သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်နှိမ်နင်းရေး ထိုင်း၊ မြန်မာနဲ့ သဘောတူညီချက် ရရှိကြောင်း တရုတ်ထုတ်ပြန်


ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းရေး တရုတ်၊ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီလိုက်တဲ့အကြောင်း အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။

တရုတ်နိုင်ငံ ကူမင်း (Kunming) မြို့မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်၊ မြန်မာ၊ ထိုင်း နိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက အရာရှိတွေ၊ အာဆီယံရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ဝင်လည်း တက်ရောက်ပါတယ်။ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေက ခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းဖို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြတဲ့အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းလို့ နာမည်ပေးထားတဲ့ အစည်းအဝေးဟာ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ ပူးပေါင်းဆောင်ရွက်မယ့် အစည်းအဝေးဖြစ်တယ်လို့ ကြေညာပါတယ်။ ဒေသတွင်း ၆ နိုင်ငံအကြား ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးနိုင်ခဲ့သလို ပြည်သူ ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG