သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၅၀ ကျော် မလေးရှားရဲ ဖမ်းဆီး


မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ သက်ဆိုင်ရာဌာနပေါင်းစုံအဖွဲ့တွေပေါင်းပြီး စစ်ဆင်ရေးနဲ့ အထောက်အထားမဲ့နဲ့ ဗီဇာသက်တမ်းလွန် နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ (မှတ်တမ်း ပုံဟောင်း/ ဓာတ်ပုံ-မလေးရှား လဝက)
မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ သက်ဆိုင်ရာဌာနပေါင်းစုံအဖွဲ့တွေပေါင်းပြီး စစ်ဆင်ရေးနဲ့ အထောက်အထားမဲ့နဲ့ ဗီဇာသက်တမ်းလွန် နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ (မှတ်တမ်း ပုံဟောင်း/ ဓာတ်ပုံ-မလေးရှား လဝက)


မလေးရှားနိုင်ငံ ဂျိုဟိုးနဲ့ကွာလာလမ်ပူမြို့တွေမှာတရားမဝင်လာရောက်သူတွေကို စီမံချက်နဲ့ဖမ်းဆီးနှိမ်နင်းရာမှာ သောကြာနေ့က မြန်မာ ၅၀ ကျော်အပါအဝင် အထောက်ထားမဲ့နေထိုင်သူ ၁၀၀ ကျော်ကို မလေးရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ မြန်မာတွေ အဖမ်းခံရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းထားတဲ့ VOA သတင်းထောက် မအေးအေးမာက သတင်းပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ တရားဝင် အထောက်အထား မရှိသူတွေကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ မေလ ၂၄ ရက်နေ့ မနက်က ဂျိုဟိုးမြို့မှာ အဖမ်းဆီးတွေလုပ်ခဲ့ပြီး နိုင်ငံခြားသားတွေကို စစ်ဆေးခဲ့ပါတယ်။ ဒီထဲမှာ အထောက်အထားမဲ့ လူ ၁၀၀ကျော် ဖမ်းမိပြီး၊ ဒီထဲမှာ မြန်မာ ၅၀ ကျော် ပါဝင်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိန်းက ပြောပါတယ်။

" ဂျိုဟိုး အဖမ်းအဆီး အခြေအနေက ၂၄၉ ဦးက ပြောမယ်ဆိုရင် ဂျိုဟိုး ကူလိုင်းဘက်မှာ စစ်ဆေး ခံနေရတာ။ စစ်ဆေးခံရသူတွေက ၂၄၉ ဦး ၊ အဲဒီထဲက အထောက်အထားမဲ့က ၁၀၆ ဦးကို ဖမ်းမိတယ်။ အဲဒီထဲမှာ မြန်မာက အမျိုးသားက ၁၈ ဦး၊ အမျိုးသမီးက ၃၃ ဦး ပါတယ်။ "

ဂျိုဟိုးသာမက ကွာလာလမ်ပူ အနီးတဝိုက်မှာလည်း အော်ပရာစီ စစ်ဆင်ရေးကို ၂ ခါ ဆက်တိုက် လုပ်ခဲ့တာကြောင့် မြန်မာတွေ ဖမ်းမိတယ်လို့ သူက ဆက်ပြောပြပါတယ်။

" ကွာလာလမ်ပူမှာလည်း နေရာစိတ်စိတ်ကို ဖမ်းမိပါတယ်။ အဲဒီထဲမှာ ဂျလန်အာလောတို့ ဂျလန်အင်ဘိတို့ စတဲ့နေရာတွေမှာ ဖမ်းခံနေရတယ်၊ ပြီးခဲ့တဲ့ အပတ်ကလည်း ကလန်းဘက်မှာလည်း မြန်မာ အယောက် ၄၀၀ ကျော်လောက် အဖမ်းခံရတယ် ကွာလာလမ်ပူမှာလည်း ကလပ်တွေ ဘားတွေနားမှာဆို အယောက် ၄၀ ၊ အယောက် ၅၀ တို့ အသုတ်လိုက် ဖမ်းခံနေရတယ်။ "

ကွာလာလမ်ပူဘက်က မြန်မာတွေကတော့ အော်ပရာစီ စစ်ဆင်ရေး ဝင်လာချိန်မှာ တောထဲကို ထွက်ပြေးတာ၊ တောင်ပေါ်ကို ထွက်ပြေးတာ ရေမြောင်းကြီးတွေထဲ ခုန်ဆင်းပြီးပြေးတာတွေ လုပ်ခဲ့တာကြောင့် ထိခိုက် ဒဏ်ရာတွေလည်း ရကြတယ်လို့ ဆိုပါတယ်။

အခုအခါမှာ ဒဏ်ကြေးပေးပြီး နေရပ်ပြန်နိုင်ကြောင်း မလေးရှားအစိုးရက ကြေငြာထားပေမယ့် မြန်မာပြည်မှာအလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်လည်း မပြန်နိုင် အထောက်အထား လက်မှတ်လုပ်ဖို့ကလည်းအခက်အခဲ ရှိနေကြတယ်လို့ ဆိုပါတယ်။ မလေးရှားမှာ အလုပ်လုပ်ခွင့် ပါမစ်ရဖို့က ခက်ခဲပြီး လုပ်သား လျော့ချမှုတွေ ရှိတဲ့အတွက်လည်း အောက်ခြေသိမ်း ရရာအလုပ်ကို မြန်မာတွေက လုပ်ကိုင်နေကြရတာပါ။ အခုဆိုရင် မလေးရှားမှာ အထောက်အထားမရှိတဲ့ မြန်မာတွေ အများအပြား တိုးလာတယ်လို့လည်း အလုပ်သမားရေး လုပ်ဆောင်နေသူတွေကလည်း ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG