သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
{{Zawgyi/Unicode}}
တိုက်ရိုက် လင့်ခ်
အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် ထိုင်းက ပြန်ပို့
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ၊ တောင်းပိုင်းပြည်နယ် ၁၄ ခု အတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းကျနေသူတွေထဲက လွက်ရက်စေ့သွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ ဒီဇင်ဘာလ(၃၀)ရက်နေ့က ရနောင်း ကနေ ကော့သောင်းမြို့ တာဝန်ခံတွေဆီ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။
ကလေးသူငယ်တွေ အမျိုးသမီးနဲ့ အမျိုးသားတွေ အပါအဝင် လွတ်ရက်စေ့ အကျဉ်းသား ၂၀၀ကျော်ကို ထိုင်းဘက်က ပြည်နှင်ဒဏ်ပေးခဲ့တာပါ။ ပြည်နှင်ဒဏ်ပေးခံရသူတွေကို ဒီဇင်ဘာလ(၃၀) ရက်နေ့မှာတော့ ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေ က အခုလို ပြောပါတယ်။
"၂၀၈ဦး ဆိုတာကတော့ ၂ဖွဲ့ ဖြစ်သွားတာပါ။ တဖွဲ့က ၁၈၀ကျော်ပါတယ်။ မိသားစုတွေလည်းပါတယ်။ မိသားစုတွေပါတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ ထိမ်းသိမ်းခံရပြီး မိသားစုတွေလည်းပါတယ် ။ အမျိုသမီး အုပ်စုတွေပါပါတယ်။ ၂၀၈ဦး ၂၀၀ကျော်ပါ အထောက်အထားမပြည့်စုံသူတွေ မရှိတဲ့သူတွေ အလုပ်မတူတာတွေ တခြားရာဇဝတ်မူ့ တွေလည်းပါတယ်။ ထောင်ထဲမှာ ၃ နှစ် ၄ နှစ် ၅နှစ်နေခဲ့ရသူတွေပါတယ် "
ထိုင်းနိုင်ငံက အချုပ်ထောင်တွေထဲမှာ လွတ်ရက်စေ့ အကျဉ်းသား ၅၀၀လောက် ကျန်နေသေးကြောင်းကိုလည်း ဆက်ပြောပြပါတယ်။
" ထိုင်းထဲမှာလည်း အချုပ်သား၄၅၀ကနေ ၅၀၀ကြားလောက် ကျန်သေးတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေပေါ့ ။ ၁၄ ခရိုင်ဆိုတာ ပရာကျွတ်ကနေ ဆုံခလာထိ ၁၄ခရိုင်ရှိတယ်။ အဲဒီကနေ ရနောင်းကိုပို့လာတယ် ။ အဲဒီကနေ အလုပ်သမား သံအရာရှိ က စာရင်းပြုစုလာပြီးတော့ မြန်မာနိုင်ငံခြားရေးဌာနကို ပို့လာတယ်။ ပြီးတော့မှာ ဒီဘက်ကိုဆက်ပြီးပို့လာတာဖြစ်ပါတယ်ခင်ဗျ"
ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း ၊ ကော့သောင်းလမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။
ကိုဗစ်ကပ် ဘေးကာလမှာ နယ်စပ်လမ်းတွေ တံတားတွေ ပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ်။
ဒီထဲမှာတော့ မဲဆောက်- မြဝတီ၊ ချစ်ကြည်တံတား အမှတ်(၂) ကနေ ပြည်နှင်ဒဏ်ပေးသူတွေကို အများဆုံးလွှဲပြောင်းပေးတာ ဖြစ်ပြီး၊ တပတ်မှာ ၃ရက်လောက်က နေရပ်ပြန်ပို့နေတာပါ ။ ရနောင်း - ကော့သောင်း - ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည်ရေးစင်တာမှာ လက်ခံနိုင်တဲ့ လူဦးရေ ပမာဏကို ကြည့်ပြီး၊ ထိုင်းဘက်ကနေ တလမှာ နှစ်ကြိမ်ခန့်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ် ။
..................................................
စိတ်ဝင်စားဖွယ် ...
XS
SM
MD
LG