သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ် လောင်းကစားလုပ်ငန်းတွေသွားမယ့် မသင်္ကာသူ နိုင်ငံခြားသား ၆ ဦး ထိုင်းဖမ်းဆီး


မြန်မာနိုင်ငံမြ၀တီခရိုင် ရွှေကုက္ကိုလ် လောင်းကစားရုံတွေရှိတဲ့နေရာဘက်ကိုသွားကြမယ့် ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ နိုင်ငံခြားသား ၆ဦးကို ထိုင်းနယ်ခြားစောင့်တပ်က သောင်ရင်းမြစ်အနီးဖမ်းဆီးနေစဉ်
မြန်မာနိုင်ငံမြ၀တီခရိုင် ရွှေကုက္ကိုလ် လောင်းကစားရုံတွေရှိတဲ့နေရာဘက်ကိုသွားကြမယ့် ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ နိုင်ငံခြားသား ၆ဦးကို ထိုင်းနယ်ခြားစောင့်တပ်က သောင်ရင်းမြစ်အနီးဖမ်းဆီးနေစဉ်

မြန်မာနိုင်ငံမှာ ဒုစရိုက်လုပ်ငန်းတွေကြောင့် လူသိများတဲ့ မြဝတီခရိုင် ရွှေကုက္ကိုလ် ကို နယ်စပ်ဖြတ်ကျော် သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ မသင်္ကာတဲ့ နိုင်ငံခြားသား ၆ ဦး ကို ထိုင်းနယ်စပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၆ ဦးကို မဲဆောက်မြို့အနီး နယ်စပ်မှာ ဖမ်းဆီးခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံခြားသားတချို့ ဖမ်းဆီးခံရတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်တာ့ခရိုင် မဲဆောက်မြို့နယ် ဝမ်ဖာကျေးရွာရပ်ကွက် ၄အနီးမှာ မြန်မာနိုင်ငံမြ၀တီခရိုင် ရွှေကုက္ကိုလ် လောင်းကစားရုံတွေရှိတဲ့နေရာဘက်ကိုသွားကြမယ့် ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ နိုင်ငံခြားသား ၆ဦးကို ထိုင်းနယ်ခြားစောင့်တပ်က သောင်ရင်းမြစ်အနီးမှာပဲဖမ်းမိခဲ့တာပါ ။ ဖမ်းမိတဲ့သူတွေကတော့ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၆ ဦးဖြစ်ပါတယ်။

ဖမ်းမိတဲ့ နိုင်ငံခြားသားတွေဟာ မဲဆောက်ဘက်တဖက်ကမ်း အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာ ကာစီနို နဲ့အွန်လိုင်း လောင်းကစားလုပ်ငန်းတွေလုပ်ဖို့ တရားမဝင် သွားရောက်မယ့်သူတွေဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။ နိုင်ငံခြားသားတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ နယ်စပ်နေပြည်သူတဦးကအခုလိုပြောပြပါတယ်။

အခုဖမ်းမိတာက ကမ္ဘောဒီးယား ၅ယောက် တရုတ်၁ယောက် အမျိုးသား ၃ယောက် အမျိုးသမီး ၃ယောက် ဟိုဘက်(မြ၀တီရွှေကုက္ကိုလ်ဘက်)ကို သွားဖို့အစီစဉ်ရှိတဲ့အချိန်မှာထိုင်းဘက်ကနေ ဖမ်းလိုက်တာပါ။ ကမ္ဘောဒီယားတို့ နိုင်ငံခြားသားတွေက ကာစီနိုကစားဖို့လား အလည်သွားဖို့လားမသိဘူးလေ့လာဖို့လားမသိဘူး။

ထိုင်းနယ်ခြားစောင့်တပ် ၄၃၁ကတော့ ဖမ်းမိတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ် တွေကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား ၆ဦးဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကနေ ခွင့်ပြုထားတဲ့ နေရာကနေဖြတ်သန်းတာမဟုတ်ပဲ တရားမဝင်နယ်စပ်လမ်းကနေ ဖြတ်တဲ့အတွက် ထိုင်းအာဏာပိုင်တွေကစစ်ဆေးနေတယ်လို့ဆိုပါတယ်။

မြန်မာဘက်က အွန်လိုင်းလောင်းကစားလုပ်ငန်းတွေရှိရာနေရာကို အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာနဲ့ပတ်သက်ပြီး ကြည့်ရူ့စစ်ဆေးဖို့ အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းရေးမူး Pol General Roy Inkhapairote ဦးဆောင်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ ၀င် တွေဒီရက်ပိုင်းမှာပဲ နယ်စပ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီရဲ့အတွင်းရေးမှူးကတော့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာအခုလိုပြောသွားပါတယ်။

မြန်မာဘက်ကို အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ရတာကတော့ ထိုင်းဘက်ကနေပေးနေတဲ့ဖုန်းနဲ့ အင်တာနက်လိုင်းတွေဟာ လောင်းကစားလုပ်ငန်းတွေ အွန်လိုင်း Call Center လိမ်လည်ဂိုဏ်းတွေအတွက် အကျိုးစီးပွားအဖြစ် သုံးစွဲနေတာဖြစ်ကြောင်းကိုလည်းပြောဆိုသွားပါတယ်။

မြန်မာဘက်က ရွှေကုက္ကိုလ်နေရာမှာ နိုင်ငံပေါင်း ၃၀ကျော်က နိုင်ငံခြားသားတွေ လူကုန်ကူးခံရတာတွေအတင်းအကြပ်စေခိုင်းခံနေရတာတွေ ရာဇဝတ်မူ့လုပ်ငန်းတွေလုပ်နေတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့ ထိုင်းဘက်ကတော့ မီးဖြတ်တောက်တာ အင်တာနက်ဖြတ်တောက်တာတွေကို ပြီးခဲတဲ့ လတွေအတွင်းကပြုလုပ်လာခဲ့တာပါ ။ အဲဒီဒေသနဲ့အနီးတဝိုက် ထိုင်းဘက်ခြမ်းမှာလည်းအဖမ်းအဆီးတွေဆက်တိုက်ပြုလုပ်နေပြီး ဇွန်လ ၁၆ ရက်နေ့ကတော့ ရွှေကုက္ကိုလ်ဘက်ကိုသွားရောက်ကြမယ့် နိုင်ငံခြားသားတွေကို မဲဆောက်ဘက်မှာဖမ်းဆီးလိုက်ပြီး အဲဒီဘက်မှာတော့ လုံခြုံရေးကိုတင်းကြပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG