သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာ နယ္စပ္ျပည္နယ္ ၂ ခုမွာ ျမန္မာ ၁၀၀ ေက်ာ္ ဖမ္းဆီးခံရ   


ထိုင္း-ျမန္မာ နယ္စပ္ျပည္နယ္ ၂ ခုမွာ ျမန္မာ ၁၀၀ ေက်ာ္ ဖမ္းဆီးခံရ   

ထိုင္း ျမန္မာနယ္စပ္ ျမန္မာႏိုင္ငံဘက္က အမ်ားအျပား ၀င္ေရာက္လာေနၿပီး ဒီဇင္ဘာလ ဒုတိယ သီတင္းပတ္ အတြင္းမွာဘဲ အေထာက္အထားမဲ႔ ျမန္မာ ၁၂၀ ေက်ာ္နဲ႔ လူေမွာင္ခို ပြဲစား ၇ ဦး ဖမ္းခံရတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။  

ထိုင္း-ျမန္မာ နယ္စပ္ျပည္နယ္ ၂ ခုမွာ ျမန္မာ ၁၀၀ ေက်ာ္ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ထိုင္း ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္၊ မယ္ေဟာင္ေဆာင္ ျပည္နယ္ထဲကို ျမန္မာႏိုင္ငံဘက္က အမ်ားအျပား ၀င္ေရာက္လာေနၿပီး ဒီဇင္ဘာလ ဒုတိယ သီတင္းပတ္ အတြင္းမွာဘဲ အေထာက္အထားမဲ႔ ျမန္မာ ၁၂၀ ေက်ာ္နဲ႔ လူေမွာင္ခို ပြဲစား ၇ ဦး ဖမ္းခံရတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း- ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္နဲ႔ မယ္ေဟာင္ေဆာင္ ျပည္နယ္ေတြထဲကို တပတ္အတြင္း အေထာက္အထားမဲ့ ျမန္မာ ၁၂၀ ေက်ာ္ ၀င္ေရာက္လာေၾကာင္း သက္ဆုိင္ရာ နယ္စပ္လံုျခံဳေရး တပ္ဖဲြ ့ေတြက သတင္း ထုတ္ျပန္ခဲ့တယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူ ဦးမုိးႀကိဳးက အခုလို ေျပာပါတယ္။

“ ၂၀၂၂ ဒီဇင္ဘာလ ၅ ရက္ေန႔ ကေန ၁၁ ရက္ေန႔ အထိ တပတ္အတြင္းမွာ ထိုင္းႏို္င္ငံေျမာက္ပိုင္း မယ္ေဟာင္ေဆာင္ ျပည္နယ္ထဲမွာ ျမန္မာႏို္င္ငံ ကယားျပည္နယ္ ဘက္ကေန ၀င္လာတဲ့ တရားမ၀င္ ျမန္မာ ၇၉ ေယာက္နဲ႔ သူတို႔ကို ပုိ႔ေဆာင္ေပးတဲ့ လူေမွာင္ခိုသမား ၇ ေယာက္ကို သက္ဆုိင္ရာ လံုျခံဳေရး တပ္ဖဲြ ့ေတြက ဖမ္းမိခဲ့ပါတယ္။ အလားတူ တာ့ခ္ျပည္နယ္ မဲေဆာက္မွာလည္း တရားမ၀င္ ၃၅ ေယာက္ကို ဖမ္းမိတဲ့ အေၾကာင္းကုိ သတင္းထုတ္ျပန္ထားပါတယ္။ မယ္ေဟာင္ေဆာင္နဲ႔ တာ့ခ္ျပည္နယ္မွာ အခုတပတ္အတြင္း တရားမ၀င္ ျမန္မာ ၁၂၁ ေယာက္နဲ႔ လူေမွာင္ခုိသမား ၇ ေယာက္ကို ဖမ္းမိတယ္လို႔သိရပါတယ္။ ”

အခုဆိုရင္ တရားမ၀င္ ျမန္မာေတြ ၀င္လာတတ္တဲ့ နယ္စပ္ လမ္းေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကပ္ၿပီး ဖမ္းဆီးေနသလို ထုိင္းႏိုင္ငံအတြင္းပုိင္းကို ေရာက္ေနတဲ့ ျမန္မာေတြကိုလည္း မနက္ ေ၀လီေ၀လင္း အခ်ိန္မွာ လ၀က အပါအ၀င္ အဖြဲ႔စံုက ၀င္ေရာက္စစ္ေဆးေနတာေၾကာင့္ ထုိင္းတႏိုင္ငံလံုးမွာ စစ္ဆင္ေရးေၾကာင္ ့ဖမ္းမိတဲ့ ျမန္မာေတြ ရာဂဏန္းေလာက္ ရွိေနတယ္လို႔လည္း ေျပာပါတယ္။

“ တရားမ၀င္ေတြ ဘယ္ေလာက္ရိွလဲ သိရေအာင္ မနက္ ၅ နာရီေလာက္ ကေန အိမ္တံခါးေခါက္ၿပီး မနက္ ေ၀လီေ၀လင္း အခ်ိန္က ဖမ္းဆီးေနတာေတြလည္း ရွိတယ္။ မနက္ ၅ နာရီ ကေန ၇ နာရီခဲြေလာက္အတြင္းမွာေပါ့။ အဲဒီမွာလည္း သက္ဆုိင္ရာ အလုပ္သမားဌာန၊ လ၀က၊ မႈခင္းရဲ၊ နယ္ေျမလံုျခံဳေရးတပ္ဖဲြ ႔ အကုန္လံုး စစ္ေဆးတာ ေနစဥ္ဆိုသလို က်ေနာ္တို ့မဲေဆာက္အပါအ၀င္ ခရိုင္ေဒသ အားလံုးမွာ ဆယ္ဂဏန္းေလာက္ေတြ ေပါင္းမယ္ဆုိရင္ ေန႔စဥ္ ရာဂဏန္းနဲ႔ အဖမ္းခံေနရတယ္လို႔ သံုးသပ္လုိ႔ရပါတယ္။”

ထိုင္း - ျမန္မာ နယ္စပ္မွာေတာ့ အေထာက္အထားမဲ့ ေရႊေျပာင္းအလုပ္သမားေတြ သာမက ႏိုင္ငံေရး လႈပ္ရွားမႈေတြေၾကာင့္ တိမ္းေရွာင္လာသူေတြလည္း အဖမ္းဆီးခံေနရတာေတြ ရွိပါတယ္။ ထိုင္းႏို္င္ငံအတြင္းမွာ အေထာက္အထားမဲ့ေတြကို လက္မွတ္လုပ္ေပးတဲ့ ကာလ ၿပီးဆံုးသြားခ်ိန္မွာ ေနာက္ထပ္ ၀င္လာတဲ့သူေတြကို ပုိက္စိပ္တိုက္ ဖမ္းဆီးေနၿပီး ေနရပ္ျပန္ပုိ႔ေနတာေတြလည္း လုပ္ေနတာပါ။ အခုဆိုရင္ ထုိင္းနယ္စပ္ အခ်ဳပ္ေတြမွာေတာ့ ျမန္မာႏိုင္ငံသားေတြနဲ႔ ျပည္႔ေနၿပီး ဖမ္းမိသူေတြက ဒဏ္ေၾကး ေပးေဆာင္တာေတြ လုပ္ရသလို တခ်ိဳ ့ကေတာ့ ၄၅ ရက္ခ်ဳပ္ေႏွာင္ခံရၿပီးတဲ့အခါ ေနရပ္ျပန္ပုိ႔တာေတြကိုလည္း လုပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

ထိုင်း-မြန်မာ နယ်စပ်ပြည်နယ် ၂ ခုမှာ မြန်မာ ၁၀၀ ကျော် ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ်၊ မယ်ဟောင်ဆောင် ပြည်နယ်ထဲကို မြန်မာနိုင်ငံဘက်က အများအပြား ဝင်ရောက်လာနေပြီး ဒီဇင်ဘာလ ဒုတိယ သီတင်းပတ် အတွင်းမှာဘဲ အထောက်အထားမဲ့ မြန်မာ ၁၂၀ ကျော်နဲ့ လူမှောင်ခို ပွဲစား ၇ ဦး ဖမ်းခံရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း- မြန်မာနယ်စပ် တာ့ခ်ပြည်နယ်နဲ့ မယ်ဟောင်ဆောင် ပြည်နယ်တွေထဲကို တပတ်အတွင်း အထောက်အထားမဲ့ မြန်မာ ၁၂၀ ကျော် ဝင်ရောက်လာကြောင်း သက်ဆိုင်ရာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုးက အခုလို ပြောပါတယ်။

“ ၂၀၂၂ ဒီဇင်ဘာလ ၅ ရက်နေ့ ကနေ ၁၁ ရက်နေ့ အထိ တပတ်အတွင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ပြည်နယ်ထဲမှာ မြန်မာနိုင်ငံ ကယားပြည်နယ် ဘက်ကနေ ဝင်လာတဲ့ တရားမဝင် မြန်မာ ၇၉ ယောက်နဲ့ သူတို့ကို ပို့ဆောင်ပေးတဲ့ လူမှောင်ခိုသမား ၇ ယောက်ကို သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။ အလားတူ တာ့ခ်ပြည်နယ် မဲဆောက်မှာလည်း တရားမဝင် ၃၅ ယောက်ကို ဖမ်းမိတဲ့ အကြောင်းကို သတင်းထုတ်ပြန်ထားပါတယ်။ မယ်ဟောင်ဆောင်နဲ့ တာ့ခ်ပြည်နယ်မှာ အခုတပတ်အတွင်း တရားမဝင် မြန်မာ ၁၂၁ ယောက်နဲ့ လူမှောင်ခိုသမား ၇ ယောက်ကို ဖမ်းမိတယ်လို့သိရပါတယ်။ ”

အခုဆိုရင် တရားမဝင် မြန်မာတွေ ဝင်လာတတ်တဲ့ နယ်စပ် လမ်းတွေကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပြီး ဖမ်းဆီးနေသလို ထိုင်းနိုင်ငံအတွင်းပိုင်းကို ရောက်နေတဲ့ မြန်မာတွေကိုလည်း မနက် ဝေလီဝေလင်း အချိန်မှာ လဝက အပါအဝင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးနေတာကြောင့် ထိုင်းတနိုင်ငံလုံးမှာ စစ်ဆင်ရေးကြောင့်ဖမ်းမိတဲ့ မြန်မာတွေ ရာဂဏန်းလောက် ရှိနေတယ်လို့လည်း ပြောပါတယ်။

“ တရားမဝင်တွေ ဘယ်လောက်ရှိလဲ သိရအောင် မနက် ၅ နာရီလောက် ကနေ အိမ်တံခါးခေါက်ပြီး မနက် ဝေလီဝေလင်း အချိန်က ဖမ်းဆီးနေတာတွေလည်း ရှိတယ်။ မနက် ၅ နာရီ ကနေ ၇ နာရီခွဲလောက်အတွင်းမှာပေါ့။ အဲဒီမှာလည်း သက်ဆိုင်ရာ အလုပ်သမားဌာန၊ လဝက၊ မှုခင်းရဲ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ အကုန်လုံး စစ်ဆေးတာ နေစဉ်ဆိုသလို ကျနော်တို့မဲဆောက်အပါအဝင် ခရိုင်ဒေသ အားလုံးမှာ ဆယ်ဂဏန်းလောက်တွေ ပေါင်းမယ်ဆိုရင် နေ့စဉ် ရာဂဏန်းနဲ့ အဖမ်းခံနေရတယ်လို့ သုံးသပ်လို့ရပါတယ်။”

ထိုင်း - မြန်မာ နယ်စပ်မှာတော့ အထောက်အထားမဲ့ ရွှေပြောင်းအလုပ်သမားတွေ သာမက နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်လာသူတွေလည်း အဖမ်းဆီးခံနေရတာတွေ ရှိပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့တွေကို လက်မှတ်လုပ်ပေးတဲ့ ကာလ ပြီးဆုံးသွားချိန်မှာ နောက်ထပ် ဝင်လာတဲ့သူတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးနေပြီး နေရပ်ပြန်ပို့နေတာတွေလည်း လုပ်နေတာပါ။ အခုဆိုရင် ထိုင်းနယ်စပ် အချုပ်တွေမှာတော့ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်နေပြီး ဖမ်းမိသူတွေက ဒဏ်ကြေး ပေးဆောင်တာတွေ လုပ်ရသလို တချို့ကတော့ ၄၅ ရက်ချုပ်နှောင်ခံရပြီးတဲ့အခါ နေရပ်ပြန်ပို့တာတွေကိုလည်း လုပ်နေပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG