သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၇၀ ကျော် မလေးရှားမှာ ဖမ်းဆီးခံရ   


မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ သက်ဆိုင်ရာဌာနပေါင်းစုံအဖွဲ့တွေပေါင်းပြီး စစ်ဆင်ရေးနဲ့ အထောက်အထားမဲ့နဲ့ ဗီဇာသက်တမ်းလွန် နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံ-မလေးရှား လဝက)
မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့မှာ သက်ဆိုင်ရာဌာနပေါင်းစုံအဖွဲ့တွေပေါင်းပြီး စစ်ဆင်ရေးနဲ့ အထောက်အထားမဲ့နဲ့ ဗီဇာသက်တမ်းလွန် နိုင်ငံခြားသားတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ (ဓာတ်ပုံ-မလေးရှား လဝက)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ Abdullah Hukum ၁၄ ထပ်တိုက်နဲ့ အနီးပတ်ဝန်းကျင်ရပ်ကွက်တွေမှာ မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက အထောက်အထားမဲ့ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက မြန်မာအပါအဝင် လူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း အလားတူ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ဒီလထဲ မြန်မာအများအပြား ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိင်ငံ ကွာလာလမ်ပူမြို့အတွင်းက ၁၄ ထပ်ရှိတဲ့ Apartment တခုကို မလေးရှားအာဏာပိုင်တွေက အဓိကဝင်ရောက်စီးနင်းပြီး အော်ပရာစီစစ်ဆင်ရေးလုပ်ခဲ့တာပါ။ အဲဒီထဲမှာ နိုင်ငံခြားသားအများအပြားနေထိုင်တဲ့အတွက် အဲဒီနေရာကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ရာမှာမြန်မာ ၇၅ ဦး ဖမ်းဆီးခံရတယ်လို့ ကွာလာလမ်ပူမြို့မှာနေထိုင်နေတဲ့ ဦးစိုးထက်သိန်းက ပြောပါတယ်။
"မနေ့ကညက ကွာလာလမ်ပူမြို့ထဲမှာပေါ့နော်၊ အော်ပရာစီစစ်ဆင်ရေးကို မလေးရှား လဝကနဲ့ အဖွဲ့ပေါင်းစုံကလုပ်တာပေါ့နော်၊ ဒီလိုလုပ်မယ်ဆိုတာကို ဒီအပတ်ထဲမှာ သတင်းတော့ကြိုရပြီး မြန်မာတွေကြားမှာ သတင်းပေးကြတာရှိတယ်။ ဒီစစ်ဆင်ရေးကိုတော့ ရဲပါမယ်။ လဝကအဖွဲ့ပေါင်းစုံနဲ့ လူအင်အား ၈၅ ယောက်ပါပြီး စီးနင်းခဲ့တာပါ။ ဒီထဲမှာစစ်ဆေးခံရတာ လူဦးရေ တထောင်ကျော် ဖမ်းဆီးစစ်ဆေးခံရပါတယ်။ အထောက်အထားမပြည့်စုံတဲ့သူက ၅၆၇ ဦးပါပါတယ်။ မြန်မာဦးရေကတော့ ၇၅ ဦးထိန်းသိမ်းခံလိုက်ရပါတယ်။”
မြန်မာအပါအဝင် နိုင်ငံခြားသား ၅၀၀ ကျော်အဖမ်းခံရတယ်လို့လည်း ပြောပါတယ်။
“အဲဒီမှာက တခြားနိုင်ငံခြားသားတွေ အများအပြားရှိလို့ သူတို့က ပစ်မှတ်ထားတာပါ။ အင်ဒိုနီးရှားနိုင်ငံသား ၇၂ ဦး၊ မြန်မာ ၇၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၅၂ ဦး၊ နီပေါ ၁၆၃ ဦး၊ ဖိလစ်ပိုင် ၄ ဦးနဲ့ အိန္ဒိယနိုင်ငံသား တဦးတို့ပါဝင်ပါတယ်။”
အဖမ်းခံရသူတွေထဲမှာ တရားမဝင်နေထိုင်နေသူတွေ၊ ဗီဇာသက်တမ်းကျော်လွန်နေသူတွေ၊ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ နေထိုင်နေသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ကိုတော့ လဝက အချုပ်မှာထိန်းသိမ်းပါတယ်။
မလေးရှားနိုင်ငံမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်းKuala Lumpur မြို့ Kota Raya အနီးမှာ လ၀က စစ်တပ်၊ ရဲဝန်ထမ်းနဲ့အဖွဲ့စုံ ဋ္ဌာနဆိုင်ရာ အင်အားတထောင်သုံးပြီး နိုင်ငံခြားသားအများစု အလုပ်လုပ်တဲ့နေရာတွေ၊ နိုင်ငံခြားသားတွေ သွားလာနေတဲ့ဈေးဆိုင်၊ ဆေးခန်း၊ ခရီးသွားအေးဂျင့်လုပ်ငန်းတွေရှိရာက လမ်းသွားလမ်းလာတွေပါမကျန် အော်ပရာစီစစ်ဆင်ရေးနဲ့ဖမ်းဆီးခဲ့ပါတယ်။ အဲဒီတုန်းကလည်း မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့လူ ၅၀၀ ကျော် ဖမ်းဆီးခဲ့တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG