သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူေမွာင္ခိုစြန္႔ပစ္ထားတဲ႔ ျမန္မာေတြ ထိုင္းရဲဖမ္းဆီး


လူေမွာင္ခိုစြန္႔ပစ္ထားတဲ႔ ျမန္မာေတြ ထိုင္းရဲဖမ္းဆီး

ထိုင္းျမန္မာနယ္စပ္ သစ္ေတာ၀င္းတခုထဲမွာ အစာေရစာျပတ္လတ္ေနၾကတဲ့ တရားမ၀င္ ျမန္မာႏို္င္ငံသား ၁၁ဦးကို လူကုန္ကူးသူေတြက စြန္ပစ္ထားခဲ့တာေႀကာင့္ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့ပါတယ္ ။ ဒီသတင္းကုိ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

လူေမွာင္ခိုစြန္႔ပစ္ထားတဲ႔ ျမန္မာေတြ ထိုင္းရဲဖမ္းဆီး


{{Zawgyi/Unicode}}
ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မယ္လမျမိဳ႔နယ္ထဲက သစ္ေတာ၀င္းတခုထဲမွာ အစာေရစာျပတ္လတ္ေနၾကတဲ့ တရားမ၀င္ ျမန္မာႏို္င္ငံသား ၁၁ဦးကို လူကုန္ကူးသူေတြက စြန္ပစ္ထားခဲ့တာေႀကာင့္ ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းမိခဲ့ပါတယ္ ။ ဒီရက္ထဲမွာပဲ လူကုန္ကူးသူေတြ ေခၚလာၾကတဲ့ ျမန္မာ၁၃ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကုိ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မယ္လမျမိဳ႔နယ္ထဲက သစ္ေတာ၀င္းတခုထဲမွာ အစာေရစာ ျပတ္လတ္ေနၾကတဲ့ တရားမ၀င္ ျမန္မာႏို္င္ငံသား ၁၁ဦးကို လူကုန္ကူးသူေတြက စြန္႔ပစ္ထားခဲ့တာပါ ။ သူတို႔ေတြဟာ သစ္ေတာထဲမွာ အစာမစားရတာ ၂ရက္ခန္႔ရွိျပီျဖစ္ျပီး ကင္းလွည့္ေနတဲ့ နယ္ျခားေစာင့္တပ္က ေတြ ့ရွိခဲ့တာျဖစ္တယ္လို႔ အလုပ္သမားေရး လႈပ္ရွားေနသူ ဦးမုိးႀကိဳး က အခုလိုေျပာပါတယ္။

" ဒီကေန႔ ဒီဇင္ဘာလ၂ရက္ေန႔ က ျဖစ္ခဲ့တာပါ။ ထိုင္းနယ္စပ္ တာ့ခ္ျပည္နယ္ မယ္လမ ျမိဳ႔နယ္ထဲက ေက်းရြာတခုရဲ႔ သစ္ေတာ၀င္းထဲမွာ မနက္အေစာႀကီး ၅နာရီေက်ာ္အခ်ိန္ နယ္ျခားေစာင့္တပ္ ၃၀၀၅ က ကင္းလွည္႔ေနစဥ္မွာ တရားမ၀င္ ျမန္မာ ၁၁ဦးကို အဲဒီ သစ္ေတာ၀င္းထဲမွာ ေတြ႔ရွိျပီး သူတို႔က အစာငတ္ေရ ျပတ္ျဖစ္ေနတာ ၂ရက္ေလာက္ရွိျပီ ဆိုတဲ့အေႀကာင္း လူေမွာင္ခိုလူပဲြစားေတြက စြန္႔ပစ္ထားတယ္ဆိုတဲ့ အေႀကာင္း ထုိင္းနယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္ထားပါတယ္"

ဒီရက္ပိုင္းမွာပဲ မယ္လမၿမိဳ႕နယ္ထဲမွာ သတင္းႀကိဳတင္ ရတာေႀကာင့္ လူကုန္ကူးတဲ့ကားကို ထိုင္းအာဏာပိုင္ေတြက ပုိက္စိတ္တိုက္ လိုက္လံရွာေဖြ ဖမ္းဆီးၾကရာမွာ ကားေနာက္ခန္းထဲမွာ ဖြက္ျပီးလိုက္ပါလာတဲ့ ျမန္မာ၁၃ဦးကို နယ္ျခားေစာင့္တပ္ကပဲ ဖမ္းမိခဲ့တယ္လို႔ဆုိပါတယ္ ။

"ထိုင္းနယ္စပ္မွာ လူပဲြစားေတြက စြန္႔ပစ္ထားတဲ့ တရားမ၀င္လုပ္သား ၁၃ဦးကုိ ထုိင္းနယ္ျခားေစာင့္တပ္ က ဖမ္းဆီးလိုက္ပါတယ္။ ႏုိ၀င္ဘာလ ၂၉ ရက္ေန႔က အမွတ္ ၃၄ နယ္ျခားေစာင့္တပ္က တာ့ခ္ျပည္နယ္၊ မဲလမျမိဳ႔နယ္ ၊ ေဆးရံုေရွ႔မွာ လူေမွာင္ခို သတင္းရတဲ့အတြက္ ေစာင့္ေနစဥ္ လူေမွာင္ခုိကားက ရပ္မေပးပဲ ေမာင္းေျပးပါတယ္။ ထုိင္းစစ္တပ္က ပိုက္စိတ္တုိက္ လို္က္လံရွာေဖြခဲ့ပါတယ္။ အဲဒီမွာပဲ ေမာ္၀ါးေက်းရြာ လမ္းမွာ အရွိန္လြန္ျပီးလမ္းေဘး ကားထုိးရပ္ထားတဲ့ ပစ္ကပ္ကားတစီးကိုေတြ႔ပါတယ္။ ကားေနာက္မွာ သို၀ွက္လိုက္ပါလာတဲ့ တရားမ၀င္ ၁၃ဦး ၊ က်ားက ၄ဦး ၊ မက ၉ဦးကို ၊ ထုိင္းနယ္ျခားေစာင့္က ဖမ္းဆီးလိုက္ပါတယ္ ။ လူပဲြစားကေတာ့ လူ၁၃ဦးကုိ ထားျပီးထြက္ေျပးသြားတယ္လို႔ ထုိင္းနယ္ျခားေစာင့္တပ္က သတင္း ထုတ္ျပန္ထားတာရွိပါတယ္"

နယ္ျခားေစာင့္ကေတာ့ လူပဲြစားေတြကို ဖမ္းမိဖို႔ ၾကိဳးစားေနတယ္လို႔ ဆိုပါတယ္ ။ထိုင္းနယ္စပ္ေဒသအသီးသီးမွာ ျမန္မာေတြ ေန႔စဥ္၀င္ေရာက္လာေနသလို အစုလိုက္ အျပံဳလိုက္ ဖမ္းဆီးခံရေနၾကရပါတယ္။ အခုဆိုရင္ အေထာက္အထား လက္မွတ္ေတြ လုပ္ေပးတဲ့ကာလ ျပီးဆံုးသြားေပမဲ့ လစဥ္
အေထာက္အထားမဲ့ ျမန္မာေတြေန႔စဥ္ ၀င္ေရာက္လာသလို ေထာင္ဂဏန္းနဲ႔ခ်ီ ဖမ္းမိေနေႀကာင္းလည္း ထုိင္းနယ္ျခားေစာင့္တပ္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

လူမှောင်ခိုစွန့်ပစ်ထားတဲ့ မြန်မာတွေ ထိုင်းရဲဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မယ်လမမြို့နယ်ထဲက သစ်တောဝင်းတခုထဲမှာ အစာရေစာပြတ်လတ်နေကြတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၁ဦးကို လူကုန်ကူးသူတွေက စွန်ပစ်ထားခဲ့တာကြောင့် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ် ။ ဒီရက်ထဲမှာပဲ လူကုန်ကူးသူတွေ ခေါ်လာကြတဲ့ မြန်မာ၁၃ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မယ်လမမြို့နယ်ထဲက သစ်တောဝင်းတခုထဲမှာ အစာရေစာ ပြတ်လတ်နေကြတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၁ဦးကို လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့တာပါ ။ သူတို့တွေဟာ သစ်တောထဲမှာ အစာမစားရတာ ၂ရက်ခန့်ရှိပြီဖြစ်ပြီး ကင်းလှည့်နေတဲ့ နယ်ခြားစောင့်တပ်က တွေ့ရှိခဲ့တာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူ ဦးမိုးကြိုး က အခုလိုပြောပါတယ်။

" ဒီကနေ့ ဒီဇင်ဘာလ၂ရက်နေ့ က ဖြစ်ခဲ့တာပါ။ ထိုင်းနယ်စပ် တာ့ခ်ပြည်နယ် မယ်လမ မြို့နယ်ထဲက ကျေးရွာတခုရဲ့ သစ်တောဝင်းထဲမှာ မနက်အစောကြီး ၅နာရီကျော်အချိန် နယ်ခြားစောင့်တပ် ၃၀၀၅ က ကင်းလှည့်နေစဉ်မှာ တရားမဝင် မြန်မာ ၁၁ဦးကို အဲဒီ သစ်တောဝင်းထဲမှာ တွေ့ရှိပြီး သူတို့က အစာငတ်ရေ ပြတ်ဖြစ်နေတာ ၂ရက်လောက်ရှိပြီ ဆိုတဲ့အကြောင်း လူမှောင်ခိုလူပွဲစားတွေက စွန့်ပစ်ထားတယ်ဆိုတဲ့ အကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်"

ဒီရက်ပိုင်းမှာပဲ မယ်လမမြို့နယ်ထဲမှာ သတင်းကြိုတင် ရတာကြောင့် လူကုန်ကူးတဲ့ကားကို ထိုင်းအာဏာပိုင်တွေက ပိုက်စိတ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးကြရာမှာ ကားနောက်ခန်းထဲမှာ ဖွက်ပြီးလိုက်ပါလာတဲ့ မြန်မာ၁၃ဦးကို နယ်ခြားစောင့်တပ်ကပဲ ဖမ်းမိခဲ့တယ်လို့ဆိုပါတယ် ။

"ထိုင်းနယ်စပ်မှာ လူပွဲစားတွေက စွန့်ပစ်ထားတဲ့ တရားမဝင်လုပ်သား ၁၃ဦးကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးလိုက်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့က အမှတ် ၃၄ နယ်ခြားစောင့်တပ်က တာ့ခ်ပြည်နယ်၊ မဲလမမြို့နယ် ၊ ဆေးရုံရှေ့မှာ လူမှောင်ခို သတင်းရတဲ့အတွက် စောင့်နေစဉ် လူမှောင်ခိုကားက ရပ်မပေးပဲ မောင်းပြေးပါတယ်။ ထိုင်းစစ်တပ်က ပိုက်စိတ်တိုက် လိုက်လံရှာဖွေခဲ့ပါတယ်။ အဲဒီမှာပဲ မော်ဝါးကျေးရွာ လမ်းမှာ အရှိန်လွန်ပြီးလမ်းဘေး ကားထိုးရပ်ထားတဲ့ ပစ်ကပ်ကားတစီးကိုတွေ့ပါတယ်။ ကားနောက်မှာ သိုဝှက်လိုက်ပါလာတဲ့ တရားမဝင် ၁၃ဦး ၊ ကျားက ၄ဦး ၊ မက ၉ဦးကို ၊ ထိုင်းနယ်ခြားစောင့်က ဖမ်းဆီးလိုက်ပါတယ် ။ လူပွဲစားကတော့ လူ၁၃ဦးကို ထားပြီးထွက်ပြေးသွားတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်း ထုတ်ပြန်ထားတာရှိပါတယ်"

နယ်ခြားစောင့်ကတော့ လူပွဲစားတွေကို ဖမ်းမိဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ် ။ထိုင်းနယ်စပ်ဒေသအသီးသီးမှာ မြန်မာတွေ နေ့စဉ်ဝင်ရောက်လာနေသလို အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရနေကြရပါတယ်။ အခုဆိုရင် အထောက်အထား လက်မှတ်တွေ လုပ်ပေးတဲ့ကာလ ပြီးဆုံးသွားပေမဲ့ လစဉ်
အထောက်အထားမဲ့ မြန်မာတွေနေ့စဉ် ဝင်ရောက်လာသလို ထောင်ဂဏန်းနဲ့ချီ ဖမ်းမိနေကြောင်းလည်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG