သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပိုမှု ဆိုင်းငံ့ရေး ပြည်ပရောက် မြန်မာတွေကြိုဆို


malaysia myanmar migrant return (မှတ်တမ်းဓါတ်ပုံ)
malaysia myanmar migrant return (မှတ်တမ်းဓါတ်ပုံ)

မြန်မာနိုင်ငံသားတွေကို ဒေသတွင်းနိုင်ငံတွေက အတင်းအကျပ် နေရပ်ပြန်ပို့တာတွေ မလုပ်ကြဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အောက်တိုဘာ ၂၀ရက်က တိုက်တွန်းပြီးနောက် မလေးရှားကနေ ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်နားထားတယ်လို့  မြန်မာလူ့အခွင့်အရေးအဖွဲ့ (မလေးရှား) ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။  

ဒုက္ခသည်ပြန်ပိုမှု ဆိုင်းငံ့ရေး ပြည်ပရောက် မြန်မာတွေကြိုဆို

{{Zawgyi/Unicode}}
ညှင်းပန်းသတ်ဖြတ်မှု ဘေးအန္တရာယ်တွေက ရှောင်တိမ်းလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဒေသတွင်းနိုင်ငံတွေက အတင်းအကျပ် နေရပ်ပြန်ပို့တာတွေ မလုပ်ကြဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အောက်တိုဘာ ၂၀ရက်က တိုက်တွန်းပြီးနောက် မလေးရှားကနေ ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်နားထားတယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ (မလေးရှား) ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" ဆိုင်းငံ့ထားဖို့ မလေးရှားအစိုးရကို ဖိအားပေးကြတာ အများကြီးဗျ၊ မြန်မာနိုင်ငံဆိုင်ရာ UN လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေ၊ Tom Andrews တို့လည်း ပြန်မပို့ဖို့ တိုက်တွန်းတာ ရှိတယ်။ နောက်ပြီး တခြားအစိုးရ အသိုင်းအဝိုင်းတွေလည်း ရှိမယ်ဗျ။ ဆိုတော့ မြန်မာနိုင်ငံကပဲ ဆက်မခေါ်တာလား။ ဒီ မလေးရှား အာဏာပိုင်တွေကပဲ ရပ်ဆိုင်းထားတာလားတော့ မသိဘူး။ ရပ်တာတော့ ရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အဲဒါတော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်ဗျ။"

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ရက်က မလေးရှားကနေ စင်းလုံးငှားလေယာဉ်နဲ့ ပြန်ပို့လိုက်တဲ့ မြန်မာအယောက် ၁၅၀ ထဲက ရှစ်ယောက်ထက်မနည်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားက မြန်မာအဖွဲ့အစည်းတွေက ဗွီအိုအေ ကိုပြောပါတယ်။ အဲဒီနေ့က ဖမ်းဆီးခံရသူတွေထဲမှာ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့သူတွေ ပါဝင်နေသလို ရေတပ်အရာရှိဟောင်းတဦးနဲ့ သူဇနီးလည်းပါခဲ့တာပါ။

အဲဒီ မြန်မာ ၁၅၀ ကိုပြန်မပို့ဖို့ ရိုဟင်ဂျာ လူ့အခွင့်အရေး အဖွဲ့အစည်း (Merhrom) နဲ့ မြန်မာ ဒုက္ခသည် ကူညီရေး အဖွဲ့တွေက မလေးရှားအစိုးရကို တိုက်တွန်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ တချို့ဟာ ဒုက္ခသည်များဆိုင်ရာကုလ မဟာမင်းကြီးရုံး UNHCR ဆီမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း မလေးရှား UNHCR ရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးနေတာ၊ စိစစ်မှုတွေ အားနည်းနေတာကို မြန်မာအသိုင်းအဝန်းက ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံထဲကို ထွက်ပြေးနေရပါတယ်။ ကုလဒုက္ခသည် အအေဂျင်စီဆီမှာ ခိုလှုံခွင့် တောင်းခံထားတဲ့ ထိုင်းရောက် မြန်မာ နိုင်ငံရေး လှုပ်ရှားသူ အရေအတွက်က ၁၂,၀၀၀ အထက်မှာရှိတယ်လို့ ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................


{{Zawgyi/Unicode}}





XS
SM
MD
LG