သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က ပြန်ဝင်လာသူ အမျိုးသမီး (၅) ဦး ထိုင်းရဲဖမ်းဆီး


နယ်ခြားစောင့်တပ် BGF ကလွှဲပြောင်းပေးတဲ့ မြဝတီခရိုင် ရွှေကုက္ကိုမြို့သစ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ အတင်းအကျပ်အလုပ်စေခိုင်းခံနေရသူ နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းအာဏာပိုင်တွေက လာရောက်လွှဲပြောင်းခေါ်ယူနေစဥ်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၅/Photo: တာ့ခရိုင်လဝက)
နယ်ခြားစောင့်တပ် BGF ကလွှဲပြောင်းပေးတဲ့ မြဝတီခရိုင် ရွှေကုက္ကိုမြို့သစ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာ အတင်းအကျပ်အလုပ်စေခိုင်းခံနေရသူ နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းအာဏာပိုင်တွေက လာရောက်လွှဲပြောင်းခေါ်ယူနေစဥ်။ (ဖေဖေါ်ဝါရီ ၆၊ ၂၀၂၅/Photo: တာ့ခရိုင်လဝက)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်က ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်နေချိန်မှာ ကျောက်ခက်ဘက်မှာရှိတဲ့ KTV ဆိုင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသူ ၂ ဦးနဲ့ လာအိုနိုင်ငံသူ ၃ ဦးတို့ဟာ ထိုင်းဘက်ကို ပြန်ပြီးခိုးဝင်လာတုန်း ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ထိုင်းစစ်တပ်ရဲ့လှည့်ကင်းက ဖမ်းဆီးလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်က ကျားဖြန့် နှိမ်နင်းရေး လုပ်ဆောင်တဲ့အနေနဲ့ နိုင်ငံခြားသားတွေကို ရာနဲ့ချီဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာပါ။ DKBA ထိန်းချုပ်ရာ ကျောက်ခက်ဒေသမှာ နေရပ်ပြန်ဖို့ စောင့်နေကြတဲ့ နိုင်ငံခြားသာ ၃၀၀ လောက်ရှိနေပြီး စစ်ကောင်စီက လာမခေါ်သေးတဲ့အတွက် စောင့်နေကြတာလို့ ဆိုပါတယ်။ ဒီလိုအချိန်မှာပဲ ထိုင်းနဲ့ လာအိုနိုင်ငံသူ အမျိုးသမီး ၅ ဦးဟာ ထိုင်းဘက်ခြမ်း ဖွတ်ဖရမြို့နယ်ထဲကို ခိုးပြီး ဝင်ရောက်လာတာကြောင့် ထိုင်းစစ်တပ်က ဖမ်းဆီးတာကိုခံရတယ်လို့ မျက်မြင်တွေ့ရသူတဦးက ပြောပါတယ်။

"ဒီနေ့က ထိုင်းစစ်တပ်ကဖမ်းမိတာပါ။ မြ၀တီဘက်ကနေ ခိုးကူးလာတဲ့ ထိုင်းမ ၂ ယောက်နဲ့ လာအိုအမျိုးသမီး ၃ ယောက် ထိုင်းစစ်တပ်ရဲ့ ကင်းနဲ့တိုးပြီ းဖမ်းမိတာပါ။ သူတို့က KTV တွေမှာ လုပ်တာရှိတယ်၊ အပြင်ရုံတွေမှာ လုပ်တာတွေ၊ ကာစီနိုတွေမှာ လုပ်တာတွေ အများကြီးပဲ၊ အဲဒီမှာ အပြင်မှာလုပ်တဲ့သူတွေ ခိုးကူးပြီး ဝင်သွားပြီးတော့ ခိုးပြီး ပြန်ဝင်လာကြတာပါ၊ အရင် သူတို့သွားတုန်းကတော့ လမ်းက ဘာမှမရှိပေမယ့် အခုက လမ်းက လှည့်ကင်းတွေ အများကြီးရှိတော့ သူတို့မိကြတာပါ။"

သူတို့တွေဟာ သောင်ရင်းမြစ်ကိုဖြတ်ပြီး မနက်အစောကြီးအချိန်မှ ာထိုင်းဘက်ကို ခိုးဝင်လာကြတာဖြစ်ပါတယ်။

ထိုင်းစစ်တပ်က မြန်မာဘက်က ခိုးဝင်လာသူတွေကို သတိထား စောင့်ကြည့်နေချိန်မှာ သူတို့ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ မြန်မာနိင်ငံဘက်မှ ာလျှပ်စစ်မီးနဲ့ အင်တာနက်တွေ ပြတ်တောက်မှုကြောင့် သူတို့ အလုပ်လုပ်လို့ အဆင်မပြေတာကြောင့် ထိုင်းဘက်ကို ပြန်လာကြတာလို့ ဆိုပါတယ် ။ သူတို့အားလုံးဟာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတွေဖြစ်ပြီး မြ၀တီဘက်က ကာရာအိုကေဆိုင်တွေမှာ အလုပ်လုပ်နေကြသူတွေလို့လည်းသိရပါတယ်။

အခုဆိုရင် BGF နယ်ခြားစောင့်တပ်က ကျားဖြန့် လိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းရေးဆိုပြီး နိုင်ငံခြားသားတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာစီနိုရုံတွေ၊ လောင်းကစားရုံတွေ၊ လိမ်လည်ဂိုဏ်းတွေ သူတို့အချင်းချင်းညှိနှိုင်းပြီး လူတွေကို ဘယ်ရုံက ဘယ်လောက်ဆိုတဲ့နှုန်းနဲ့ ထုတ်ပေးနေတာလို့လည်း လောင်းကစားရုံမှ ာလုပ်ကိုင်နေသူတွေကပြောပါတယ်။

ဒီအတွက် နှိမ်နင်းရေး လုပ်ဆောင်နေပေမယ့် ဒီလုပ်ငန်းတွေကတော့ ရပ်တန့်သွားမယ့်အခြေအနေ မရှိသေးပါဘူး။ လတ်တလောမှာ ထိုင်းဘက်က လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်မှုကြောင့် မြ၀တီဘက်က လောင်းကစားရုံတွေ လည်ပတ်ဖို့အတွက်တော့ ခက်ခဲသွားခဲ့တယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်နဲ့ DKBA ကတော့ နေရပ်ပြန်မယ့်လူတွေ စုဆောင်းနေပြီး စစ်ကောင်စီကိုအစီရင်ခံတင်ပြကာ ထိုင်းနိုင်ငံဘက်ကို နိုင်ငံခြားသားတွေ ပြန်လွှဲပြောင်းပေးမယ်လို့လည်း ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG