သံုးရလြယ္ကူေစသည့္ Link မ်ား

တားျမစ္အလုပ္ မလုပ္ဖို႔ ေရႊေျပာင္းလုပ္သားေတြကို ထိုင္းသတိေပး


Bangkok is famous for its street food vendors and more international arrivals means more business for the economy, Bangkok, Thailand, Sept. 12, 2021. (Tommy Walker/VOA)

=== [[ ZAWGYI ]] ===

တားျမစ္အလုပ္ မလုပ္ဖို႔ ေရႊေျပာင္းလုပ္သားေတြကို ထိုင္းသတိေပး

ထိုင္းႏို္င္ငံမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ႏိုင္ငံျခားသားေရႊ႔ေျပာင္းအလုပ္သမားေတြနဲ႔ ထိုင္းအလုပ္ရွင္ေတြဟာ ထိုင္းအစိုးရရဲ ႔ ႏို္င္ငံျခားသား ေရႊ႔ေျပာင္းအလုပ္သမားဆိုင္ရာ ဥပေဒစည္းမ်ဥ္း စည္းကမ္းေတြကို လိုက္နာၾကဖို႔နဲ႔ အလုပ္သမားေရးရာ တာ၀န္ရွိသူေတြကလည္း ဒီလိုဥပေဒ ခ်ိဳးေဖါက္မႈေတြအေပၚ ထိထိေရာက္ေရာက္ အေရးယူကိုင္တြယ္ၾကဖို႔ ထိုင္းအစိုးရရဲ ႔ အလုပ္သမား၀န္ၾကီးက သတိေပးေျပာဆိုလိုက္ပါတယ္။ ဒီအေၾကာင္း ထိုင္းႏို္င္ငံ ဘန္ေကာက္ျမိဳ႔ကေန မညိဳညိဳလြင္က သတင္း ေပးပို႔ထားပါတယ္။


ထိုင္းႏိုင္ငံသားေတြပဲ လုပ္ဖို႔ သတ္မွတ္္ထားတဲ့ အလုပ္အကိုင္ေတြမွာ ေရႊ႔ေျပာင္းအလုပ္သမားေတြ ဝင္ေရာက္လုပ္ကုိင္လာၾကၿပီး အေရအတြက္ေတြ ျမင့္တက္လာတာကို တာဝန္ရွိသူေတြ အေနနဲ႔ ျပဌာန္းထားတဲ့ ဥပေဒအတိုင္း လိုက္နာေဆာင္ရြက္ၾကဖို႔ ထိုင္းအလုပ္သမားေရးဌာန ဝန္ႀကီး ဆူခ်ပ္ခ်ဳံကလင္းက ေျပာဆိုလိုက္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အိုခ်ာက ေရႊ႔ေျပာင္းအလုပ္သမား အေရးနဲ႔ပတ္သက္ၿပီး ေသခ်ာတဲ့ စည္းမ်ည္းစည္းကမ္း သတ္မွတ္ခ်က္ေတြ ခ်မွတ္ထားတဲ့အတိုင္း သက္ဆိုင္ရာ အာဏာပိုင္ေတြက ထိုင္းႏိုင္ငံအႏွ႔ံက လုပ္ငန္းခြင္ေပါင္း (၁၄,၀၀၀)ေက်ာ္ကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကေနစၿပီး ဝင္ေရာက္စီးနင္းခဲ့တာမွာ ဒီလို ကန္႔သတ္ထားတဲ့ လုပ္ငန္းခြင္ေတြထဲ ေရႊ႔ေျပာင္းအလုပ္သမားေတြ ဝင္ေရာက္လုပ္ကိုင္ေနတာကို ေတြ႔ခဲ့ရတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာလည္း ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံသား ေရႊ႔ေျပာင္းအလုပ္သမားေတြ ထိုင္းဥပေဒနဲ႔ ျငိစြန္းၿပီး အျပစ္ေပးခံရမွာေတြအေပၚ စိတ္မေကာင္း ျဖစ္မိသလို၊ ေရႊ႔ေျပာင္းအလုပ္လုပ္ကိုင္သူေတြ အေနနဲ႔ကလည္း ထိုင္းႏိုင္ငံက ခ်မွတ္ထားတဲ့ ဥပေဒေတြအေပၚ လိုက္နာဖို႔ေတာ့ လိုအပ္တဲ့အေၾကာင္း ျမန္မာ့အေရး ေဆာင္ရြက္ေနသူတဦးျဖစ္တဲ့ ဦးျမင့္ေဝက ခုလို ေျပာပါတယ္။

" စိတ္ေတာ့ မေကာင္းေပမဲ့ ေျပာတာေတာ့ ေျပာရမွာပဲ။ ထိုင္းႏိုင္ငံကို ေရႊ႔ေျပာင္းအလုပ္သမားေတြ ဝင္ေရာက္လာၿပီး ေနာက္ပိုင္း တိက်တဲ့စည္းကမ္းေတြ ရွိတယ္။ အလုပ္လုပ္တဲ့ေနရာမွာေတာင္ ဆိုင္ေတြမွာဆုိရင္ ေကာင္တာမွာ ေငြမသိမ္းရဘူး၊ အလုပ္ၾကမ္းကိုသာလ်င္ လုပ္ခြင့္ရွိတယ္ ။ အဲဒီလို သတ္မွတ္ထားေပမယ့္ ခုခ်ိန္မွာ က်ေနာ္တို႔ တုိင္းျပည္က လူေတြက ဆံပင္ညႇပ္ အလွျပင္ဆုိင္တို႔ အထည္ဆိုင္တို႔ အစားအေသာက္ ေရာင္းတဲ့ဆိုင္တို႔ အဲဒီလုိမ်ဳိးေလးေတြ ေပၚေပါက္လာတဲ့အခါက်ေတာ့ အဲဒီေပၚမွာ အေတာ္ေလး အာရုံစိုက္ျပီး လုပ္ၾကတာေတြ ေတြ႔ရတယ္။ တထိတ္ထိတ္နဲ႔ ဒီအခ်က္ကို ျဖစ္လာမွာေတြ က်ေနာ္တို႔ စုိးရိမ္ေနတာ။ အဲလို စိုးရိမ္ေနေပမယ့္ ခုက တရုတ္ေတြက စီးပြားေရး ဝင္လုပ္လာၾကေတာ့ ထိုင္းႏိုင္ငံသားေတြက ဆိုင္ပိုင္ရွင္ လုပ္ငန္းပုိင္ရွင္အျဖစ္နဲ႔ နာမည္ခံေပးရာကေနၿပီးေတာ့ ေငြျဖဴေငြလႊဲကိစၥ ေတြ၊ မူးယစ္ေဆးဝါးေတြေရာ အႀကီးအက်ယ္ မသာမႈေတြေ ပတ္သက္လာတဲ့အတြက္ အဲဒီကိစၥေတြကို သူတို႔ကိုင္တြယ္ ေျဖရွင္းရင္းနဲ႔ က်ေနာ္တို႔ ျမန္မာႏို္င္ငံသားေတြပါ အကုန္လုံး ထိခိုက္ရတာေပါ့ေနာ္။ တကယ္ေတာ့ က်ေနာ္တို႔ ႏိုင္ငံကေန ႏိုင္ငံေရးအရ ခိုလႈံလာသူေတြေရာ၊ ေရႊ႔ေျပာင္းအလုပ္သမားေတြေရာ အားလုံးက ထိုင္းႏိုင္ငံက သတ္မွတ္ထားတဲ့ ဥပေဒကို သတိထား လိုက္နာသင့္တယ္၊ လိုက္နာဖို႔လည္း တိုက္တြန္းလိုတယ္။ အခုလိုမ်ဳိးျဖစ္လာေတာ့ က်ေနာ့္တို႔ ေတာ္ေတာ္ေလး ရင္ကြဲရတယ္။ "

ဒီလို စည္းကမ္းခ်ဳိးေဖါက္တဲ့ ေရႊ႔ေျပာင္းအလုပ္သမားေတြထဲမွာ အမ်ားဆုံးက ျမန္မာျပည္သားေတြျဖစ္ၿပီး၊ ကေမၻာဒီယား၊ လာအို၊ ဗီယက္နမ္၊ အိႏၵိယ ႏိုင္ငံသားေတြလည္း ပါဝင္ၾကပါတယ္။ ဥပေဒစည္းမ်ည္းနဲ႔ သတ္မွတ္ထားတဲ့ အလုပ္ေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနၾကတာ ဒါမွမဟုတ္ အလုပ္လုပ္ကိုင္ခြင့္ အေထာက္အထား လက္မွတ္မရွိပဲ အလုပ္လုပ္ေနၾကတဲ့ ေရႊ႔ေျပာင္းအလုပ္သမားေတြ အေနနဲ႔ ဒဏ္ေငြ ဘတ္(၅၀,၀၀၀)အထိ ေပးေဆာင္ရမွာ ျဖစ္တယ္လို႔ ဝန္ႀကီး ဆူခ်ပ္က သတိေပးေျပာဆိုပါတယ္။

အလုပ္ရွင္ေတြကေတာ့ ဒီလို ကန္႔သတ္ထားတဲ့အလုပ္ေတြကို လုပ္ပိုင္ခြင့္ေပးေလ့ရွိတာပါ။ ႏိုင္ငံျခားသား အလုပ္သမားေတြအတြက္ ထိုင္းအစိုးရက ၂၀၁၇ ခုႏွစ္မွာ ျပဌာန္းထားတဲ့ ဥပေဒကို ေဖါက္ဖ်က္ခဲ့ရင္ အလုပ္သမားတဦးအတြက္ ဘတ္ေငြ(၁)သိန္းအထိ အလုပ္ရွင္က ဒဏ္ေငြ ေဆာင္ေပးရမွာျဖစ္ပါတယ္။ ဒီအျပစ္ကို ထပ္ခါတလဲလဲ က်ဴးလြန္ေနမယ္ ဆိုရင္ေတာ့ အလုပ္ရွင္ေတြေရာ ေရႊ႔ေျပာင္းအလုပ္သမားေတြပါ ဒဏ္ေငြ ဘတ္(၂)သိန္း ဒါမွမဟုတ္ ေထာင္ဒဏ္တႏွစ္ ဒါမွမဟုတ္ ျပစ္ဒဏ္ ႏွစ္ခုစလုံး ခ်မွတ္ခံရမွာ ျဖစ္သလို၊ ေရႊ႔ေျပာင္းအလုပ္သမားေတြဟာ ၃ ႏွစ္တိတိ အလုပ္လုပ္ခြင့္ ပိတ္ပင္ခံရမွာ ျဖစ္ပါတယ္။

ထိုင္းအစိုးရ အေနနဲ႔ ခုလို ေရႊ႔ေျပာင္းအလုပ္သမားေတြအေပၚ စည္းမ်ည္းေတြ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္လာတဲ့အတြက္ ျမန္မာျပည္သား ေရႊ႔ေျပာင္းအလုပ္သမား တခ်ဳိ႕ကေတာ့ စိုးရိမ္မႈေတြ ရွိေနတာပါ။ ေရႊ႔ေျပာင္းအလုပ္သမားေတြျဖစ္တဲ့ မဇင္မာဦးနဲ႔ ကိုစည္သူလင္းတို႔က အခက္ခဲေတြကို ရင္ဖြင့္လာပါတယ္။

" ဒီ ထုိင္းကို လာတယ္ဆိုတာက ကိုယ့္ျမန္မာႏိုင္ငံမွာ အခက္အခဲေတြ အမ်ားႀကီးနဲ႔ လာရတာေလ။ အဲလိုဆိုေတာ့ ျမန္မာႏိုင္ငံကေန လာၿပီး အလုပ္လုပ္တဲ့အခ်ိန္မွာ အတတ္ႏိုင္ဆုံး သူတို႔ဥပေဒအတုိင္း လိုက္နာဖို႔အတြက္ ကိစၥမရွိပဲနဲ႔ အျပင္မသြားနဲ႔ေပ့ါ၊ စာရြက္စာတမ္း အေထာက္အထား မျပည့္စုံပဲ အျပင္မသြားနဲ႔ေပါ့ ၊ အဓိက သူတို႔ထားတဲ့ ဥပေဒအတုိင္း ေနေပ့ါေနာ္။ "

" လက္ရွိ သူတို႔ထုတ္ထားတဲ့ ဥပေဒအရ ျမန္မာျပည္သားေတြ ေစ်းေရာင္းပိုင္ခြင့္ မရွိဘူး။ ထုတ္ထားတဲ့ ဥပေဒကလည္း အမ်ားႀကီးပဲ၊ ကားေမာင္းပုိင္ခြင့္လည္း မရွိဘူး.. အမ်ားႀကီးပဲ။ လက္ရွိ က်ေနာ္တုိ႔ ျမန္မာျပည္သားေတြ ကုိယ္တုိင္က ကိုယ္ပိုင္လုပ္ငန္း လုပ္ခ်င္ၾကတယ္။ ဒါေပမဲ့ ျမန္မာျပည္သားအတြက္ လက္ရွိမွာ စာရြက္စာတမ္း အခက္အခဲေတြ ရွိတယ္။ ဆိုေတာ့ ျမန္မာျပည္သားေတြက အမ်ားေသာအားျဖင့္ ဒုကၡေရာက္ၾကတဲ့သူေတြ မ်ားေနတဲ့အတြက္ေၾကာင့္ တရားဝင္ျဖစ္ဖို႔ ကူညီေဆာင္ရြက္ေပးၾကပါလို႔ သက္ဆိုင္ရာေတြကို တိုက္တြန္းခ်င္တယ္ေပါ့ဗ်ာ။ "

ထုိင္းႏိုင္ငံမွာ ေရာက္ေနတဲ့ ေရႊ႔ေျပာင္းအလုပ္သမားေတြ အေနနဲ႔ ခရီးသြား သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ ဆံပင္ညႇပ္တဲ့ လုပ္ငန္းေတြ၊ လမ္းေဘး ေစ်းေရာင္းတဲ့အလုပ္ေတြ၊ အႏွိပ္ခန္း အလုပ္ေတြ၊ ပဲြစားအလုပ္ေတြ ဧည့္လမ္းညႊန္လုပ္ငန္းေတြ အပါအဝင္ လုပ္ငန္းေပါင္း(၂၇)ခုကို လုပ္ကိုင္ခြင့္ မရွိတဲ့အေၾကာင္း ထိုင္းအစိုးရက ဥပေဒ စည္းမ်ည္းစည္းကမ္းေတြ ထုတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

တားမြစ်အလုပ် မလုပ်ဖို့ ရွှေပြောင်းလုပ်သားတွေကို ထိုင်းသတိပေး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းအလုပ်ရှင်တွေဟာ ထိုင်းအစိုးရရဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ အလုပ်သမားရေးရာ တာဝန်ရှိသူတွေကလည်း ဒီလိုဥပဒေ ချိုးဖေါက်မှုတွေအပေါ် ထိထိရောက်ရောက် အရေးယူကိုင်တွယ်ကြဖို့ ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးက သတိပေးပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မညိုညိုလွင်က သတင်း ပေးပို့ထားပါတယ်။


ထိုင်းနိုင်ငံသားတွေပဲ လုပ်ဖို့ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လာကြပြီး အရေအတွက်တွေ မြင့်တက်လာတာကို တာဝန်ရှိသူတွေ အနေနဲ့ ပြဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ထိုင်းအလုပ်သမားရေးဌာန ဝန်ကြီး ဆူချပ်ချုံကလင်းက ပြောဆိုလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက ရွှေ့ပြောင်းအလုပ်သမား အရေးနဲ့ပတ်သက်ပြီး သေချာတဲ့ စည်းမျည်းစည်းကမ်း သတ်မှတ်ချက်တွေ ချမှတ်ထားတဲ့အတိုင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ထိုင်းနိုင်ငံအနှံ့က လုပ်ငန်းခွင်ပေါင်း (၁၄,၀၀၀)ကျော်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစပြီး ဝင်ရောက်စီးနင်းခဲ့တာမှာ ဒီလို ကန့်သတ်ထားတဲ့ လုပ်ငန်းခွင်တွေထဲ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေတာကို တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာလည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းဥပဒေနဲ့ ငြိစွန်းပြီး အပြစ်ပေးခံရမှာတွေအပေါ် စိတ်မကောင်း ဖြစ်မိသလို၊ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေ အနေနဲ့ကလည်း ထိုင်းနိုင်ငံက ချမှတ်ထားတဲ့ ဥပဒေတွေအပေါ် လိုက်နာဖို့တော့ လိုအပ်တဲ့အကြောင်း မြန်မာ့အရေး ဆောင်ရွက်နေသူတဦးဖြစ်တဲ့ ဦးမြင့်ဝေက ခုလို ပြောပါတယ်။

" စိတ်တော့ မကောင်းပေမဲ့ ပြောတာတော့ ပြောရမှာပဲ။ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လာပြီး နောက်ပိုင်း တိကျတဲ့စည်းကမ်းတွေ ရှိတယ်။ အလုပ်လုပ်တဲ့နေရာမှာတောင် ဆိုင်တွေမှာဆိုရင် ကောင်တာမှာ ငွေမသိမ်းရဘူး၊ အလုပ်ကြမ်းကိုသာလျင် လုပ်ခွင့်ရှိတယ် ။ အဲဒီလို သတ်မှတ်ထားပေမယ့် ခုချိန်မှာ ကျနော်တို့ တိုင်းပြည်က လူတွေက ဆံပင်ညှပ် အလှပြင်ဆိုင်တို့ အထည်ဆိုင်တို့ အစားအသောက် ရောင်းတဲ့ဆိုင်တို့ အဲဒီလိုမျိုးလေးတွေ ပေါ်ပေါက်လာတဲ့အခါကျတော့ အဲဒီပေါ်မှာ အတော်လေး အာရုံစိုက်ပြီး လုပ်ကြတာတွေ တွေ့ရတယ်။ တထိတ်ထိတ်နဲ့ ဒီအချက်ကို ဖြစ်လာမှာတွေ ကျနော်တို့ စိုးရိမ်နေတာ။ အဲလို စိုးရိမ်နေပေမယ့် ခုက တရုတ်တွေက စီးပွားရေး ဝင်လုပ်လာကြတော့ ထိုင်းနိုင်ငံသားတွေက ဆိုင်ပိုင်ရှင် လုပ်ငန်းပိုင်ရှင်အဖြစ်နဲ့ နာမည်ခံပေးရာကနေပြီးတော့ ငွေဖြူငွေလွှဲကိစ္စ တွေ၊ မူးယစ်ဆေးဝါးတွေရော အကြီးအကျယ် မသာမှုတွေေ ပတ်သက်လာတဲ့အတွက် အဲဒီကိစ္စတွေကို သူတို့ကိုင်တွယ် ဖြေရှင်းရင်းနဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေပါ အကုန်လုံး ထိခိုက်ရတာပေါ့နော်။ တကယ်တော့ ကျနော်တို့ နိုင်ငံကနေ နိုင်ငံရေးအရ ခိုလှုံလာသူတွေရော၊ ရွှေ့ပြောင်းအလုပ်သမားတွေရော အားလုံးက ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေကို သတိထား လိုက်နာသင့်တယ်၊ လိုက်နာဖို့လည်း တိုက်တွန်းလိုတယ်။ အခုလိုမျိုးဖြစ်လာတော့ ကျနော့်တို့ တော်တော်လေး ရင်ကွဲရတယ်။ "

ဒီလို စည်းကမ်းချိုးဖေါက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အများဆုံးက မြန်မာပြည်သားတွေဖြစ်ပြီး၊ ကမ္ဘောဒီယား၊ လာအို၊ ဗီယက်နမ်၊ အိန္ဒိယ နိုင်ငံသားတွေလည်း ပါဝင်ကြပါတယ်။ ဥပဒေစည်းမျည်းနဲ့ သတ်မှတ်ထားတဲ့ အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာ ဒါမှမဟုတ် အလုပ်လုပ်ကိုင်ခွင့် အထောက်အထား လက်မှတ်မရှိပဲ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ဒဏ်ငွေ ဘတ်(၅၀,၀၀၀)အထိ ပေးဆောင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီး ဆူချပ်က သတိပေးပြောဆိုပါတယ်။

အလုပ်ရှင်တွေကတော့ ဒီလို ကန့်သတ်ထားတဲ့အလုပ်တွေကို လုပ်ပိုင်ခွင့်ပေးလေ့ရှိတာပါ။ နိုင်ငံခြားသား အလုပ်သမားတွေအတွက် ထိုင်းအစိုးရက ၂၀၁၇ ခုနှစ်မှာ ပြဌာန်းထားတဲ့ ဥပဒေကို ဖေါက်ဖျက်ခဲ့ရင် အလုပ်သမားတဦးအတွက် ဘတ်ငွေ(၁)သိန်းအထိ အလုပ်ရှင်က ဒဏ်ငွေ ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒီအပြစ်ကို ထပ်ခါတလဲလဲ ကျူးလွန်နေမယ် ဆိုရင်တော့ အလုပ်ရှင်တွေရော ရွှေ့ပြောင်းအလုပ်သမားတွေပါ ဒဏ်ငွေ ဘတ်(၂)သိန်း ဒါမှမဟုတ် ထောင်ဒဏ်တနှစ် ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ခုစလုံး ချမှတ်ခံရမှာ ဖြစ်သလို၊ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၃ နှစ်တိတိ အလုပ်လုပ်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ ခုလို ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် စည်းမျည်းတွေ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတဲ့အတွက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား တချို့ကတော့ စိုးရိမ်မှုတွေ ရှိနေတာပါ။ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ မဇင်မာဦးနဲ့ ကိုစည်သူလင်းတို့က အခက်ခဲတွေကို ရင်ဖွင့်လာပါတယ်။

" ဒီ ထိုင်းကို လာတယ်ဆိုတာက ကိုယ့်မြန်မာနိုင်ငံမှာ အခက်အခဲတွေ အများကြီးနဲ့ လာရတာလေ။ အဲလိုဆိုတော့ မြန်မာနိုင်ငံကနေ လာပြီး အလုပ်လုပ်တဲ့အချိန်မှာ အတတ်နိုင်ဆုံး သူတို့ဥပဒေအတိုင်း လိုက်နာဖို့အတွက် ကိစ္စမရှိပဲနဲ့ အပြင်မသွားနဲ့ပေ့ါ၊ စာရွက်စာတမ်း အထောက်အထား မပြည့်စုံပဲ အပြင်မသွားနဲ့ပေါ့ ၊ အဓိက သူတို့ထားတဲ့ ဥပဒေအတိုင်း နေပေ့ါနော်။ "

" လက်ရှိ သူတို့ထုတ်ထားတဲ့ ဥပဒေအရ မြန်မာပြည်သားတွေ ဈေးရောင်းပိုင်ခွင့် မရှိဘူး။ ထုတ်ထားတဲ့ ဥပဒေကလည်း အများကြီးပဲ၊ ကားမောင်းပိုင်ခွင့်လည်း မရှိဘူး.. အများကြီးပဲ။ လက်ရှိ ကျနော်တို့ မြန်မာပြည်သားတွေ ကိုယ်တိုင်က ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်ကြတယ်။ ဒါပေမဲ့ မြန်မာပြည်သားအတွက် လက်ရှိမှာ စာရွက်စာတမ်း အခက်အခဲတွေ ရှိတယ်။ ဆိုတော့ မြန်မာပြည်သားတွေက အများသောအားဖြင့် ဒုက္ခရောက်ကြတဲ့သူတွေ များနေတဲ့အတွက်ကြောင့် တရားဝင်ဖြစ်ဖို့ ကူညီဆောင်ရွက်ပေးကြပါလို့ သက်ဆိုင်ရာတွေကို တိုက်တွန်းချင်တယ်ပေါ့ဗျာ။ "

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ဆံပင်ညှပ်တဲ့ လုပ်ငန်းတွေ၊ လမ်းဘေး ဈေးရောင်းတဲ့အလုပ်တွေ၊ အနှိပ်ခန်း အလုပ်တွေ၊ ပွဲစားအလုပ်တွေ ဧည့်လမ်းညွှန်လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းပေါင်း(၂၇)ခုကို လုပ်ကိုင်ခွင့် မရှိတဲ့အကြောင်း ထိုင်းအစိုးရက ဥပဒေ စည်းမျည်းစည်းကမ်းတွေ ထုတ်ထားပါတယ်။

XS
SM
MD
LG