သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းကိစ္စအပြစ်တင်မှု ထိုင်းပယ်ချ


လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်လာတဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai (နိုဝင်ဘာ ၂၀၊ ၂၀၂၄)
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးကို တက်ရောက်လာတဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai (နိုဝင်ဘာ ၂၀၊ ၂၀၂၄)

နယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ထိုင်းအစိုးရမှာ တာဝန်မကင်းဘူးဆိုတဲ့ မြန်မာစစ်ကောင်စီရဲ့ အပြစ်တင်ပြောဆိုချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ် ဒုဝန်ကြီးချုပ်လည်း ဖြစ်တဲ့ Phumtham Wechayachai က ငြင်းဆိုလိုက်ပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေဟာ ရှုပ်ထွေးပြီး အဖွဲ့အစည်းစုံ ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေဖြစ်တဲ့အတွက် အပြစ်တင်ဖို့ထက် ပူးပေါင်းနှိမ်နှင်းဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုတာကို ဒီနေ့ထုတ် ဘတ်ကောက်ပို့စ်သတင်းစာမှာ ရေးထားပါတယ်။

အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းရေးမှာ အိမ်နီးချင်းနိုင်ငံကြောင့် အခက်အခဲရှိတယ်ဆိုပြီး စစ်ကောင်စီပြောဆိုတဲ့အကြောင်း ဒေသခံ သတင်းမီဒီယာတခုမှာ ရေးသားထားတာကို ထိုင်းကာကွယ်ရေးဝန်ကြီး Wechayachai က တုံ့ပြန်တာပါ။

ထိုင်းမြန်မာနယ်ခြား အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုလ် နဲ့ KK Park နယ်မြေတွေမှာ လုပ်ငန်းတွေလည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိတာ မဟုတ်ဘဲ၊ တဖက်နိုင်ငံကတဆင့် ရယူနေတာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုတဲ့ နာမည်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။

မြဝတီ ရွှေကုက္ကိုလ်ဒေသကို ထိုင်းဘက်က လျှပ်စစ်ဓါတ်အားပေးနေတာတွေ ဖြတ်တောက်ဖို့ ထိုင်းလွှတ်တော်အတွင်းမှာ ဖိအားပေးတောင်းဆိုတာတွေလည်း တိုးလာနေပါတယ်။ ထိုင်း ကာကွယ်ရေးဦးစီးချုပ်ကတော့ ထိုင်းနိုင်ငံကို အသုံးချပြီး လုပ်ငန်းလည်ပတ်နေတာမျိုးတွေ သက်သေအထောက်အထားပြနိုင်ရင် အချိန်မရွေး ပူးပေါင်းနှိမ်နှင်းဖို့ အဆင့်သင့်ရှိတဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

ငွေလိမ်ဂိုဏ်းကိစ္စအပြစ်တင်မှု ထိုင်းပယ်ချ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG