သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားမွာ အေထာက္ထားမဲ့ ျမန္မာ ၃၀ ေက်ာ္ အဖမ္းခံရ


လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသား ၃၀ ကို ကြာလာလမ္ပူၿမိဳ႕မွာ မေလးရဲတပ္ဖြဲ႔နဲ႔ လဝကတို႔က ဖမ္းဆီးစဥ္။ (photo: Malaysia Immigration )

=== [[ ZAWGYI ]] ===

မေလးရွားမွာ အေထာက္ထားမဲ့ ျမန္မာ ၃၀ ေက်ာ္ အဖမ္းခံရ

မေလးရွားႏိုင္ငံ ပီရတ္ျပည္နယ္ အိုင္ပိုၿမိဳ႕မွာ အေထာက္ထားမဲ့ ျမန္မာ အေယာက္ ၃၀ ေက်ာ္ ဖမ္းဆီးမိတယ္လို႔ မေလးရွား လူဝင္မႈႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ပါတယ္။ အဖမ္းခံရသူေတြကို လူကုန္ကူးသူေတြက ေခၚေဆာင္လာတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။


မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ေျမာက္ဖက္ မိုင္ ၁၀၀ ေက်ာ္ အကြာအေဝးရွိတဲ့ Perak ျပည္နယ္ Ipoh ၿမိဳ႕က လူေနအိမ္နဲ႔အတူ တြဲဖြင့္ထားတဲ့ ျမန္မာစားေသာက္ဆိုင္ တခုကို နယ္ေျမခံ ရဲတပ္ဖြဲ႕နဲ႔ လဝက အရာရွိေတြပါတဲ့ ပူေပါင္းအဖြဲ႕က မတ္လ ၈ ရက္ေန႔ ညအခ်ိန္မွာ ဝင္ေရာက္စီးနင္းခဲ့ပါတယ္။

ေနအိမ္ကို တံခါးမဖြင့္ေပးတာေၾကာင့္ အိမ္တံခါးကို ခ်ိဳးဖ်က္ကာ အထဲမွာ လူကုန္ကူးသူေတြေခၚလာတဲ့ အသက္ ၁၈ ကေန ၄၅ ႏွစ္ၾကား ျမန္မာႏိုင္ငံသား အမ်ိဳးသား၂၆ ဦး၊ အမ်ိဳးသမီး ၄ ဦးကို ဖမ္းမိခဲ့တယ္လို႔ မေလးရွားႏိုင္ငံက တက္ႂကြလႈပ္ရွားသူ ကိုစိုးထက္သိန္းက အခုလို ေျပာျပပါတယ္။

" ၿပီးခဲ့တဲ့ ၆ ရက္ေန႔ေလာက္က အေယာက္ ၂၀ ေလာက္ မေလးရွားထဲကို ေအးဂ်င့္ေတြက သြင္းလာတယ္။ မ်ားေသာအားျဖင့္ကေတာ့ ရခိုင္လူမ်ိဳးေတြျဖစ္ၾကတယ္လို႔ သိရတယ္၊ ရခိုင္စားေသာက္ဆိုင္ အိမ္ဆိုင္တခုျဖစ္တယ္။ အဲဒီမွာ ျမန္မာဆိုင္ေတြလည္း ရွိၾကတယ္၊ဖမ္းခံရတဲ့သူေတြက လူ ၂၀ ေလာက္နဲ႔အရင္ ရွိေနတဲ့ ၁၀ ေယာက္ေလာက္ဆိုေတာ့ ၃၀ ေလာက္ျဖစ္သြားတယ္။ ေယာက်္ားေလးက ၂၆ ေယာက္ မိန္းကေလးက ၄ ေယာက္ျဖစ္တယ္၊ ဖမ္းခံရတဲ့ အိမ္ကေတာ့ ၆ ရက္ေန႔က ဝင္လာၿပီး ၈ ရက္ေန႔မွာ ဖမ္းခံရတာလို႔ သိရပါတယ္။"

မ်ားေသာအားျဖင့္ မေလးရွားကို ေရာက္လာတဲ့ ျမန္မာေတြကို အလုပ္အကိုင္ရဖို႔အတြက္ ျမန္မာအခ်င္းခ်င္း အကူညီေပးရတာေတြ ရွိတယ္လို႔လည္း ေျပာျပပါတယ္။

" ျမန္မာဆိုင္ေတြ ျဖစ္တဲ့အတြက္ ေအးဂ်င့္ေတြ ပြဲစားေတြက အဲဒီဆိုင္ေတြမွာ ဆုံၾကတယ္၊ သူတို႔နဲ႔ ရင္းႏွီးတဲ့ဆိုင္ေတြ သူတို႔နဲ႔အဆင္ေျပတဲ့ ဆိုင္ေတြဆိုရင္ အဲဒီလို ခနတျဖဳတ္ ထားေပးၾကတယ္။ ေရာက္လာတဲ့သူေတြက မေလးရွားကို ဝင္လာၿပီဆိုရင္ ဒီထဲက ျမန္မာေတြကေတာ့ အလုပ္အကိုင္ ရွာေပးရတာေတြ ေနေရးစားေရး ကူညီေပးရတာေတြ ရွိေတာ့ က်ေနာ္ထင္တယ္ အဲဒီလိုမ်ိဳး ထားေပးရတာလည္းျဖစ္မယ္။ "

Perak ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရး ၫြန္ၾကားေရးမႉးရဲ႕ အဆိုအရ Perak ျပည္နယ္ရွိ မေလးရွား လူဝင္မႈႀကီးၾကပ္ေရး ဌာနနဲ႔အတူ ပူးေပါင္းအဖြဲ႕ေတြက ဝင္ေရာက္စီးနင္ရာမွာ အရာရွိ ၁၈ ဦး ပါဝင္တယ္လို႔ ဆိုပါတယ္ ။

ျမန္မာႏိုင္ငံသားေတြဟာ ထြက္ေျပးဖို႔ ႀကိဳးစားၾကေပမယ့္ အိမ္ပတ္လည္ဝိုင္း ပိတ္ဆို႔ထားတာေၾကာင္း ဖမ္းဆီးခံလိုက္ရေၾကာင္း ဒီေနအိမ္ဟာ လုကုန္ကူးတဲ့ ပြဲစားေတြရဲ႕ တေထာက္နားစခန္း ျဖစ္တယ္လို႔လည္း လဝက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အခုဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ႏိုင္ငံကူးစာအုပ္ သက္ေသခံ အေထာက္အထားမရွိပဲ ဝင္ေရာက္လာၾကတာျဖစ္လို႔ မေလးအာဏာပိုင္ေတြက ဆိုပါတယ္။ ဒီအတြက္ လဝကဥပေဒနဲ႔ အေရးယူသြားမွာ ျဖစ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ဖမ္းဆီးလိုက္တဲ့ ျမန္မာႏိုင္ငံသား ၃၀ ကို မေလးရွားႏိုင္ငံအတြင္း သယ္ေဆာင္လာခဲ့သူ လူေမွာင္ခိုပြဲစား ျမန္မာတဦးကိုလည္း ဖမ္းဆီးစစ္ေဆးေနေၾကာင္းလည္း မေလးရွားသတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

မလေးရှားမှာ အထောက်ထားမဲ့ မြန်မာ ၃၀ ကျော် အဖမ်းခံရ

မလေးရှားနိုင်ငံ ပီရတ်ပြည်နယ် အိုင်ပိုမြို့မှာ အထောက်ထားမဲ့ မြန်မာ အယောက် ၃၀ ကျော် ဖမ်းဆီးမိတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဖမ်းခံရသူတွေကို လူကုန်ကူးသူတွေက ခေါ်ဆောင်လာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မြောက်ဖက် မိုင် ၁၀၀ ကျော် အကွာအဝေးရှိတဲ့ Perak ပြည်နယ် Ipoh မြို့က လူနေအိမ်နဲ့အတူ တွဲဖွင့်ထားတဲ့ မြန်မာစားသောက်ဆိုင် တခုကို နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ လဝက အရာရှိတွေပါတဲ့ ပူပေါင်းအဖွဲ့က မတ်လ ၈ ရက်နေ့ ညအချိန်မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

နေအိမ်ကို တံခါးမဖွင့်ပေးတာကြောင့် အိမ်တံခါးကို ချိုးဖျက်ကာ အထဲမှာ လူကုန်ကူးသူတွေခေါ်လာတဲ့ အသက် ၁၈ ကနေ ၄၅ နှစ်ကြား မြန်မာနိုင်ငံသား အမျိုးသား၂၆ ဦး၊ အမျိုးသမီး ၄ ဦးကို ဖမ်းမိခဲ့တယ်လို့ မလေးရှားနိုင်ငံက တက်ကြွလှုပ်ရှားသူ ကိုစိုးထက်သိန်းက အခုလို ပြောပြပါတယ်။

" ပြီးခဲ့တဲ့ ၆ ရက်နေ့လောက်က အယောက် ၂၀ လောက် မလေးရှားထဲကို အေးဂျင့်တွေက သွင်းလာတယ်။ များသောအားဖြင့်ကတော့ ရခိုင်လူမျိုးတွေဖြစ်ကြတယ်လို့ သိရတယ်၊ ရခိုင်စားသောက်ဆိုင် အိမ်ဆိုင်တခုဖြစ်တယ်။ အဲဒီမှာ မြန်မာဆိုင်တွေလည်း ရှိကြတယ်၊ဖမ်းခံရတဲ့သူတွေက လူ ၂၀ လောက်နဲ့အရင် ရှိနေတဲ့ ၁၀ ယောက်လောက်ဆိုတော့ ၃၀ လောက်ဖြစ်သွားတယ်။ ယောကျ်ားလေးက ၂၆ ယောက် မိန်းကလေးက ၄ ယောက်ဖြစ်တယ်၊ ဖမ်းခံရတဲ့ အိမ်ကတော့ ၆ ရက်နေ့က ဝင်လာပြီး ၈ ရက်နေ့မှာ ဖမ်းခံရတာလို့ သိရပါတယ်။"

များသောအားဖြင့် မလေးရှားကို ရောက်လာတဲ့ မြန်မာတွေကို အလုပ်အကိုင်ရဖို့အတွက် မြန်မာအချင်းချင်း အကူညီပေးရတာတွေ ရှိတယ်လို့လည်း ပြောပြပါတယ်။

" မြန်မာဆိုင်တွေ ဖြစ်တဲ့အတွက် အေးဂျင့်တွေ ပွဲစားတွေက အဲဒီဆိုင်တွေမှာ ဆုံကြတယ်၊ သူတို့နဲ့ ရင်းနှီးတဲ့ဆိုင်တွေ သူတို့နဲ့အဆင်ပြေတဲ့ ဆိုင်တွေဆိုရင် အဲဒီလို ခနတဖြုတ် ထားပေးကြတယ်။ ရောက်လာတဲ့သူတွေက မလေးရှားကို ဝင်လာပြီဆိုရင် ဒီထဲက မြန်မာတွေကတော့ အလုပ်အကိုင် ရှာပေးရတာတွေ နေရေးစားရေး ကူညီပေးရတာတွေ ရှိတော့ ကျနော်ထင်တယ် အဲဒီလိုမျိုး ထားပေးရတာလည်းဖြစ်မယ်။ "

Perak ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးရဲ့ အဆိုအရ Perak ပြည်နယ်ရှိ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနနဲ့အတူ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်ရာမှာ အရာရှိ ၁၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ် ။

မြန်မာနိုင်ငံသားတွေဟာ ထွက်ပြေးဖို့ ကြိုးစားကြပေမယ့် အိမ်ပတ်လည်ဝိုင်း ပိတ်ဆို့ထားတာကြောင်း ဖမ်းဆီးခံလိုက်ရကြောင်း ဒီနေအိမ်ဟာ လုကုန်ကူးတဲ့ ပွဲစားတွေရဲ့ တထောက်နားစခန်း ဖြစ်တယ်လို့လည်း လဝက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံကူးစာအုပ် သက်သေခံ အထောက်အထားမရှိပဲ ဝင်ရောက်လာကြတာဖြစ်လို့ မလေးအာဏာပိုင်တွေက ဆိုပါတယ်။ ဒီအတွက် လဝကဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသား ၃၀ ကို မလေးရှားနိုင်ငံအတွင်း သယ်ဆောင်လာခဲ့သူ လူမှောင်ခိုပွဲစား မြန်မာတဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း မလေးရှားသတင်းတွေမှာ ဖော်ပြနေကြပါတယ်ရှင်။

XS
SM
MD
LG