သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေတာင္ပိုင္း စိုက္ပ်ိဳးေရးၿခံထဲ ျမန္မာႏွစ္ဦးသတ္ခံရ


ထိုင္းႏိုင္ငံေတာင္ပိုင္း ခြၽန္ေဖာ္ခ႐ိုင္ထဲက ဒူးရင္းစိုက္ပ်ိဳးေရးၿခံမွာ ေဖေဖၚဝါရီလ ၁၄ရက္ေန႔ညက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ဦးသတ္ျဖတ္ခံခဲ့ရ

ထိုင္းႏိုင္ငံေတာင္ပိုင္း ခြၽန္ေဖာ္ခ႐ိုင္ထဲက ဒူးရင္းစိုက္ပ်ိဳးေရးၿခံမွာ ေဖေဖၚဝါရီလ ၁၄ရက္ေန႔ညက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ဦးသတ္ျဖတ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရက္ကလည္း စမြတ္ပရာကန္ခ႐ိုင္ ဘန႔္ပုံၿမိဳ႕နယ္ထဲမွာလည္း ျမန္မာလုပ္သားတဦးသတ္ျဖတ္ခံရပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံေတာင္ပိုင္း ခြၽန္ေဖာ္ခ႐ိုင္ထဲက ဒူးရင္းစိုက္ပ်ိဳးေရးၿခံ မွာ ေဖေဖၚဝါရီလ ၁၄ရက္ေန႔ညက ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ႏွစ္ဦးဟာ သူတို႔ေနထိုင္ရာ ၂၅ဧကေလာက္က်ယ္ဝန္းတဲ့ ဒူရင္းၿခံထဲမွာပဲအသတ္ခံခဲ့ရတာပါ၊ သူတို႔ေတြဟာ ဘယ္လိုအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရသလဲဆိုတာကို ရဲေတြကလိုက္လံစုံစမ္းေနတယ္လို႔ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ဖြံၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းကအလုပ္သမားေရးရာတာဝန္ခံဦးမင္းဦးကအခုလိုေျပာပါတယ္။

"ဒူးရင္းၿခံလုပ္သား ၂ ေယာက္ၿခံလုပ္သား၂ ေယာက္ ေယာက္က်ားေလးအသက္ ၄၈ နဲ႔ ၅၈ႏွစ္ေယာက္အသတ္ခံရတယ္ဆိုတာေတြ ရဲကေတာ့ စုံစမ္းေဖာ္ထုတ္ေနတယ္အဲဒါနဲ႔ပတ္သက္ၿပီး ျမန္မာေတြကပဲသတ္သလား ထိုင္းေတြကပဲ သတ္သလားဆိုတာကိုလိုက္စုံစမ္းေနတယ္ ဒါမွမဟုတ္အခ်င္းျပသနာရွိလို႔လားဆိုတာေဖာ္ထုတ္ေနတယ္။"

ၿပီးခဲ့တဲ့ရက္ကလည္း ဘန္ေကာက္အနီး စမြတ္ပရာကန္ခ႐ိုင္ ဘန္ပုံၿမိဳ႕နယ္ထဲမွာ ျမန္မာအလုပ္သမားေတြကို အေထာက္အထားလက္မွတ္လုပ္ေပးရာမွာ ကူညီေနတဲ့ျမန္မာပြဲစားတစ္ဦးသတ္ျဖတ္ခံခဲ့ရပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီးေတာ့ လည္း သက္ေသတစုံတရာ ရရွိတာ မေတြ႕ရေသးဘူးလို႔လည္းဦးမင္းဦးကေျပာပါတယ္။

"ဘန္ေကာက္နားက ဘန္ပလီဆိုတဲ့ေနရာမွာလည္း ျမန္မာႏိုင္ငံသားပြဲစားတေယာက္အသတ္ခံရတာရွိတယ္၊ တရားခံကလည္းမမိေသးဘူး ဘာေၾကာင့္သတ္လဲဆိုတာ မသိေသးဘူး။"

အခုလိုျမန္မာႏိုင္ငံသားေတြသတ္ျဖတ္ခံရမူ႔နဲ႔ပတ္သက္လို႔ျမန္မာသံ႐ုံးနဲ႔ သက္ဆိုင္ရာမိသားစုေတြ အလုပ္သမားအဖြဲ႕အစည္းေတြက ဖိဖိစီးစီးလိုက္ပါေဆာင္႐ြက္မွသာ အမႈမွန္ေပၚေပါက္မွာျဖစ္တယ္လို႔လည္းဦးမင္းဦးကေျပာပါတယ္။

"ဥပေဒေၾကာင္းအရလိုက္လံလုပ္ေဆာင္ေပးမယ့္သူေတြ ပံပိုးေပးမယ္အဖြဲ႕အစည္း ေတြ ကိုယ္အစိုးရသံ႐ုံးေတြ ဒီအတိုင္းထားရင္ေအးေဆးနဲ႔ သြားႏိုင္တယ္ မိသားစုက အေၾကာင္းၾကားသံ႐ုံးေတြကို ေျပာတာ အေၾကာင္းၾကားတာ သံအရာရွိေတြလိုက္တာမ်ိဳးဆိုရင္ေတာ့သက္ဆိုင္ရာအာဏာပိုင္ေတြကလိုက္လုပ္ေပးတာရွိမွ ျမန္မယ္ ဒါမွမဟုတ္ဘူးဆိုရင္ေတာ့ဒီအမႈက ေပ်ာက္သြားတာ ေပါ့သြားတာေတြျဖစ္တတ္တယ္။"

မ်ားေသာအားျဖင့္ ျမန္မာျပည္သားေတြသတ္ျဖတ္ခံရတဲ့အမႈေတြမွာေတာ့ အမႈမွန္ေပၚေပါက္ဖို႔အတြက္ ျမန္မာသံ႐ုံးနဲ႔ အလုပ္သမားေရးေဆာင္႐ြက္ေနတဲ့အဖြဲ႕အစည္းေတြက လိုက္ပါေဆာင္႐ြက္ေပးရတာ ျဖစ္ပါတယ္။ အခု ျဖစ္ပြားခဲ့တဲ့လူသတ္မႈေတြမွာေတာ့ ေသဆုံးသူေတြဟာ ဓါးဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ၾကတာပါ။ တခ်ိဳ႕အမႈေတြကေတာ့ စီစီတီဗြီမွတ္တမ္းေတြကေန လိုက္လံစုံစမ္းတာမ်ိဳးလုပ္ရေပမယ့္၊ အခုလိုလူသူေဝးတဲ့စိုက္ပ်ိဳးေရးၿခံထဲ ျဖစ္ပ်က္ခဲ့တာေတြကိုေတာ့ စုံစမ္းဖို႔ ခဲယဥ္းတယ္လို႔ ထိုင္းေရာက္ျမန္မာလုပ္သားေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ထိုင်းတောင်ပိုင်း စိုက်ပျိုးရေးခြံထဲ မြန်မာနှစ်ဦးသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံမှာ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း စမွတ်ပရာကန်ခရိုင် ဘန့်ပုံမြို့နယ်ထဲမှာလည်း မြန်မာလုပ်သားတဦးသတ်ဖြတ်ခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ သူတို့နေထိုင်ရာ ၂၅ဧကလောက်ကျယ်ဝန်းတဲ့ ဒူရင်းခြံထဲမှာပဲအသတ်ခံခဲ့ရတာပါ၊ သူတို့တွေဟာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ရဲတွေကလိုက်လံစုံစမ်းနေတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ်။

"ဒူးရင်းခြံလုပ်သား ၂ ယောက်ခြံလုပ်သား၂ ယောက် ယောက်ကျားလေးအသက် ၄၈ နဲ့ ၅၈နှစ်ယောက်အသတ်ခံရတယ်ဆိုတာတွေ ရဲကတော့ စုံစမ်းဖော်ထုတ်နေတယ်အဲဒါနဲ့ပတ်သက်ပြီး မြန်မာတွေကပဲသတ်သလား ထိုင်းတွေကပဲ သတ်သလားဆိုတာကိုလိုက်စုံစမ်းနေတယ် ဒါမှမဟုတ်အချင်းပြသနာရှိလို့လားဆိုတာဖော်ထုတ်နေတယ်။"

ပြီးခဲ့တဲ့ရက်ကလည်း ဘန်ကောက်အနီး စမွတ်ပရာကန်ခရိုင် ဘန်ပုံမြို့နယ်ထဲမှာ မြန်မာအလုပ်သမားတွေကို အထောက်အထားလက်မှတ်လုပ်ပေးရာမှာ ကူညီနေတဲ့မြန်မာပွဲစားတစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ လည်း သက်သေတစုံတရာ ရရှိတာ မတွေ့ရသေးဘူးလို့လည်းဦးမင်းဦးကပြောပါတယ်။

"ဘန်ကောက်နားက ဘန်ပလီဆိုတဲ့နေရာမှာလည်း မြန်မာနိုင်ငံသားပွဲစားတယောက်အသတ်ခံရတာရှိတယ်၊ တရားခံကလည်းမမိသေးဘူး ဘာကြောင့်သတ်လဲဆိုတာ မသိသေးဘူး။"

အခုလိုမြန်မာနိုင်ငံသားတွေသတ်ဖြတ်ခံရမူ့နဲ့ပတ်သက်လို့မြန်မာသံရုံးနဲ့ သက်ဆိုင်ရာမိသားစုတွေ အလုပ်သမားအဖွဲ့အစည်းတွေက ဖိဖိစီးစီးလိုက်ပါဆောင်ရွက်မှသာ အမှုမှန်ပေါ်ပေါက်မှာဖြစ်တယ်လို့လည်းဦးမင်းဦးကပြောပါတယ်။

"ဥပဒေကြောင်းအရလိုက်လံလုပ်ဆောင်ပေးမယ့်သူတွေ ပံပိုးပေးမယ်အဖွဲ့အစည်း တွေ ကိုယ်အစိုးရသံရုံးတွေ ဒီအတိုင်းထားရင်အေးဆေးနဲ့ သွားနိုင်တယ် မိသားစုက အကြောင်းကြားသံရုံးတွေကို ပြောတာ အကြောင်းကြားတာ သံအရာရှိတွေလိုက်တာမျိုးဆိုရင်တော့သက်ဆိုင်ရာအာဏာပိုင်တွေကလိုက်လုပ်ပေးတာရှိမှ မြန်မယ် ဒါမှမဟုတ်ဘူးဆိုရင်တော့ဒီအမှုက ပျောက်သွားတာ ပေါ့သွားတာတွေဖြစ်တတ်တယ်။"

များသောအားဖြင့် မြန်မာပြည်သားတွေသတ်ဖြတ်ခံရတဲ့အမှုတွေမှာတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မြန်မာသံရုံးနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက လိုက်ပါဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ အခု ဖြစ်ပွားခဲ့တဲ့လူသတ်မှုတွေမှာတော့ သေဆုံးသူတွေဟာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာပါ။ တချို့အမှုတွေကတော့ စီစီတီဗွီမှတ်တမ်းတွေကနေ လိုက်လံစုံစမ်းတာမျိုးလုပ်ရပေမယ့်၊ အခုလိုလူသူဝေးတဲ့စိုက်ပျိုးရေးခြံထဲ ဖြစ်ပျက်ခဲ့တာတွေကိုတော့ စုံစမ်းဖို့ ခဲယဉ်းတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG