သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား စမုံညှင်းမြို့မှာ မြန်မာ ၂၀၀ နီးပါး ဖမ်းဆီးခံရ


မလေးရှား စမုံညှင်းမြို့မှာ ဖမ်းဆီးခံရ မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန)
မလေးရှား စမုံညှင်းမြို့မှာ ဖမ်းဆီးခံရ မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန)


မလေးရှားနိုင်ငံ ဆာလန်ဂေါပြည်နယ်ထဲက စမုံညှင်းမြို့မှာ မြန်မာ ၂၀၀ လောက် ဖမ်းဆီးခံထားပါတယ်။ ဇန်နဝါရီ ၁၉ ရက် သောကြာနေ့ညပိုင်းမှာ ရှောင်တခင်ဝင်ရောက် စီးနင်းစစ်ဆေးမှုအတွင်း ၅၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး မြန်မာ ၂၀၀ လောက်ပါဝင်တယ်လို့ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရဲတွေ ဝင်ရောက်ဖမ်းဆီးစဉ် တရားဝင်အထောက်အထား ရှိသူတွေကိုပါ သိမ်းကြုံးဖမ်းဆီးသွားတယ်လို့ မြန်မာတချို့က ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ ဆာလန်ဂေါပြည်နယ်၊ စမုံညှင်းမြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ည ၁၁ နာရီကျော်အချိန်က နိုင်ငံခြားသားတွေအများစု နေထိုင်ရာ တိုက်ခန်းတွေနဲ့ လူနေရပ်ကွက်တွေကို မလေးရှားအာဏာပိုင်တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေး အပါအဝင် ဌာနဆိုင်ရာ အသီးအသီးက စုစုပေါင်း ဝန်ထမ်း ၄၅၀ ကျော်က စစ်ဆေးဖမ်းဆီးတဲ့ စစ်ဆင်ရေး လုပ်ခဲ့တာမှာ မြန်မာ ၂၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးထက်သိမ်းက VOA ကိုပြောပါတယ်။

"စမုံညှင်းဆိုတာကတော့ မြန်မာတွေအတွက်တော့ အထင်ကရ ဖြစ်တဲ့နေရာတခုပါပဲ ဘာဖြစ်လို့လဲဆိုတော့ စမုံညှင်းမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းလည်း ရှိတယ်။ အဲဒီမြို့မှာ အဖမ်းခံရတာပေါ့နော် အားလုံးလူပေါင်း ၇၅၀ကျော်ကို ဖမ်းဆီးစစ်ဆေးတာပေါ့နော်။ အထောက်အထား မပြည့်စုံသူ ၅၆၁ ယောက် အဖမ်းခံရတယ်။ အဲဒီမှာ လူမျိုးစုံပါတယ်။ ဘင်္ဂလားဒေရှ့် မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စတဲ့ လူမျိုးပေါင်းစုံပါတယ် အဲဒီထဲမှာ မြန်မာက ၂၀၀ လောက်ပါတယ်လို့ သိရပါတယ်။"

မလေးရှားနိုင်ငံမှာ အော်ပရာစီ စစ်ဆင်ရေး လုပ်တဲ့အခါမှာ တရားဝင်နေထိုင်သူရော၊ တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသူတွေကိုပါ သိမ်းကြုံး ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ အိမ်တွေကို ချိုးဖျက်ဝင်ရောက်တာတွေ လုပ်တဲ့အတွက် လူ့အခွင့်ရေး ရှုဒေါင့်ကကြည့်ရင် မညီညွတ်ဖူးလို့လည်း ပြောပါတယ်။

"ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့် အခြေခံလူအခွင့်အရေးနဲ့ ညီညွတ်တာမျိုးတော့ မဟုတ်ဘူး။ ဘာ၀ရမ်းမှာ မပါဘဲ။ လူတယောက်ရဲ့ အိမ်ကို တူတွေနဲ့ ထု၀င်တယ်။ ကပ်ကြေးတွေနဲ့ ဖြတ်ဝင်တယ်။ ဘယ်လို့မှ ဝင်မရဘူးဆိုရင် အောက်စီ Cutter တွေနဲ့ ဖြတ်ဝင်တယ်။ အထောက်အထားတွေ ပြည့်စုံလည်း ပြောပိုင်ခွင့်မရှိဘူး။ တကယ်တန်းကျတော့ ဘာအခွင့်ရေးမှ မရဘူး။ အထောက်အထား ပြည်စုံလည်း၊ ငါ့မှာရှိတယ်လို့ ပြောလည်းမရဘူး။ ဘာမှ ပြောခွင့်မရှိဘူး။ အကုန်ကားပေါ်တက် အကုန်လက်ထိပ်ခတ် ထိုင်ခိုင်းတယ် အဲဒါတွေလုပ်တယ်။"

အခုအဖမ်းအဆီး ခံရသူတွေကိုတော့ လူဝင်မူ့ကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ အရ အရေးယူမှာ ဖြစ်ပြီး၊ သူတို့ကို ဆက်စုံစမ်းစစ်ဆေးဖို့အတွက် ဘူးကေ့အကျဉ်းထောင် လူဝင်မှု ကြီးကြပ်ရေးဌာနမှာ ထိမ်းသိမ်းထားပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ပြည်နယ် ၂ ခုမှာ မြန်မာတွေ အဖမ်းခံရတာရှိတယ်လို့ ပြောပါတယ်။

"လကာပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တွေမှာ ပြောရမယ်ဆိုရင် ဖမ်းဆီးမူတွေရှိတယ်။ န်မာနိုင်ငံသားတွေ ၁၅ ဦး အပါအဝင် လူ ၁၀၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်းလ၀ကက သတင်းထုတ်ပြန်ထားပါတယ်။"

မလေးရှားနိုင်ငံ ပီနန်းမြို့မှာ လည်း ဇန်နဝါရီလ ၁၃ ရက်နေ့ညက နိုက်ကလပ်တခုအတွင်းမှာ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ် နာမည်ကြီးတဲ့ အေမီဈာန်နဲ့ Sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ ဖူးပွင့်ခိုင်တို့ ဖျော်ဖြေနေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ မြန်မာ ၈၀ လောက်အဖမ်းခံရပါတယ်။ အဲဒီထဲက အေမီဈာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်အပါအဝင် လူ၃၀ လောက်ကတော့အခုချိန် ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်တာကြောင့် ပြန်မလွတ်သေးပါဘူး။ မလေးရှားမှာ တရားမဝင် နိုင်ငံခြားသားတွေကို ဆက်တိုက်ဖမ်းဆီးနေပြီး အစုလိုက်အပြုံလိုက်လည်း မကြာခဏ ဖမ်းဆီးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်ရှင်။ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရဲတွေ ဝင်ရောက်ဖမ်းဆီးစဉ် တရားဝင်အထောက်အထားရှိသူတွေကိုပါ သိမ်းကြုံးဖမ်းဆီးသွားတယ်လို့ မြန်မာတချို့က ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

မလေးရှားနိုင်ငံ၊ ဆာလန်ဂေါပြည်နယ်၊ စမုံညှင်းမြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ည ၁၁ နာရီကျော်အချိန်က နိုင်ငံခြားသားတွေအများစုနေထိုင်ရာ တိုက်ခန်းတွေနဲ့ လူနေရပ်ကွက်တွေကို မလေးရှားအာဏာပိုင်တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ မလေးရှားလူဝင်မှုကြီးကြပ်ရေး အပါအဝင် ဌာနဆိုင်ရာ အသီးအသီးက စုစုပေါင်း ဝန်ထမ်း ၄၅၀ ကျော်က စစ်ဆေး ဖမ်းဆီးတဲ့စစ်ဆင်ရေးလုပ်ခဲ့တာမှာ မြန်မာ ၂၀၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးထက်သိမ်းက VOA ကိုပြောပါတယ်။

"စမုံညှင်းဆိုတာကတော့ မြန်မာတွေအတွက်တော့အထင်ကရဖြစ်တဲ့နေရာတခုပါပဲ ဘာဖြစ်လို့လဲဆိုတော့ စမုံညှင်းမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းလည်းရှိတယ်။ အဲဒီမြို့မှာအဖမ်းခံရတာပေါ့နော် အားလုံးလူပေါင်း ၇၅၀ကျော်ကို ဖမ်းဆီးစစ်ဆေးတာပေါ့နော် အထောက်အထား မပြည့်စုံသူ ၅၆၁ ယောက် အဖမ်းခံရတယ်။ အဲဒီမှာ လူမျိုးစုံပါတယ်။ ဘင်္ဂလားဒေရှ့် မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စတဲ့ လူမျိုးပေါင်းစုံပါတယ် အဲဒီထဲမှာ မြန်မာက ၂၀၀ လောက်ပါတယ်လို့သိရပါတယ်။"

မလေးရှားနိုင်ငံမှာ အော်ပရာစီစစ်ဆင်ရေးလုပ်တဲ့အခါမှာ တရားဝင်နေထိုင်သူရော၊ တရားဝင် နေထိုင်ခွင့်လက်မှတ် မရှိသူတွေကိုပါ သိမ်းကြုံး ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ အိမ်တွေကိုချိုးဖျက် ဝင်ရောက်တာတွေလုပ်တဲ့အတွက် လူ့အခွင့်ရေး ရှုဒေါင့်ကကြည့်ရင် မညီညွတ်ဖူးလို့လည်း ပြောပါတယ်။

"ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့် အခြေခံ လူအခွင့်အရေး နဲ့ညီညွတ်တာမျိုးတော့မဟုတ်ဘူး ဘာ၀ရမ်းမှာ မပါပဲ လူတယောက်ရဲ့အိမ်ကို တူတွေနဲ့ထု၀င်တယ်။ ကပ်ကြေးတွေနဲ့ဖြတ်ဝင်တယ်။ ဘယ်လို့မှာဝင်မရဘူးဆိုရင် အောက်စီ Cutter တွေနဲ့ ဖြတ်ဝင်တယ်။ အထောက်အထားတွေ ပြည့်စုံလည်းပြောပိုင်ခွင့်မရှိဘူး။ တကယ်တန်းကျတော့ ဘာအခွင့်ရေးမှမရဘူး။ အထောက်အထားပြည်စုံလည်း ငါ့မှာရှိတယ်လို့ပြောလည်းမရဘူး။ ဘာမှ ပြောခွင့်မရှိဘူး။ အကုန်ကားပေါ်တက် အကုန်လက်ထိတ်ခတ် ထိုင်ခိုင်းတယ် အဲဒါတွေလုပ်တယ်။"

အခုအဖမ်းအဆီးခံရသူတွေကိုတော့ လူဝင်မူ့ကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃အရ အရေးယူမှာဖြစ်ပြီး သူတို့ကို ဆက်စုံစမ်းစစ်ဆေးဖို့အတွက် ဘူးကေ့အကျဉ်းထောင် လူဝင်မှု ကြီးကြပ်ရေးဌာနမှာ ထိမ်းသိမ်းထားပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ပြည်နယ် ၂ ခုမှာ မြန်မာတွေ အဖမ်းခံရတာရှိတယ်လို့ ပြောပါတယ်။

"လကာပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တွေမှာ ပြောရမယ်ဆိုရင် ဖမ်းဆီးမူတွေရှိတယ် မြန်မာနိုင်ငံသားတွေ ၁၅ ဦး အပါအဝင် လူ ၁၀၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း လ၀ကက သတင်းထုတ်ပြန်ထားပါတယ်။"

မလေးရှားနိုင်ငံ ပီနန်းမြို့မှာလည်း ဇန်နဝါရီလ ၁၃ ရက်နေ့ညက နိုက်ကလပ်တခုအတွင်းမှာ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ် နာမည်ကြီးတဲ့ အေမီဈာန်နဲ့ Sexy မော်ဒယ်အဖြစ် ထင်ရှားတဲ့ ဖူးပွင့်ခိုင်တို့ ဖျော်ဖြေနေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ မြန်မာ ၈၀ လောက် အဖမ်းခံရပါတယ်။ အဲဒီထဲက အေမီဈာန်နဲ့ မော်ဒယ်ဖူးပွင့်ခိုင်အပါအဝင် လူ ၃၀ လောက်ကတော့ အခုချိန် ဖမ်းဆီး စစ်ဆေးနေဆဲ ဖြစ်တာကြောင့် ပြန်မလွတ်သေးပါဘူး။ မလေးရှားမှာ တရားမဝင် နိုင်ငံခြားသားတွေကို ဆက်တိုက်ဖမ်းဆီးနေပြီး အစုလိုက်အပြုံလိုက်လည်း မကြာခဏ ဖမ်းဆီးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG