ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ထိုင်းနိုင်ငံ အလုပ်သမားတွေ လုပ်ခလစာတိုးမည်
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ အခြေခံ လုပ်ခလစာ ၅.၀၂ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့အတွက် ထိုင်းအစိုးရ လုပ်ခ၊လစာ ကော်မတီ က သောကြာနေ့က သဘောတူခဲ့ပါတယ် ။ ဒီအတွက် တနိုင်ငံလုံး အနေအထားအရ စီးပွားဖွံဖြိုးတိုးတက်တဲ့ နယ်မြေတွေအပေါ် မူတည်ပြီး တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ် ။ တောင်းဆိုတဲ့အတိုင်း အပြည့်မရပေမဲ့ တိုးမြှင့်ပေးတဲ့ အတိုင်းအတာအပေါ် ကြေနပ်မူရှိကြတယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော် က အခုလိုပြောပါတယ်။
" ကျနော်တို့ တောင်းထားတဲ့ တနေ့ ၈နာရီ လုပ်အားခ ၄၉၂ဘတ် ဆိုတာ မရပေမယ့် အမြင့်ဆုံးဒေသကတော့ ၃၅၄ ဘတ်၊ နောက် ၃၅၃ ဘတ် ၊ အသင့်အတင့်ရပြီး အောက်ခြေအဆင့်ကတော့ ၃၂၈ဘတ် အထိ ပေးတာဖြစ်ပါတယ်။ ထိုင်း၊ မြန်မာ၊ လာအိုဝ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အလုပ်သမားတွေ အခုဆို လုပ်အားခ တိုးမြှင့်ပေးလိုက်တဲ့အတွက် ကျနော်ဝမ်းသာတယ်လို့ပြောချင်ပါတယ် "
ထိုင်းအလုပ်သမား သမဂ္ဂတွေနဲ့ ရွှေပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတွေပူးပေါင်းပြီး ပြီးခဲတဲ့ မေဒေး မေလ (၁ ) နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ က ထိုင်းအစိုးရကို တောင်းဆိုခဲ့ပြီးနောက် လုပ်အားခ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အဲဒီအတွက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အသက်ဝင်ဖို့ လျှာထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဘွန်ချော့ စူထတ်မနတ်ဝန် က ပြောဆိုပါတယ်။
..................................................
{{Zawgyi/Unicode}}