတာမျိုးတွေ ပြောလေ့ရှိပါတယ်။ ဆိုတော့ ဒီ BGF အဖွဲ့မှာရော တစုံတရာ တိုးတက် ပြောင်းလဲမှုတွေ တွေ့ရလားဗျာ။
ဂျေဆင်တာဝါ (သုတေသီ၊USIP) ။ ။ ဟုတ်တယ်၊ တကယ်တမ်း ပြောရရင်တော့ သူတို့လုပ်နေတာက ဟန်ပြသက်သက်ပါပဲ။ [ဗိုလ်မှူးကြီး] စောချစ်သူရော၊ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု ရော အဲဒီလို လုပ်ဖို့ပဲ ကြိုးစားနေတာပါ။ သူတို့လုပ်နေတာက တရားဝင်စီးပွားရေး လုပ်ငန်းတွေဖြစ်မှာ ရာဇ၀တ်မှု လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးဆိုပြီး ပြောဖို့ ကြိုးစားနေပါတယ်။
မနှစ်က အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်ခင် အွန်လိုင်းစီးပွားရေးလုပ်ငန်းအားလုံးကို ရွှေကုက္ကိုလ် ကနေ ထွက်သွားရမယ် ဆိုပြီး [ဗိုလ်မှူးကြီး] စောချစ်သူက ပိုစတာ ဆိုင်းဘုတ်တွေ အဲဒီမှာ ချိတ်ခိုင်းတာမျိုး ခင်ဗျားတွေ့ရမှာပါ။ ဒါတွေက တကယ်ဖြစ်မလာပါဘူး။ အလိမ်အညာ လှည့်ဖြားတာတွေပါ။
ရွှေကုက္ကိုလ်က အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတွေရဲ့ အဓိက အချက်အချာအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ [ဗိုလ်မှူးကြီး] စောချစ်သူက တရားမ၀င်စီးပွားလုပ်ငန်းတွေ ရှင်းထုတ်နေတယ် ဆိုပေမယ့် အခြေအနေတွေက ပိုဆိုးလာနေတာပဲ မဟုတ်လား။ သူတို့က နယ်ရာ ဒေသ အသစ်တွေကို ပို ချဲ့ထွင်လာနေပါတယ်။ အဲဒီဒေသတခုလုံးမှာ လိမ်လည်တဲ့ လုပ်ငန်းက လွဲလို့ တခြားဘာမှမရှိတော့ပါဘူး။ တရားဝင်စီးပွားရေး အားလုံး အဲဒီမှာ မရှိတော့ပါဘူး။ အရာရာက လိမ်လည်တဲ့ လုပ်ငန်းနဲ့ ဆက်စပ်နေတာချည်းပါ။
နောက်တခုက စောချစ်သူ၊ ရထိုက်နဲ့ တခြားတရုတ်မာဖီးယားဂိုဏ်းတွေက ရွှေတြိဂံစီးပွားရေးဇုန်မှာ လုပ်ခဲ့တာမျိုး ပုံစံတူ လိုက်လုပ်နေတယ် ထင်ပါတယ်။
သူတို့က လုပ်ငန်းရဲ့ တချို့ အပိုင်းတွေ အထူးသဖြင့် လူကြားမကောင်းတဲ့ ဆိုးရွားတဲ့ ကိစ္စတွေ၊ ညှဥ်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှုနဲ့ လိမ်လည်လှည့်ဖြားဖို့ လူသစ် စုဆောင်း လေ့ကျင့်ပေးတာမျိုးတွေ၊ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာ၊ ရက်ရက်စက်စက် ပြစ်ဒဏ် ပေးတဲ့ ကိစ္စမျိုးတွေက အခု ဆိုရင် ရွှေကုက္ကိုလ် အပြင်ဘက် တခြားနေရာတွေဆီ ပြောင်းရွှေ့လာကြတယ်။
ဒီနည်းနဲ့ သူတို့ကြိုးစားနေတာက ရွှေကုက္ကိုလ်က လွတ်လပ်တဲ့ နေရာ၊ ဒီလို ကိစ္စတွေ ဘာမှဖြစ်မနေဘူးဆိုပြီး ပြောနိုင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဒီနည်းနဲ့ တခြားဒေသတွေကို လူတွေက ထပ်ပြီး အာရုံ မစိုက်လာတော့ဖို့ သူတို့မျှော်လင့်နေကြတာပါ။ တခြားနေရာတွေမှာ လုံခြုံရေးတွေ ပိုချထားတယ်၊ တော်တော်များများက DKBA နယ်မြေထဲကို ရွှေ့ထားတယ်။ ဆိုတော့ မြဝတီတဝိုက်က လိမ်လည်လှည့်စားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်အခြေတည်ဖို့မှာ DKBA၊ BGF နယ်ခြားစောင့်တပ်နဲ့ တရုတ်မာဖီးယားဂိုဏ်းကြား ဆက်ဆံရေးက ပိုပိုပြီး အရေးကြီး လာတယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ နောက်ဆုံးမေးခွန်းက စစ်ကောင်စီနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအကြောင်းပါ။ ဂျေဆင်တာဝါ ထောက်ပြသလိုပဲ မြန်မာနိုင်ငံထဲက ဒီအခြေအနေတွေကို စစ်ကောင်စီက ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းနိုင်တာက တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီလို လိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့ ပျက်ကွက်တာကနေ စစ်တပ်နဲ့ တရုတ်နိုင်ငံကြားက ဆက်ဆံရေးနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးရပ်တည်ချက်၊ စစ်ကောင်စီကို နိုင်ငံရေးအရ ထောက်ခံပေးနေမှုအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။
ဂျေဆင်တာဝါ (သုတေသီ၊USIP)။ ။ ၂၀၂၄ တုန်းကတော့ တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို အွန်လိုင်း လိမ်ည်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒဏ်ခတ်တာမျိုးထက် ဆုပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၂၀၂၃ တုန်းကတော့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ပိုင်းကို ဖမ်းဝရမ်းထုတ်ခဲ့တာမျိုးနဲ့ ၁၀၂၇ စစ်ဆင်ရေး ပြင်းပြင်းထန်ထန် ထောက်ခံပေးတာမျိုး လုပ်ခဲ့ပေမယ့် ၂၀၂၄ မှာတော့ မြန်မာ စစ်ကောင်စီရဲ့ ပြည်ထဲရေး ဝန်ကြီး [ဒုတိယဗိုလ်ချုပ်ကြီး] ရာပြည့်ကို ဒီကိစ္စအတွက် ဆုတွေဘာတွေ ပေးတဲ့ အထိ ဖြစ်လာပါတယ်။
စစ်ကောင်စီကို ဖိအားပေးတာတွေ မလုပ်တော့ဘဲ စစ်တပ်ကို တရားဝင်မှု ရအောင် ကြိုးပမ်းပေးခဲ့ပါတယ်။ လိမ်လည်တဲ့ လုပ်ငန်းတွေ နှိမ်နင်းရေးမှာ စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်နေသယောင် ပုံဖော်ခဲ့ပါတယ်။
တကယ့်အဖြစ်မှန်က မြင်တဲ့အတိုင်းပဲ၊ အခု အချိန်အထိ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်နယ်မြေထဲမှာ တရုတ်နိုင်ငံသားတွေ ဘယ်လောက် လွယ်လွယ်ကူကူနဲ့ လူကုန်ကူးခံနေရသလဲ ဆိုတာ တွေ့ရမှာပါ။ တရုတ်နိုင်ငံရဲ့ နည်းဗျူဟာက အရှုံးကြီး ရှုံးခဲ့ပါတယ်။ ဒီပြဿနာမှာ စစ်တပ်နဲ့တော့ သူတို့ ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
တချိန်တည်းမှာပဲ တည်ငြိမ်အေးချမ်းရေး အကြောင်းပြပြီး တရုတ်ဘက်က ကြိုးစားနေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ကောင်စီ စစ်တပ်နဲ့ သဘောတူညီချက်တွေရလာအောင် ဖိအားပေးပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ စစ်တပ်က တကယ် လိုက်လျောချင်တဲ့ စိတ်ဆန္ဒမျိုး ရှိမနေဘူး ဆိုတာ မြင်နေရလို့ပါ။
ဆိုတော့ တရုတ်က နှစ်ဘက်စလုံးမှာ ရှုံးနိမ့်နေတယ် ပြောရမှာပါ။ သိတဲ့အတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း တရုတ်နိုင်ငံက သူတို့အပေါ် အနိုင်ကျင့်ပြီး အတင်းအကျပ်လုပ်တဲ့အတွက် အရမ်း စိတ်ဆိုးနေကြသလို တဘက်မှာကလည်း ရာဇ၀တ်မှုတွေ များလာနေတဲ့ အနေအထား ဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံရတယ်။ တရုတ် ရုပ်ရှင်သရုပ်ဆောင်တောင် လူကုန်ကူးခံလာရတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ စစ်ကောင်စီ စစ်တပ်အပေါ်မှာ ဒီကိစ္စ အကြီးအကျယ်ဖိအားပေးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာမျိုးကို အာရုံမစိုက်ဘဲ ရှေ့ဆက်နေရင် လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပိုကြီးလာမယ်လို့ ကျနော်ထင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ တကယ်တမ်းမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ဒီမိုကရေစီ လိုလားသူတွေကသာ တိုင်းပြည်ကို အမှန်တကယ် ကောင်းကောင်းမွန်မွန် အုပ်ချုပ်နိုင်ဖို့ ဆန္ဒ ရှိပြီး စစ်တပ်ကတော့ တိုင်းပြည်ကို သိမ်းပိုက်ဖို့ပဲ စိတ်ဝင်စားလို့ပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ တရုတ် သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းကနေ ကယ်ဆယ်တဲ့ ဖြစ်စဥ် အပြီးမှာ ဒီလို ဆိုက်ဘာ လိမ်လည်တဲ့ လုပ်ငန်းတွေကိစ္စက ပြန်ပြီး လူအများကြား ပြောစရာ ဖြစ်လာပါတယ်။ နောက်ဆက်တွဲ အဖြစ်လည်း တရုတ် သံရုံးက သူ့နိုင်ငံသားတွေ အတွက် သတိပေးချက်တွေ ထွက်လာခဲ့သလို ဟောင်ကောင် လုံခြုံရေး အလုပ် အဖွဲ့ ထိုင်းကို စေလွှတ်တာတွေလည်း တွေ့ခဲ့ရပါတယ်။ ဆိုတော့ ဒီ လိမ်လည်တဲ့ လုပ်ငန်းတွေကို ဖြေရှင်းဖို့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေကို တရုတ်က ဖိအားတွေ တိုးလာဖို့ ဘယ်လောက် အလားအလာရှိနေလဲ။
ဂျေဆင်တာဝါ (သုတေသီ၊ USIP)။ ။ အခု အချိန်မှာ တရုတ်နိုင်ငံတခုလုံးက ဒီကိစ္စ အတော့်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အာရုံစိုက်နေကြတယ်လို့ ထင်ပါတယ်။ ဝမ်ရှင်းက ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံထဲက နယ်ခြားစောင့်တပ်တွေ ရှိတဲ့ ဒေသမှာ လူကုန်ကူးခံခဲ့ရတာပါ။ အဲဒါက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်နေရာတွေပါ။
ဝမ်ရှင်းက သိပ်နာမည်ကြီးတဲ့ ရုပ်ရှင် သရုပ်ဆောင်တဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ ချစ်သူကောင်မလေးက တရုတ်နိုင်ငံက နာမည်ကြီးရုပ်ရှင်အကျော်အမော်တွေနဲ့ အဆက်အသွယ်ရှိပါတယ်။ သူတို့ ကြောင့်ပဲ ဒီကိစ္စက တရုတ်နိုင်ငံ လူထု လူအများကြား အာရုံစိုက်မှု ဖြစ်စေခဲ့ပါတယ်။ အရင်တလလောက်တုန်းက တရုတ် လူမှုကွန်ရက်တွေမှာ မြန်မာနိုင်ငံ အကြောင်းကို ရှာကြည့်ရင် အများစုက ကျောက်စိမ်း အကြောင်း ပြောရင် ပြော၊ ဒါမှမဟုတ် [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင်ရဲ့ ခရီးစဥ် အကြောင်း ဒါမျိုးတွေပဲ တွေ့ရမှာပဲ။ ဒါပေမယ့် အခုဆိုရင်တော့ လူကုန်ကူးမှု အကြောင်း၊ ရွှေကုက္ကိုလ် အကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုတွေ အကြောင်းတွေ တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ အခြေအနေဆိုးနေလဲ ဆိုတာတွေ ပေါ့။
ထိုင်းနိုင်ငံမှာဆိုရင်လည်း အလားတူပါပဲ၊ ဒီ ဖြစ်ရပ်ကြောင့် ဒီနှစ်နိုင်ငံစလုံးက လူထု အများကြားမှာ အဆိုးမြင်လာကြပါတယ်။
အထူးသဖြင့် ဒီအဖြစ်အပျက်ဟာ မနှစ်က တရုတ်နိုင်ငံကို ဖမ်းပြီး ပို့ခံခဲ့ရတဲ့ ကိုးကန့်က မိသားစုကြီး လေးစုက ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ၆ ယောက်ကို စီရင်ချက်ချတာနဲ့လည်း တိုက်ဆိုင်နေလို့ လူအများကြားမှာ အလေးထားစရာ ပိုဖြစ်လာပါတယ်။
ဒါကြောင့် ဒါဟာ ထိုင်းနယ်စပ်မှာ အလွန့်ကို အင်အားကြီးထွားလာနေတဲ့ လိမ်လည်တဲ့ဂိုဏ်းတွေကို လုပ်ကိုင်ခွင့်ပေးနေတဲ့ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ကို နှိမ်နင်းဖို့ အသစ်တဖန် တွန်းအားဖြစ်လာမယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ဟုတ်ကဲ့။ ဒီနေရာမှာက တရုတ်က ဖိအားပေးရင်တောင် စစ်အစိုးရက ဘယ်လောက် တုံ့ပြန်နိုင်မလဲဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။ ဂျေဆင်တာဝါ အရင်ကပြောခဲ့သလိုပဲ စစ်ကောင်စီက အဲဒီဒေသမှာ နယ်ခြားစောင့်တပ်ကို မှီခိုနေရတယ် ဆိုနိုင်ပါတယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ မြဝတီကို ဆက်ပြီးခြေချနိုင်ဖို့ အတွက်ပေါ့။ ဒီတော့ မြန်မာစစ်တပ်က ဘယ်လိုတုံ့ပြန်နိုင်မလဲ ခင်ဗျာ။
ဂျေဆင်တာဝါ (သုတေသီ၊ USIP)။ ။ ခင်ဗျား ပြောတာ မှန်တယ်လို့ ထင်ပါတယ်။ စစ်ကောင်စီမှာ နိုင်ငံရေး အရ ဆန္ဒမရှိသလို ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်း မရှိပါဘူး။ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် [ဗိုလ်မှူးကြီး] စောချစ်သူက စစ်တပ်နဲ့ ခပ်ခွာခွာနေသွားမယ့် အန္တရာယ်ကို ကြုံလာရနိုင်ပြီး အဲဒါက အခုချိန်မှာ အဓိက စိန်ခေါ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဖြစ်လာနိုင်တာ တခုကတော့ မြန်မာစစ်တပ်နဲ့ [ဗိုလ်မှူးကြီး] စောချစ်သူတို့ဟာ တရုတ်နဲ့ ထိုင်းကြား ဘေးကျပ်နံကျပ် ဖြစ်လာနိုင်ပါတယ်။ ပြောရမယ် ဆိုရင် ဝမ်ရှင်းက ထိုင်းနိုင်ငံထဲကတဆင့် လူကုန်ကူးခံခဲ့ရတာ ကြောင့် ဒီ ဖြစ်ရပ်က ထိုင်းနိုင်ငံအတွက် အတော်လေးကို နစ်နာခဲ့ရတာက အသေအချာပါပဲ။
တရုတ် နိုင်ငံအတွက် တခုတည်းသော ရွေးချယ်ခွင့်က ထိုင်းနိုင်ငံက တဆင့် ဒီပြဿနာတွေ ဖြေရှင်းဖို့ပါ။ ဒါက ထိုင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပါ။ နောက်ပြီး ဒီပြဿနာက [မြန်မာနဲ့ပတ်သက်ပြီး] ထိုင်းရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကိုလည်း စမ်းသပ်နေတယ်လို့ ပြောရပါမယ်။ အထူးသဖြင့် သူတို့ရဲ့ ခရီးသွား လုပ်ငန်းကို ထိခိုက်လာနေပါတယ်။ ဖေဖော်ဝါရီလထဲမှာ လုပ်ဖို့ စီစဥ်ထားတဲ့ ထင်ရှားတဲ့ ဟောင်ကောင်အဆိုတော် တယောက်ရဲ့ ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။
ဆိုတော့ ဒါဟာ မြန်မာစစ်တပ်ကြောင့် ထိုင်းဟာ ကြီးကြီးမားမား ပေးဆပ်နေရတဲ့ သာဓကတခု ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီ တရုတ်ရာဇ၀တ်ဂိုဏ်း ကွန်ရက်တွေက မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်၊ နောက် DKBA ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် တို့နဲ့ အလွန့်ကို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတာပါ။ သူတို့က ဒီလိမ်လည်တဲ လုပ်ငန်းတွေကို ထီးလို အကာအကွယ် ပေးထားတာပါ။
ခရီးသွား လုပ်ငန်း စထိခိုက်လာပြီးဆိုရင် ဒါဟာ ထိုင်းနိုင်ငံအတွက် ကြီးကြီးမားမားကို သတိပေးလိုက်တဲ့ လှုပ်နှိုးမှုကြီး တခု ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်။ ဒီပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် နိုင်ငံရေးအရ ပိုပြီး ဆန္ဒပြင်းပြလာစေမှာပါ။
တဘက်မှာလည်း ဒါက အလွန့်ကို ခက်ခဲစေမှာပါ။ ပြောချင်တာက မြန်မာစစ်တပ်ကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အထိ လုပ်မှာ မဟုတ်တော့ ထိုင်းနိုင်ငံအနေနဲ့ ဒီကိစ္စတွေ ကို အမှန်တကယ် ကိုင်တွယ်နိုင်ဖို့က နည်းလမ်းသစ်တွေ ရှာရမှာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့ အခု မေးမြန်းခန်း အဆုံးမသတ်ခင်မှာ ကျနော် နယ်ခြားစောင့်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ဆွေးနွေးချင်ပါတယ်။ BGF ကတော့ တရားမဝင် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာမျိုး မရှိဘူးလို့ အမြဲ ငြင်းဆိုလေ့ရှိပါတယ်။ အခု တရုတ် သရုပ်ဆောင် လူကုန်ကူးခံရတဲ့ ကိစ္စမှာ ဆိုလည်း သူတို့က ထွက်လာပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းကို ပို ထောက်ပြတာတွေ တွေ့ရပါတယ်။ BGF ခေါင်းဆောင် စောချစ်သူကိုယ်တိုင်လည်း အရင်က နိုင်ငံတကာ မီဒီယာတွေ အထိ ထိတွေ့ပြီး သူတို့ဆီကို လာရောက်စုံစမ်းပါ ဆိုတာမျိုးတွေ ပြောလေ့ရှိပါတယ်။ ဆိုတော့ ဒီ BGF အဖွဲ့မှာရော တစုံတရာ တိုးတက် ပြောင်းလဲမှုတွေ တွေ့ရလားဗျာ။
ဂျေဆင်တာဝါ (သုတေသီ၊USIP)။ ။ ဟုတ်တယ်၊ တကယ်တမ်း ပြောရရင်တော့ သူတို့လုပ်နေတာက ဟန်ပြသက်သက်ပါပဲ။ [ဗိုလ်မှူးကြီး] စောချစ်သူရော၊ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု ရော အဲဒီလို လုပ်ဖို့ပဲ ကြိုးစားနေတာပါ။
သူတို့လုပ်နေတာက တရားဝင်စီးပွားရေး လုပ်ငန်းတွေဖြစ်မှာ ရာဇ၀တ်မှု လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးဆိုပြီး ပြောဖို့ ကြိုးစားနေပါတယ်။
မနှစ်က အောက်တိုဘာလ ၃၁ ရက်နေ့မတိုင်ခင် အွန်လိုင်းစီးပွားရေးလုပ်ငန်းအားလုံးကို ရွှေကုက္ကိုလ် ကနေ ထွက်သွားရမယ် ဆိုပြီး [ဗိုလ်မှူးကြီး] စောချစ်သူက ပိုစတာ ဆိုင်းဘုတ်တွေ အဲဒီမှာ ချိတ်ခိုင်းတာမျိုး ခင်ဗျားတွေ့ရမှာပါ။ ဒါတွေက တကယ်ဖြစ်မလာပါဘူး။ အလိမ်အညာ လှည့်ဖြားတာတွေပါ။
ရွှေကုက္ကိုလ်က အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတွေရဲ့ အဓိက အချက်အချာအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ [ဗိုလ်မှူးကြီး] စောချစ်သူက တရားမ၀င်စီးပွားလုပ်ငန်းတွေ ရှင်းထုတ်နေတယ် ဆိုပေမယ့် အခြေအနေတွေက ပိုဆိုးလာနေတာပဲ မဟုတ်လား။ သူတို့က နယ်ရာ ဒေသ အသစ်တွေကို ပို ချဲ့ထွင်လာနေပါတယ်။ အဲဒီဒေသတခုလုံးမှာ လိမ်လည်တဲ့ လုပ်ငန်းက လွဲလို့ တခြားဘာမှမရှိတော့ပါဘူး။ တရားဝင်စီးပွားရေး အားလုံး အဲဒီမှာ မရှိတော့ပါဘူး။ အရာရာက လိမ်လည်တဲ့ လုပ်ငန်းနဲ့ ဆက်စပ်နေတာချည်းပါ။
နောက်တခုက စောချစ်သူ၊ ရထိုက်နဲ့ တခြားတရုတ်မာဖီးယားဂိုဏ်းတွေက ရွှေတြိဂံစီးပွားရေးဇုန်မှာ လုပ်ခဲ့တာမျိုး ပုံစံတူ လိုက်လုပ်နေတယ် ထင်ပါတယ်။
သူတို့က လုပ်ငန်းရဲ့ တချို့ အပိုင်းတွေ အထူးသဖြင့် လူကြားမကောင်းတဲ့ ဆိုးရွားတဲ့ ကိစ္စတွေ၊ ညှဥ်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှုနဲ့ လိမ်လည်လှည့်ဖြားဖို့ လူသစ် စုဆောင်း လေ့ကျင့်ပေးတာမျိုးတွေ၊ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာ၊ ရက်ရက်စက်စက် ပြစ်ဒဏ် ပေးတဲ့ ကိစ္စမျိုးတွေက အခု ဆိုရင် ရွှေကုက္ကိုလ် အပြင်ဘက် တခြားနေရာတွေဆီ ပြောင်းရွှေ့လာကြတယ်။
ဒီနည်းနဲ့ သူတို့ကြိုးစားနေတာက ရွှေကုက္ကိုလ်က လွတ်လပ်တဲ့ နေရာ၊ ဒီလို ကိစ္စတွေ ဘာမှဖြစ်မနေဘူးဆိုပြီး ပြောနိုင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဒီနည်းနဲ့ တခြားဒေသတွေကို လူတွေက ထပ်ပြီး အာရုံ မစိုက်လာတော့ဖို့ သူတို့မျှော်လင့်နေကြတာပါ။ တခြားနေရာတွေမှာ လုံခြုံရေးတွေ ပိုချထားတယ်၊ တော်တော်များများက DKBA နယ်မြေထဲကို ရွှေ့ထားတယ်။ ဆိုတော့ မြဝတီတဝိုက်က လိမ်လည်လှည့်စားတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်အခြေတည်ဖို့မှာ DKBA၊ BGF နယ်ခြားစောင့်တပ်နဲ့ တရုတ်မာဖီးယားဂိုဏ်းကြား ဆက်ဆံရေးက ပိုပိုပြီး အရေးကြီး လာတယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ဟုတ်ကဲ့။ ကျွန်တော့်ရဲ့ နောက်ဆုံးမေးခွန်းက စစ်ကောင်စီနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးအကြောင်းပါ။ ဂျေဆင်တာဝါ ထောက်ပြသလိုပဲ မြန်မာနိုင်ငံထဲက ဒီအခြေအနေတွေကို စစ်ကောင်စီက ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်းနိုင်တာက တရုတ်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီလို လိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းဖို့ ပျက်ကွက်တာကနေ စစ်တပ်နဲ့ တရုတ်နိုင်ငံကြားက ဆက်ဆံရေးနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးရပ်တည်ချက်၊ စစ်ကောင်စီကို နိုင်ငံရေးအရ ထောက်ခံပေးနေမှုအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။

Forum