သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား စစ်ရဟတ်ယာဉ် တိုက်မှုကြောင့် ၁၀ ဦးသေဆုံး


မလေးရှား စစ်ရဟတ်ယာဉ်နှစ်စီးတိုက်မိခဲ့ပြီး အပျက်အစီးများကိုတွေ့ရစဉ် (ဧပြီ ၂၃၊ ၂၀၂၄)
မလေးရှား စစ်ရဟတ်ယာဉ်နှစ်စီးတိုက်မိခဲ့ပြီး အပျက်အစီးများကိုတွေ့ရစဉ် (ဧပြီ ၂၃၊ ၂၀၂၄)

မလေးရှားနိုင်ငံမှာ စစ်ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာ ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်မှာ ပါလာသူ လူ ၁၀ ဦးစလုံး သေဆုံးခဲ့တယ်လို့ မလေးရှားရဲချုပ်က ပြောပါတယ်။

ရှေ့လထဲမှာကျရောက်မယ့် မလေးရှား ရေတပ်ရဲ့ နှစ် ၉၀ ပြည့် နှစ်ပတ်လည် အခမ်းအနားအတွက် မြောက်ပိုင်းရှိ ရေတပ်အခြေစိုက်စခန်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ပျက်ကျတာလို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်ပေါ်မှာပါတဲ့ အမှုထမ်း ၁၀ ယောက်စလုံး မတော်တဆမှုမှာ အသက်ရှင်ကျန်ရစ်တာ မရှိဘူးလို့ Perak ပြည်နယ် ရဲချုပ် Mohamad Yusri Hassan Basri က ပြောကြားပြီး၊ အခြေစိုက်စခန်းရဲ့ အားကစားကွင်းနဲ့ ရေကူးကန်နေရာတွေမှာ ပူးပေါင်းရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ရဟတ်ယာဉ်တွေဟာ အုပ်စုလိုက် ခပ်နိမ့်နိမ့်ပျံသန်းနေပြီး၊ အဲ့ဒီထဲက တစီးက ဘေးတိုက်ကွေ့ အထွက်မှာ အခြား ရဟတ်ယာဉ်တစီးနဲ့ တိုက်မိကာ နှစ်စီးလုံးပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ရေတပ်ဌာနက ပြောပါတယ်။

မလေးရှား စစ်ရဟတ်ယာဉ် တိုက်မှုကြောင့် ၁၀ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG