သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 လြတ္ရက္ေစ႔ ျမန္မာေတြ ရေနာင္းေထာင္မွာ ဆႏၵျပ


လြတ္ရက္ေစ႔ ျမန္မာေတြ ရေနာင္းေထာင္မွာ ဆႏၵျပ

ထိုင္း ၊ ျမန္မာနယ္စပ္  ရေနာင္းၿမိဳ႕ လူ၀င္မူ႔ႀကီးၾကပ္ေရး အခ်ဳပ္ေထာင္မွာ ျမန္မာနိုင္ငံသားေတြဟာ လြတ္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ပို႔ဖို႔အတြက္ ႀကံ႔ၾကာေနတာေၾကာင့္ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္ ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

လြတ္ရက္ေစ႔ ျမန္မာေတြ ရေနာင္းေထာင္မွာ ဆႏၵျပ

{{Zawgyi/Unicode}}
ထိုင္း ၊ ျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕ လူ၀င္မူ႔ႀကီးၾကပ္ေရး အခ်ဳပ္ေထာင္မွာ ရာနဲ ့ခ်ီတဲ့ ျမန္မာနိုင္ငံသားေတြဟာ လြတ္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ပို႔ဖို႔အတြက္ ႀကံ႔ၾကာေနတာေၾကာင့္ ျမန္မာနိုင္ငံ အျမန္ဆုံးျပန္ပို႔ေပးဖို႔ ဇန္၀နဝါရီလ ၂၈ရက္ မနက္က ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္ ။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

ထိုင္း၊ ျမန္မာနယ္စပ္ ရေနာင္းၿမိဳ႔ လူ၀င္မူ ႔ႀကီးၾကပ္ေရး အခ်ဳပ္ေထာင္မွာ ရာနဲ႕ခ်ီရွိၾကတဲ့ လြတ္ရက္ေစ့ၿပီး ေနရပ္ျပန္မရေသးတ့ဲ ျမန္မာအက်ဥ္းသားေတြဟာ ဇန္နဝါရီလ ၂၈ ရက္ေန႔ မနက္က ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာအလုပ္သမားေတြဟာ လ၀က အခ်ဳပ္ေထာင္ အေပၚဆံုးအထပ္မွာ အားလံုစု႔ရုံးၿပီး ေၾကြးေက်ာ္သံေတြနဲ႔အတူ သူတို႔ကို အျမန္ဆံုး ျပန္ပို႔ေပးဖို႔ ထိုင္း ၊ ျမန္မာ ၂ ဘာသာ နဲ႔ ေရးထားတဲ့ စာတမ္းေတြကို ခ်ိတ္ဆြဲၿပီး ဆႏၵျပေတာင္းဆိုေနၾကတာပါ။

ဒီလို႐ုန္းရင္ဆန္ခတ္ ဆႏၵျပမူေတြ လုပ္ရတာကေတာ့ လြတ္ရက္ေစ႔ ျမန္မာအက်ဥ္းသားေတြဟာ ရေနာင္း လ၀က အခ်ဳပ္မွာ ၾကံ့ၾကာေနတာေၾကာင့္ျဖစ္တယ္လို႔ ထိုင္းေတာင္ပိုင္း အေျခစိုက္ပညာေရးနဲ႔ ဖြံြ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း က အလုပ္သမားေရးရာ တာ၀န္ခံ ဦးမင္းဦး က အခုလို ေျပာျပပါတယ္ ။

" တခ်ို႔ေတြက အေနၾကာၿပီး စာရင္းထဲမွ ာမပါေတာ႔ ေတာင္းဆိုတာေပါ့ ။ ဆူပူမူ နဲ႔ ေတာင္းဆိုတာပါတယ္။ တခ်ိဳ ႔ေတြက စာရင္းထဲမွာ မပါဘူး ။ ၾကာေနေတာ့ တပတ္ပါမယ္။ တပတ္ပါမယ္ေျပာတာေၾကာင္႔ မပါေတာ့ ဆူပူတယ္လို႔ ၾကားပါတယ္ ။ အဲဒီမွာ ပ်မ္းမ်ွဆိုရင္ ၄ထပ္ေဆာင္ႀကီးမွာ လူဦးေရ ေလးရာ ငါးရာ ေယာက္က်ားေတြ မိန္းမေတြကေတာ့ အျမဲတမ္းရွိတယ္ ။ ျပန္လက္ခံမယ္ဆုိရင္ေတာ့ သူတို႔ကို ယာယီထားဖို႔ သူတို႔ကုိ ျပန္ပို႔ဖို႔တို ေဆးဝါးကုသဖို႔ ကြာရမ္တင္းထားဖို႔ တို႔က်ေတာ့ ဘတ္ဂ်က္မရွိဘူး။ ျမန္မာဘက္ျခမ္းကေပါ့ ။ ဒီဘက္က ပုိ႔ခ်င္လည္း ျမန္မာဘက္က ခြင့့္ျပဳခ်က္ရမွ ပို႔လို႔ရတယ္။ လူဦးေရ ဘယ္ေလာက္။ ဘယ္ျပည္နယ္က ဆုိတာမ်ိဳးေပါ့ ။ အရင္ကေတာ့ ပုိ႔တာ တလတေခါက္ေပါ့။ အရင္ကေတာ့ တလကို ၂ေခါက္ေလာက္ပို႔တယ္ ။ အခုကေတာ့ တလ တေခါက္ေလာက္ပဲပို႔လို႔ရတယ္ ။ ဆိုင္တာကေတာ့ ႏွစ္ဖက္လံုးနဲ႔ ဆုိင္တယ္ ။ ျမန္မာဘက္က ပုိဆိုင္တယ္လက္ခံဖို႔ေလ "

လ၀ကအခ်ဳပ္ထဲမွာ လနဲ႕ခ်ီေနထိုင္ေနရတာ ေနရာထိုင္ခင္း ၾကပ္ၾကပ္တည္းတည္း နဲ႔ အစားအေသာက္ေတြ မလံုေလာက္တာေတြေၾကာင့္ ဆႏၵျပတာျဖစ္တယ္လို႔ လည္းဆိုပါတယ္ ။

" ဒီဘက္မွာေတာ့ အဖမ္းခံရတဲ့ သူေတြက တသုတ္ျပီး တသုတ္ေထာင္တို႔ အခ်ဳပ္တို႔က အေႀကာင္းအမ်ိဳးမ်ိဳးနဲ႔ အခ်ဳပ္က်ျပီး အက်ဥ္းက်ျပီး ျပန္ပုိ႔ခံရတဲ့ လူေတြကပုိမ်ားလာတယ္။ ပုိျပဳံလာတယ္။ ေရွ့လူေတြက မသြားေတာ့ ေနာက္လူေတြက မသြားရေတာ႔ ပုိမ်ားတယ္ ။ အထဲမွာလည္း အစားအေသာက္တုိ႔ ေဆး၀ါးတို႔ ဘာတို႔လည္း အခက္အခဲရွိတယ္။ ႀကာေတာ့ ဆႏၵျပသလိုျဖစ္လာတယ္"

ထိမ္းသိမ္းခံအမ်ားစုဟာ ထိုုင္းေတာင္ပိုင္း အက်ဥ္းေထာင္ေတြကေန လြတ္ရက္ေစ့လို႔ ျမန္မာျပည္ပို ့ဖို႔ အခုလို ရေနာင္း လ၀ကမွာ ျပည္ေတာ္ျပန္ဖို႔ ေစာင့္ေနၾကေပမယ့္ ရက္ရွည္ဆက္လက္ထိမ္းသိမ္းခံေနရေၾကာင္း ထိုင္းသတင္းမွာေဖၚျပၾကပါတယ္ ။ အခုဆိုရင္ လြတ္ရက္ေစ့ၿပီးတာေတာင္ သူတို႔ဟာ လ၀ကအခ်ဳပ္မွာ ၆လေလာက္ထိ ေနထိုင္ေနရတာေၾကာင့္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ရေနာင္းက တာ၀န္ရွိတဲ့ထိုင္း အာဏာပိုင္ေတြကေတာ့ အခုဆႏၵျပမူကို ေျပလည္ဖို႔ ေဆြးေႏြးညိွနိုုင္းေနျပီး ထိုင္းဘက္ကေတာ့ လြက္ရက္ေစ့သူေတြကို အ ျမန္ပို႔ေဆာင္ဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ဆိုပါတယ္။ ျပန္ပို႔နိုင္ဖို႔အတြက္ ျမန္မာဘက္ကို ဆက္သြယ္ညွိႏွိုင္းခဲ့ေပမယ့္ ျမန္မာဘက္က လက္ခံဖို႔ အဆင္သင့္ မျဖစ္ေသးတာၾကာင့္ အခုလို ဆႏၵျပမူ႔ေတြ ျဖစ္ေနတယ္လို႔လည္း ထိုင္းအရာရွိေတြက ေျပာေႀကာင္း ထိုင္းအာဏာပိုင္ေတြကို ကိုးကားၿပီး ထိုင္းသတင္းမွာ ေဖၚျပခဲ့ပါတယ္ ။ အခုလို ဆႏၵျပမူမ်ိဳးကို ရေနာင္း လ၀က အခ်ဳပ္မွာ ျပီးခဲ့တဲ့ႏွစ္ေတြကလည္း ျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

လွတ်ရက်စေ့ မြန်မာတွေ ရနောင်းထောင်မှာ ဆန္ဒပြ

{{Zawgyi/Unicode}}
ထိုင်း ၊ မြန်မာနယ်စပ် ရနောင်းမြို့ လူဝင်မူ့ကြီးကြပ်ရေး အချုပ်ထောင်မှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ပို့ဖို့အတွက် ကြံ့ကြာနေတာကြောင့် မြန်မာနိုင်ငံ အမြန်ဆုံးပြန်ပို့ပေးဖို့ ဇန်ဝနဝါရီလ ၂၈ရက် မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ရနောင်းမြို့ လူဝင်မူ့ကြီးကြပ်ရေး အချုပ်ထောင်မှာ ရာနဲ့ချီရှိကြတဲ့ လွတ်ရက်စေ့ပြီး နေရပ်ပြန်မရသေးတဲ့ မြန်မာအကျဉ်းသားတွေဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအလုပ်သမားတွေဟာ လဝက အချုပ်ထောင် အပေါ်ဆုံးအထပ်မှာ အားလုံစု့ရုံးပြီး ကြွေးကျော်သံတွေနဲ့အတူ သူတို့ကို အမြန်ဆုံး ပြန်ပို့ပေးဖို့ ထိုင်း ၊ မြန်မာ ၂ ဘာသာ နဲ့ ရေးထားတဲ့ စာတမ်းတွေကို ချိတ်ဆွဲပြီး ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဒီလိုရုန်းရင်ဆန်ခတ် ဆန္ဒပြမူတွေ လုပ်ရတာကတော့ လွတ်ရက်စေ့ မြန်မာအကျဉ်းသားတွေဟာ ရနောင်း လဝက အချုပ်မှာ ကြံ့ကြာနေတာကြောင့်ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး က အခုလို ပြောပြပါတယ် ။

" တချို့တွေက အနေကြာပြီး စာရင်းထဲမှ ာမပါတော့ တောင်းဆိုတာပေါ့ ။ ဆူပူမူ နဲ့ တောင်းဆိုတာပါတယ်။ တချို့တွေက စာရင်းထဲမှာ မပါဘူး ။ ကြာနေတော့ တပတ်ပါမယ်။ တပတ်ပါမယ်ပြောတာကြောင့် မပါတော့ ဆူပူတယ်လို့ ကြားပါတယ် ။ အဲဒီမှာ ပျမ်းမျှဆိုရင် ၄ထပ်ဆောင်ကြီးမှာ လူဦးရေ လေးရာ ငါးရာ ယောက်ကျားတွေ မိန်းမတွေကတော့ အမြဲတမ်းရှိတယ် ။ ပြန်လက်ခံမယ်ဆိုရင်တော့ သူတို့ကို ယာယီထားဖို့ သူတို့ကို ပြန်ပို့ဖို့တို ဆေးဝါးကုသဖို့ ကွာရမ်တင်းထားဖို့ တို့ကျတော့ ဘတ်ဂျက်မရှိဘူး။ မြန်မာဘက်ခြမ်းကပေါ့ ။ ဒီဘက်က ပို့ချင်လည်း မြန်မာဘက်က ခွင့်ပြုချက်ရမှ ပို့လို့ရတယ်။ လူဦးရေ ဘယ်လောက်။ ဘယ်ပြည်နယ်က ဆိုတာမျိုးပေါ့ ။ အရင်ကတော့ ပို့တာ တလတခေါက်ပေါ့။ အရင်ကတော့ တလကို ၂ခေါက်လောက်ပို့တယ် ။ အခုကတော့ တလ တခေါက်လောက်ပဲပို့လို့ရတယ် ။ ဆိုင်တာကတော့ နှစ်ဖက်လုံးနဲ့ ဆိုင်တယ် ။ မြန်မာဘက်က ပိုဆိုင်တယ်လက်ခံဖို့လေ "

လဝကအချုပ်ထဲမှာ လနဲ့ချီနေထိုင်နေရတာ နေရာထိုင်ခင်း ကြပ်ကြပ်တည်းတည်း နဲ့ အစားအသောက်တွေ မလုံလောက်တာတွေကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ လည်းဆိုပါတယ် ။

" ဒီဘက်မှာတော့ အဖမ်းခံရတဲ့ သူတွေက တသုတ်ပြီး တသုတ်ထောင်တို့ အချုပ်တို့က အကြောင်းအမျိုးမျိုးနဲ့ အချုပ်ကျပြီး အကျဉ်းကျပြီး ပြန်ပို့ခံရတဲ့ လူတွေကပိုများလာတယ်။ ပိုပြုံလာတယ်။ ရှေ့လူတွေက မသွားတော့ နောက်လူတွေက မသွားရတော့ ပိုများတယ် ။ အထဲမှာလည်း အစားအသောက်တို့ ဆေးဝါးတို့ ဘာတို့လည်း အခက်အခဲရှိတယ်။ ကြာတော့ ဆန္ဒပြသလိုဖြစ်လာတယ်"

ထိမ်းသိမ်းခံအများစုဟာ ထိုင်းတောင်ပိုင်း အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့လို့ မြန်မာပြည်ပို့ဖို့ အခုလို ရနောင်း လဝကမှာ ပြည်တော်ပြန်ဖို့ စောင့်နေကြပေမယ့် ရက်ရှည်ဆက်လက်ထိမ်းသိမ်းခံနေရကြောင်း ထိုင်းသတင်းမှာဖေါ်ပြကြပါတယ် ။ အခုဆိုရင် လွတ်ရက်စေ့ပြီးတာတောင် သူတို့ဟာ လဝကအချုပ်မှာ ၆လလောက်ထိ နေထိုင်နေရတာကြောင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ရနောင်းက တာဝန်ရှိတဲ့ထိုင်း အာဏာပိုင်တွေကတော့ အခုဆန္ဒပြမူကို ပြေလည်ဖို့ ဆွေးနွေးညှိနိုင်းနေပြီး ထိုင်းဘက်ကတော့ လွက်ရက်စေ့သူတွေကို အ မြန်ပို့ဆောင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။ ပြန်ပို့နိုင်ဖို့အတွက် မြန်မာဘက်ကို ဆက်သွယ်ညှိနှိုင်းခဲ့ပေမယ့် မြန်မာဘက်က လက်ခံဖို့ အဆင်သင့် မဖြစ်သေးတာကြာင့် အခုလို ဆန္ဒပြမူ့တွေ ဖြစ်နေတယ်လို့လည်း ထိုင်းအရာရှိတွေက ပြောကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖေါ်ပြခဲ့ပါတယ် ။ အခုလို ဆန္ဒပြမူမျိုးကို ရနောင်း လဝက အချုပ်မှာ ပြီးခဲ့တဲ့နှစ်တွေကလည်း ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG