သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၅၀၀ ကျော် မလေးရဲ ဖမ်းဆီး


မလေးရှားနိုင်ငံတွင်း တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူများကို မလေး လဝကအဖွဲ့က ဖမ်းဆီးနေ။ (Photo: Malaysia Immigration)
မလေးရှားနိုင်ငံတွင်း တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူများကို မလေး လဝကအဖွဲ့က ဖမ်းဆီးနေ။ (Photo: Malaysia Immigration)

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ထဲက ကလန်းမဲရူးဈေးကြီးကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်း မလေးရှား အာဏာပိုင်တွေက အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက် စီးနင်းရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းဆီး ခံရပါတယ်။ အခုဆိုရင် အဖမ်းဆီးတွေ ဆက်တိုက်လုပ်နေပြီး အမှု ရင်ဆိုင်နေတဲ့ကာလမှာပဲ နေရပ်ပြန်ပို့ဖို့အတွက်ကိုလည်း မြန်မာတွေကို လက်မှတ်ထိုးခိုင်းတာတွေ လုပ်လာတယ်လို့ မြန်မာ့အရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


ကလန်းမဲရူးဈေးကြီးကို မလေးရှား အာဏာပိုင်တွေက အော်ပရာစီ စစ်ဆင်ရေးနဲ့ ဝင်ရောက်စီးနင်းခဲ့ချိန်မှာ မြန်မာနိုင်ငံသားတွေ အစုအဝေးနဲ့ ဖမ်းဆီးခံလိုက်ရတာပါ။ ခုလို ဖမ်းဆီးမှုအတွင်း တရားမဝင် နိုင်ငံခြားသား ၆၀၀ ကျော် ဖမ်းဆီးခံရတဲ့အထဲမှာ မြန်မာနိုင်ငံသားက ၅၀၀ ကျော် ပါဝင်နေတယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးထက်သိမ်းက VOAကို ပြောပါတယ်။

" ဒီနေ့မနက် ဖမ်းဆီးမှုဖြစ်စဉ်ကတော့ ကလန်းမဲရူးစျေးထဲကို လ၀ကနဲ့ အဖဲွစုံကနေ ဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ လူအယောက်ပေါင်း ၆၃၀ ကို ထိန်းသိမ်းပြီးတော့မှ အချက်အလက် စိစစ်တယ်၊ ဒီ ၆၃၀ ထဲမှာ အင်ဒိုနီးရှား ၉ ဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး၊ အိန္ဒိယ ၅ ဦး၊ နီပေါ ၁ ဦးနဲ့ မြန်မာ ၅၃၀ ဦး ပါဝင်တယ်လို့ ကျနော်တို့သိရတယ်။ အဲဒီ မြန်မာ ၅၃၀ ထဲမှာတော့ ရိုဟင်ဂျာတွေက အများစု ဖြစ်တယ်လို့သိရပါတယ်။ "

မလေးရှားနိုင်ငံတွင်း တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူများကို မလေး လဝကအဖွဲ့က ဖမ်းဆီးနေ။ (Photo: Malaysia Immigration)
မလေးရှားနိုင်ငံတွင်း တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူများကို မလေး လဝကအဖွဲ့က ဖမ်းဆီးနေ။ (Photo: Malaysia Immigration)

မလေးရှားမှာ အဖမ်းဆီးက နေ့စဉ်လိုလို ဖြစ်နေပြီး ဒီလပိုင်းတွေ အတွင်းမှာပဲ မြန်မာနိုင်ငံသား ၂,၀၀၀ ထက်မနည်းဖမ်းဆီးခံနေရတယ်လို့ ပြောပါတယ် ။ မြန်မာတွေ အမှု ရင်ဆိုင်နေရတဲ့ကာလတွင်းမှာပဲ နေရပ်ပြန်ဖို့အတွက် ဖိအားပေး ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

" အမှုတခုမှာဆိုရင် ပုံမှန်အားဖြင့်ဆိုရင်တော့ ကျနော်တို့ ရမန်ကြီး တပတ် ယူထားတယ်ပေါ့နော်၊ ၁၄ ရက်ပေါ့ ၊ ရုံးတင်ဖို့ အမှုကိုတည်ဆောက်တဲ့ကာလပေါ့။ ရုံးတင်မယ် ပြစ်မှုထင်ရှားရင် တရားမဝင် နေထိုင်တယ်ဆိုရင် ထောင်ချမယ်ပေါ့။ ထောင်ကနေ လ၀က ထိမ်းသိမ်းရေးစခန်းကို သွားရမယ် ပြီးမှ ကာယာကံရှင်ရဲ့ သဘောအပေါ် မူတည်ပြီးမှ မြန်မာပြည်ပြန်ပို့မယ် ထိန်းသိမ်းရေးစခန်းမှာ နေမယ်၊ အဲဒီလိုတွေ လုပ်ရတယ်။ လုပ်ငန်းစဉ်ကတော့ အဲဒီလိုရှိတယ်။ ၁၄ ရက် ချုပ်နှောင်ခံနေရစဥ် အမှုတည်ဆောက်တဲ့ အတိုင်းအတာကနေ အခုကတော့ မြန်မာသံရုံးနဲ့ မလေးရှား လ၀ကတို့က အခု ချက်ချင်း ပြန့်ပို့ဖို့အတွက် လက်မှတ်ထိုးခိုင်းတာတွေကို ကြုံနေရပါတယ်။ "

အခု ဖမ်းဆီးခံရတဲ့ ၆၂၈ ဦးစလုံးဟာ အသက် ၁၇ နှစ်ကနေ ၅၇ နှစ် အကြားအရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ကြတယ်လို့ မလေးရှားအာဏာပိုင်တွေက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ ရှားလန်း၊ ပီးနန်း၊ ကလန်း၊ ပူးချွန်၊ ကွာလာလမ်ပူ စတဲ့နေရာတွေကို ဆက်တိုက်ဝင်ရောက် ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးနေရာမှာ မြန်မာတွေလည်း အများအပြား ဖမ်းဆီးခံနေရတာပါ။

မလေးရှားနယ်စပ်မှာလည်း ကလေးသူငယ်တွေ အပါအဝင် မြန်မာတွေ အဖမ်းဆီးခံနေရပြီး သူတို့ကိုလည်း လ၀က ဥပဒေနဲ့ အရေးယူပြီးတာနဲ့ နေရပ်ပြန်ပို့မယ်လို့ ပြောဆိုထားပါတယ်။

အခုဆို ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့လို့ မြန်မာပြည်တွင်း ပြန်ရောက်သွားတဲ့အခါ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတဲ့အဖြစ်နဲ့လည်း ကြုံနေရပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်မှုထမ်းရမှာ စိုးတဲ့အတွက်ကော အလုပ်အကိုင် ရှာဖွေဖို့အတွက်ပါ တရားမဝင် နည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့မလေးရှားကို ထွက်နေကြရာမှာ မလေးရှားမှာလည်း မြန်မာတွေ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်ရှင်။

အထောက်ထားမဲ့ မြန်မာ ၅၀၀ ကျော် မလေးရဲ ဖမ်းဆီး
please wait

No media source currently available

0:00 0:03:27 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG