သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ဂျိုဟိုးမြို့မှာ အထောက်အထားမဲ့မြန်မာ ၃၄ ဦး ဖမ်းဆီးခံရ


မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။ (အောက်တိုဘာ ၂၀၊ ၂၀၂၄)
မလေးရှားရောက် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ စစ်ဆေးဖမ်းဆီးခံရ။ (အောက်တိုဘာ ၂၀၊ ၂၀၂၄)

မလေးရှားနိုင်ငံက အနှိပ်ခန်းတခုကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား အများအပြား အပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသားတွေကို ဖမ်းဆီးလိုက်ပါတယ်။ ဂျိုဟိုးမြို့က စီးနင်းမှုအတွင်း မြန်မာနိုင်ငံသား ၃၄ ဦး အပါအဝင် နိုင်ငံခြားသား ၆၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း မလေးရှား လူဝင်မှုကြီးကြပ်‌ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် အထောက်အထားမပြည့်စုံ၊ ဗီဇာသက်တမ်းကျော်ပြီးနေထိုင်နေတဲ့ နိုင်ငံခြားသား ၆၆ ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မလေးရှားနိုင်ငံက ဦးစိုးထက်သိန်းကပြောပါတယ်။

"မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် ဖမ်းဆီးမှုဖြစ်စဉ်မှာ နိုင်ငံခြားသား ၆၆ ဦးကိုဖမ်းဆီးခဲ့တာပါ။ မြန်မာနိုင်ငံသားက အမျိုးသား ၂၄ ဦးနဲ့အမျိုးသမီး ၁၀ ဦးပါပါတယ်။ ကျန်တာကတော့ ဖိလစ်ပိုင်နိုင်ငံသားတွေ၊ ဗီယက်နမ်နိုင်ငံသားတွေနဲ့ ပါကစ္စတန်တွေ၊ အင်ဒိုနီးရှားတွေပါ ပါတယ်အ။ ဖမ်းခံရပါတယ်။ သူတို့အနေနဲ့ နိုင်ငံခြားသားတွေ အများစုနေထိုင်နေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးနေတာပါ။"

ဒါကတော့ မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ရဲတွေအပါအဝင် အဖွဲ့စုံက ပူးပေါင်းပြီး ဂျိုဟိုးမြို့မှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားတွေ အလုပ်လုပ်ကိုင်နေတဲ့ အနှိပ်ခန်း အဆောက်အဦတခုကို ဝင်ရောက်စီးနင်းခဲ့ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဂျိုဟိုးပါအဝင် မလေးရှားတနိုင်ငံလုံးအဖမ်းအဆီးတွေလုပ်ရမှာ တလအတွင်းမှာ လူတထောင်နီးပါးလောက်အဖမ်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ထောင်ဂဏန်းဝန်းကျင်ရှိတယ်လို့ပြောလို့ရပါတယ် အခုဆိုရင် ဂျိုဟိုးတို့ ကွာလာလာမ်ပူတို့ အခုဆိုရင်ဒီရက်ပိုင်းအတွင်းကတော့အဖမ်းအဆီးတွေကြမ်းတော့မြန်မာတွေက သူတို့နေတဲ့နေရာတွေကိုလာမယ်ကြားပြီး ထွက်ပြေးနေရတာတွေရှိပါတယ်။"

အခုဆိုရင် RTK2.0 လို့ခေါ်တဲ့ ပါမစ်လုပ်ပေးတဲ့သက်တမ်းကုန်တဲ့ရက်ဖြစ်တဲ့ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်းကစပြီး နိုင်ငံခြားသားအလုပ်သမားတွေနေထိုင်ရာ အလုပ်လုပ်ရာနေရာတွေသာမက ပင်လယ်ရေပြင်ထဲအထိ အဖမ်းအဆီးတွေ ခပ်စိတ်စိတ်လုပ်လာတယ်လို့လည်းပြောပါတယ်။

"အဓိကဖမ်းတာကတော့ဂျိုဟိုးတို့၊ ကွာလာလာမ်ပူတို့ စက်ရုံတွေအများကြီးရှိတဲ့နေရာတွေ ဖလက် ( ၃ ထပ်အဆောက်အဦး) စားသောက်ဆိုင်တွေရှိတဲ့နေရာတွေ အဲဒီလိုနေရာတွေ၊ ကြားမြို့လေးတွေဖြစ်တဲ့ ပီနန်းတို့၊ အီပို့တို့နေရာတွေမှာပါ အဖမ်းအဆီးတွေကဆက်တိုက်ရှိနေတာပါ။"

ပြီးခဲ့တဲ့ရက်ကပဲမလေးရှားရေပြင်မှာတရားမဝင်အလုပ်လုပ်ကိုင်နေတဲ့မြန်မာနို်ငငံသားသင်္ဘောသား ၁၄ ဦးကိုဖမ်းဆီးခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖဲွက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့ က ၁၄ ထပ် Apartment Abdullah Hukum တခု အနီးပတ်ဝန်းကျင်ရပ်ကွက်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ညက အော်ပရာစီ စစ်ဆင်ရေးလုပ်ရာမှာ လူတထောင်ကျော်စစ်ဆေးခံရပြီး လူ ၅၀၀ ကျော်ဖမ်းဆီးခံရတဲ့ထဲမှာမြန်မာ ၇၅ ဦး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG