သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ အလိမ်မခံရအောင် သတိထားဖို့ ရန်ကုန် အိန္ဒိယသံရုံး သတိပေးချက်ထုတ်ပြန်


ထိုင်းနိုင်ငံဘက်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထံက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသားများ (အောက်တိုဘာ ၅၊ ၂၀၂၂)
ထိုင်းနိုင်ငံဘက်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထံက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသားများ (အောက်တိုဘာ ၅၊ ၂၀၂၂)

မြန်မာနိုင်ငံအတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကနေ လစာကောင်းကောင်းနဲ့ အလုပ်တွေ ပေးမယ်ဆိုပြီး လိမ်လည်ဖျားယောင်းတဲ့ ထောင်ချောက်ထဲ ရောက်မသွားအောင် သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ဇွန်လ ၅ ရက်၊ မနေ့က ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ပါတယ်။

လာအိုနိုင်ငံက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်လုပ်ခိုင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၃ ယောက်ကို ကယ်တင်ပြီးတဲ့နောက် မြန်မာနဲ့ ထိုင်းနယ်ခြား မြဝတီမြို့အနီးမှာ အလားတူ အခိုင်းခံရတာမျိုးတွေ မဖြစ်အောင် သတိထားဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာချက် ထုတ်ပြန်တာပါ။

မြဝတီမြို့ တောင်ဘက် Pha Lu ဒေသမှာ အိန္ဒိယ၊ မလေးရှားနဲ့ အာရတ်စော်ဘွားများ ပြည်ထောင်စုက လူငယ်တွေကို အလုပ်အကိုင်ကောင်းကောင်းပေးမယ်လို့ မြူဆွယ်ပြီး အွန်လိုင်းရာဇဝတ်မှုတွေ ကျုးလွန်ခိုင်းတဲ့ အလုပ်တွေ အဓိက ခိုင်းစေနေတဲ့အကြောင်း သံရုံးကြေညာချက်မှာ ဖေါ်ပြပါတယ်။

အိန္ဒိယလူငယ်တွေကို ပစ်မှတ်ထားတဲ့ အလုပ်အကိုင်အတုတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်စာတမ်းမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းဖို့နဲ့ ကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့အကြောင်း ဖေါ်ပြထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အလုပ်ခိုင်းခံရတဲ့သူ တသိန်း နှစ်သောင်းလောက် ရှိမယ်လို့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထုတ် ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖေါ်ပြပြီး အဲဒီအထဲမှာ အိန္ဒိယနိုင်ငံသား အများအပြား ပါဝင်တာကြောင့် အရင်ကလည်း အလားတူ သတိပေးချက်တွေ ထုတ်ပြန်ဖူးပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘောဒီးယားကနေ အိန္ဒိယနိုင်ငံသား ၂၅၀ ကို ကယ်တင်ခဲ့ရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေမှာ အတင်းအကျပ် အလုပ်ခိုင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၁၃၀ ကို အိန္ဒိယအစိုးရက ကယ်တင်ခဲ့ဖူးပါတယ်။

Forum

XS
SM
MD
LG