သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံျမန္မာ ၁၇၀ ေက်ာ္ ထိုင္းအစိုးရ ေနရပ္ျပန္ပို႔


THAILAND MYANMAR BORDER ထုိင္းျမန္မာနယ္စပ္ ခ်င္းရိုင္ဂိတ္

ဖမ္းဆီးခံျမန္မာ ၁၇၀ ေက်ာ္ ထိုင္းအစိုးရ ေနရပ္ျပန္ပို႔

ထိုင္းႏိုင္ငံထဲ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားေတြကို နယ္စပ္ဂိတ္ကတဆင့္ ျမန္မာႏိုင္ငံထဲ ျပန္ပို႔ေပးေနပါတယ္။ ဇြန္လ ၁၇ ရက္ ေသာၾကာေန႔မွာဖမ္းဆီးခံ ျမန္မာႏိုင္ငံသား ၁၅၀ ေက်ာ္ကို ရေနာင္းေကာ့ေသာင္းနယ္စပ္ကေန ျမန္မာႏိုင္ငံက ျပန္လည္လက္ခံခဲ့ပါတယ္။ ျပည္ေတာ္ျပန္ ျမန္မာႏိုင္ငံသားေတြအေၾကာင္း ကိုစည္သူ ေျပာျပေပးမွာပါ။

နယ္စပ္ေဒသေတြကတဆင့္ ထိုင္းႏိုင္ငံထဲ တရားမဝင္ဝင္ေရာက္လာသူအမ်ားစုပါတဲ့ ျမန္မာႏိုင္ငံသားေတြကို ထိုင္းႏိုင္ငံ ေဒသအသီးသီးက အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားရာကေန နယ္စပ္ဂိတ္အသီးသီးကေန ျပန္လည္ပို႔ေဆာင္ေပးေနတာပါ။ ဒီကေန႔ ဇြန္လ ၁၇ ရက္ ေန႔မွာ ေတာ့ ရေနာင္းေကာ့ေသာင္းနယ္စပ္ဂိတ္ကေန ျမန္မာႏိုင္ငံသား ၁၅၀ ျပန္ပို႔တာပါ။ ဒီကေန႔ျပန္ပို႔တဲ့ ျမန္မာႏိုင္ငံသားေတြအေၾကာင္း ထိုင္းႏိုင္ငံ ျမန္မာသံ႐ုံး အလုပ္သမားသံအရာရွိ ဦးရဲလင္းထက္က အခုလို ေျပာပါတယ္။

“အမ်ားဆုံးဖမ္းခံရတာ ျပစ္မႈဆိုင္ရာေတြနည္းတယ္။ တရားမဝင္လာတဲ့သူေတြကမ်ားတယ္။ တခ်ိဳ႕က ႏွစ္ခါသုံးခါ ျပန္ခိုးဝင္တယ္။ ဒါေၾကာင့္ လူကမေလ်ာ့သြားပဲ ျပန္ျပန္ၿပီးမ်ားလာတာ။ တခ်ိဳ႕က် မေလးကို ထိုင္းကေနခိုးဝင္တဲ့သူေတြလည္း ရွိတယ္။ အဓိကကေတာ့ ေဆာင္ကလာဖက္မွာ ပိုမ်ားတယ္။ေတာင္ပိုင္းတစ္ခုလုံးက ရေနာင္းလ.၀.က ကိုပဲပို႔ေတာ့ လူေတြကမ်ားလာတာ”

ထိုင္းႏိုင္ငံ၊ ရေနာင္းခ႐ိုင္အက်ဥ္းေထာင္ေတြထဲ ထိုင္းရဲတပ္ဖြဲ႕ကဖမ္းမိထားတဲ့ တရားမဝင္ ဝင္ေရာက္လာသူေတြကို တစ္လ ၃ ႀကိမ္ ျပန္လည္ေခၚေဆာင္ေပးေနေပမယ့္ ဖမ္းဆီးခံျမန္မာႏိုင္ငံသားေတြ အမ်ားအျပားရွိေနတာေၾကာင့္ ေထာင္တြင္း အေနဆင္းရဲတာေတြလည္း ၾကားသိရေနရတယ္လို႔ သူကဆက္ေျပာပါတယ္။

၂၀၂၂ခုႏွစ္ ဇန္နဝါရီလနဲ႔ေဖေဖၚဝါရီလ ၂လထဲမွတင္ ျမန္မာႏိုင္ငံသား တစ္ ေသာင္ဝန္းက်င္ေလာက္ဖမ္းဆီးခံထားရတာပါ။ ဖမ္းဆီးခံရသူေတြဟာျမန္မာႏိုင္ငံမွာႏိုင္ငံေရးမတည္ၿငိမ္မႈ စီးပြားေရးခက္ခဲမႈေတြေၾကာင့္ အလုပ္အကိုင္ရွာေဖြဖို႔အတြက္ လူကုန္ကူးသူေတြနဲ႔လာၾကရင္းဖမ္းဆီးခံခဲ့ၾကရတာပါ။

မုံ႐ြာကေန ထိုင္းႏိုင္ငံမွာအလုပ္လုပ္ဖို႔ စီစဥ္ပို႔ေဆာင္ေပးမယ့္သူကို ျမန္မာေငြက်ပ္ ၂၃ သိန္းေပးခဲ့ရတဲ့ မသႏၲာက သူႀကဳံခဲ့ရတာေတြကို အခုလိုေျပာျပပါတယ္။

“ဒီကေန ေလွစီးၿပီးသြားတယ္ရွင့္။ ရေနာင္းေရာက္ေတာ့ကားေပၚမွာပဲ မိသြားတယ္ ။ ပြဲစားမပါတဲ့အတြက္ ၃ လထိ ေနရတယ္ရွင့္ ။ အခ်ဳပ္ထဲမွာေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ ထမင္းသုံးႀကိမ္ေကြၽးတယ္။ ေနရထိုင္ရတာေတာ့ အေတာ္ေလးက်ပ္တယ္။ ေၾကာက္သြားၿပီ”

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ကိုင္ဖို႔သြားခ်င္သူေတြကို တရားဝင္လမ္းေၾကာင္းကေနပဲ ဝင္ေရာက္ဖို႔ မသႏၲာက တိုက္တြန္းခဲ့ပါတယ္။ ထိုင္းႏိုင္ငံေရာက္ေနတာၾကာျမင့္ေနၿပီး တရားမဝင္ေနထိုင္မႈေၾကာင့္ ဖမ္းဆီးခံခဲ့ရတဲ့ ကိုဟိန္းမင္းလတ္က အလုပ္လာလုပ္မယ့္သူေတြသတိရွိၾကဖို႔ အခုလိုေျပာျပပါတယ္။

“အခုက ပြဲစားေတြက လိမ္လည္ၿပီးေတာ့ေခၚၾကတယ္။ ပိုက္ဆံကိုမတရားျဖတ္တယ္။ အာမခံၿပီးဟိုေရာက္ပို႔ေပးမယ္ေျပာတယ္။ လမ္းမွာမိတယ္။ ျမန္မာေတြက ဒီမွာစစ္ေတြျဖစ္ေနေတာ့ ေၾကာက္ၿပီးေတာ့ထြက္ၾကတယ္။ လုံးဝနားမလည္တဲ့သူေတြက ခံရတယ္။ အဲဒါပြဲစားနဲ႔ ထိုင္းကသူေတြနဲ႔ေပါင္းၿပီးေတာ့ လုပ္ေနတာ။ ျမန္မာအခ်င္းခ်င္းလုပ္ေနၾကတာပါ”

ျမန္မာႏိုင္ငံထဲ ျပန္လည္ေရာက္ရွိလာသူေတြကို ေကာ့ေသာင္းၿမိဳ႕က ကိုဗစ္ေစာင့္ၾကည့္ေရးစင္တာမွာ ထားၿပီးမွ ျပန္ပို႔ေပးမယ္လို႔ ေကာ့ေသာင္းေဒသတာဝန္ရွိသူေတြကေျပာပါတယ္။

ကိုဗစ္တတိယလႈိင္းကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ ထိုင္းႏိုင္ငံမွာ နယ္စပ္ေဒသေတြကေန သူ႔ႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္လာမယ့္သူေတြကို မျပတ္ေစာင့္ၾကည့္ ဖမ္းဆီးမႈေတြ လုပ္ေနေပမယ့္ ျပည္တြင္းမွာ အခက္အခဲ အမ်ိဳးမ်ိဳးေၾကာင့္ နယ္စပ္ကတဆင့္ထိုင္းႏိုင္ငံထဲ ေ႐ႊ႕ေျပာင္းသြားလာေနသူေတြ တေန႔တျခားတိုးလာေနတယ္လို႔ ေ႐ႊ႕ေျပာင္း အလုပ္သမားအေရးလႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဖမ်းဆီးခံမြန်မာ ၁၇၀ ကျော် ထိုင်းအစိုးရ နေရပ်ပြန်ပို့

ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံထဲ ပြန်ပို့ပေးနေပါတယ်။ ဇွန်လ ၁၇ ရက် သောကြာနေ့မှာဖမ်းဆီးခံ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို ရနောင်းကော့သောင်းနယ်စပ်ကနေ မြန်မာနိုင်ငံက ပြန်လည်လက်ခံခဲ့ပါတယ်။ ပြည်တော်ပြန် မြန်မာနိုင်ငံသားတွေအကြောင်း ကိုစည်သူ ပြောပြပေးမှာပါ။

နယ်စပ်ဒေသတွေကတဆင့် ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်လာသူအများစုပါတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံ ဒေသအသီးသီးက အကျဉ်းထောင်မှာ ထိန်းသိမ်းထားရာကနေ နယ်စပ်ဂိတ်အသီးသီးကနေ ပြန်လည်ပို့ဆောင်ပေးနေတာပါ။ ဒီကနေ့ ဇွန်လ ၁၇ ရက် နေ့မှာ တော့ ရနောင်းကော့သောင်းနယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံသား ၁၅၀ ပြန်ပို့တာပါ။ ဒီကနေ့ပြန်ပို့တဲ့ မြန်မာနိုင်ငံသားတွေအကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်က အခုလို ပြောပါတယ်။

“အများဆုံးဖမ်းခံရတာ ပြစ်မှုဆိုင်ရာတွေနည်းတယ်။ တရားမဝင်လာတဲ့သူတွေကများတယ်။ တချို့က နှစ်ခါသုံးခါ ပြန်ခိုးဝင်တယ်။ ဒါကြောင့် လူကမလျော့သွားပဲ ပြန်ပြန်ပြီးများလာတာ။ တချို့ကျ မလေးကို ထိုင်းကနေခိုးဝင်တဲ့သူတွေလည်း ရှိတယ်။ အဓိကကတော့ ဆောင်ကလာဖက်မှာ ပိုများတယ်။တောင်ပိုင်းတစ်ခုလုံးက ရနောင်းလ.ဝ.က ကိုပဲပို့တော့ လူတွေကများလာတာ”

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အကျဉ်းထောင်တွေထဲ ထိုင်းရဲတပ်ဖွဲ့ကဖမ်းမိထားတဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို တစ်လ ၃ ကြိမ် ပြန်လည်ခေါ်ဆောင်ပေးနေပေမယ့် ဖမ်းဆီးခံမြန်မာနိုင်ငံသားတွေ အများအပြားရှိနေတာကြောင့် ထောင်တွင်း အနေဆင်းရဲတာတွေလည်း ကြားသိရနေရတယ်လို့ သူကဆက်ပြောပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလ ၂လထဲမှတင် မြန်မာနိုင်ငံသား တစ် သောင်ဝန်းကျင်လောက်ဖမ်းဆီးခံထားရတာပါ။ ဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးခက်ခဲမှုတွေကြောင့် အလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးသူတွေနဲ့လာကြရင်းဖမ်းဆီးခံခဲ့ကြရတာပါ။

မုံရွာကနေ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ စီစဉ်ပို့ဆောင်ပေးမယ့်သူကို မြန်မာငွေကျပ် ၂၃ သိန်းပေးခဲ့ရတဲ့ မသန္တာက သူကြုံခဲ့ရတာတွေကို အခုလိုပြောပြပါတယ်။

“ဒီကနေ လှေစီးပြီးသွားတယ်ရှင့်။ ရနောင်းရောက်တော့ကားပေါ်မှာပဲ မိသွားတယ် ။ ပွဲစားမပါတဲ့အတွက် ၃ လထိ နေရတယ်ရှင့် ။ အချုပ်ထဲမှာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ထမင်းသုံးကြိမ်ကျွေးတယ်။ နေရထိုင်ရတာတော့ အတော်လေးကျပ်တယ်။ ကြောက်သွားပြီ”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့သွားချင်သူတွေကို တရားဝင်လမ်းကြောင်းကနေပဲ ဝင်ရောက်ဖို့ မသန္တာက တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက်နေတာကြာမြင့်နေပြီး တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကိုဟိန်းမင်းလတ်က အလုပ်လာလုပ်မယ့်သူတွေသတိရှိကြဖို့ အခုလိုပြောပြပါတယ်။

“အခုက ပွဲစားတွေက လိမ်လည်ပြီးတော့ခေါ်ကြတယ်။ ပိုက်ဆံကိုမတရားဖြတ်တယ်။ အာမခံပြီးဟိုရောက်ပို့ပေးမယ်ပြောတယ်။ လမ်းမှာမိတယ်။ မြန်မာတွေက ဒီမှာစစ်တွေဖြစ်နေတော့ ကြောက်ပြီးတော့ထွက်ကြတယ်။ လုံးဝနားမလည်တဲ့သူတွေက ခံရတယ်။ အဲဒါပွဲစားနဲ့ ထိုင်းကသူတွေနဲ့ပေါင်းပြီးတော့ လုပ်နေတာ။ မြန်မာအချင်းချင်းလုပ်နေကြတာပါ”

မြန်မာနိုင်ငံထဲ ပြန်လည်ရောက်ရှိလာသူတွေကို ကော့သောင်းမြို့က ကိုဗစ်စောင့်ကြည့်ရေးစင်တာမှာ ထားပြီးမှ ပြန်ပို့ပေးမယ်လို့ ကော့သောင်းဒေသတာဝန်ရှိသူတွေကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ထိုင်းနိုင်ငံမှာ နယ်စပ်ဒေသတွေကနေ သူ့နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမယ့်သူတွေကို မပြတ်စောင့်ကြည့် ဖမ်းဆီးမှုတွေ လုပ်နေပေမယ့် ပြည်တွင်းမှာ အခက်အခဲ အမျိုးမျိုးကြောင့် နယ်စပ်ကတဆင့်ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းသွားလာနေသူတွေ တနေ့တခြားတိုးလာနေတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG