သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

MOU အရ ထိုင္းေရာက္ ျမန္မာလုပ္သား (၃) လ အတြင္း (၃) ေသာင္းရွိၿပီ


MOU အရ ထိုင္းေရာက္ ျမန္မာလုပ္သား (၃) လ အတြင္း (၃) ေသာင္းရွိၿပီ

ထိုင္းႏိုင္ငံမွာ တရား၀င္ အေထာက္အထားေတြနဲ႔ အလုပ္လုပ္ကုိင္ဖို႔ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ လာႀကတဲ့ ျမန္မာလုပ္သား ၃၀၀ နီးပါဟာထုိင္း ျမန္မာနယ္စပ္ မဲေဆာက္ ျမ၀တီ ခ်စ္ႀကည္ေရးတံတား(၂)ကေန ႀသဂုတ္လ (၂၆)ရက္ေန႔မွာ ထပ္မံ၀င္ေရာက္လာပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

MOU အရ ထိုင္းေရာက္ ျမန္မာလုပ္သား (၃) လ အတြင္း (၃) ေသာင္းရွိၿပီ

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ တရား၀င္ အေထာက္အထားေတြနဲ႔ အလုပ္လုပ္ကုိင္ဖို႔ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ လာႀကတဲ့ ျမန္မာလုပ္သား ၃၀၀ နီးပါဟာထုိင္း ျမန္မာနယ္စပ္ မဲေဆာက္ ျမ၀တီ ခ်စ္ႀကည္ေရးတံတား(၂)ကေန ႀသဂုတ္လ (၂၆)ရက္ေန႔မွာ ထပ္မံ၀င္ေရာက္လာပါတယ္။ အခုဆိုရင္ ၃လအတြင္းမွာ ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္နဲ႔ ေစလႊတ္တဲ့ အလုပ္သမား ၃ေသာင္းနီးပါး ရွိသြားျပီျဖစ္ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းကို ၂ႏွစ္ေက်ာ္ကာလအတြင္း ပထမဦးအႀကိမ္အျဖစ္ ေမလကစျပီး ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ ျမန္မာေတြ စတင္၀င္ေရာက္လာျပီး အခုဆိုရင္ ၃လအတြင္းမွာ လူဦးေရ ၃ေသာင္းနီးပါး ရွိသြားျပီျဖစ္ပါတယ္။ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ျမ၀တီ ခ်စ္ႀကည္ေရး တံတား(၂) ကေန ျမန္မာ လုပ္သား ၇၀၀ေက်ာ္ဟာ ႀသဂုတ္လ ၂၆ရက္ေန႔ က ၀င္ေရာက္လာတဲ့ အေႀကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြ လွုပ္ရွားမူ႔ ေကာ္မတီရုံး ဥကၠဌ ဦးမိုးႀကိဳးကေျပာပါတယ္။

" ျပီးခဲ့တဲ့ ၂၀၂၂ခုႏွစ္ ေမလ ၁၀ ရက္ေန့ကစျပီး ဒီေန့ႀသဂုတ္လ၂၆ရက္ေန႔အထိျမန္မာနိုင္ငံကေန ထုိင္းႏို္င္ငံရဲ့အလုပ္အကိုင္မ်ိဳးစံုမွာ MOU လုပ္သား သံုးေသာင္းနီးပါးေစလႊတ္ခ့ဲျပီးျဖစ္တယ္။ သံုးလေက်ာ္အတြင္းမွာေပါ့။ ဒီေန့မွာေတာ့ ျမန္မာႏို္င္ငံက ေအဂ်င္စီ၉ခုကေန MOU အလုပ္းသမား ၇၀၀ေက်ာ္ေစလႊတ္ခဲ့ပါတယ္"

သူတို႔ေတြဟာ ထုိင္းႏုိင္ငံက စက္ရံုအလုပ္ရံုေတြ၊ အီလထေရာနစ္စက္ရံုေတြ၊ စားေသာက္ကုန္လုပ္ငန္းခြင္ေတြ၊ ပင္လယ္အစားအစာ ထုတ္လုပ္ေရးလုပ္ငန္းခြင္ေတြ၊ ျခံလုပ္ငန္းေတြ ေမြးျမဴေရး စတဲ့လုပ္ငန္းခြင္ေတြမွာ လုပ္ကိုင္ႀကရမွာျဖစ္ပါတယ္။

ထိုင္းအလုပ္သမား ၀န္ႀကီးဌာန လက္ေအာက္ က ဌာနတခုျဖစ္တဲ့ အလုပ္အကုိင္ဦးစီးဌာန Department of Employment (DOE )က MOU နဲ႔ လာေရာက္လုပ္ကိုင္မယ့္ ျမန္မာအပါအ၀င္ ကေမၻာဒီးယား လာအို၀္ ၃ ႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၄၄၇၀၉ ကုိ ဧျပီလအတြင္း အလုပ္လုပ္ခြင့္ ပါမစ္မ်ားခ်ေပးခဲ့ျပီး ဒီထဲမွာ ျမန္မာ အလုပ္သမားတသိန္းေက်ာ္ ကို ေခၚယူဖို့ဆံုးျဖတ္ထားတာပါ ။

ကုန္က်စရိတ္ေတြမ်ားျပီး တရား၀င္ ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္ MOU နဲ႔ လာျပီး စာခ်ဳပ္အတုိင္းမျဖစ္ပဲ လုပ္ငန္းခြင္မတူတဲ့ေနရာေတြ ေရာက္သြားတဲ့ ျဖစ္ရပ္ေတြရွိ ခဲ့တာေႀကာင့္ ႏွစ္ႏိုင္ငံအစုိးရနဲ႔ ေအဂ်င္စီေတြက ဒါေတြကို အေလးထားေဆာင္ရြက္ဖို႔ လုိအပ္တယ္လို့လည္း ဦးမုိးႀကိဳး ကေျပာပါတယ္ ။

" ေဆာက္လုပ္ေရး လုပ္ငန္းခြင္ဆုိရင္ ရာဘာျခံထဲကို ေရာက္သြားတာေတြ ပင္လယ္အစားအစား ထုတ္လုပ္ေရး လုပ္ငန္းခြင္လုိ့ သတ္မွတ္ျပီး တျခားျခံလုပ္ငန္းေတြ ေရာက္သြားတာမ်ိဳးေတြ အလားတူျဖစ္ရပ္ေတြလည္းရွိပါတယ္"

ကုိဗစ္ကာလအျပီးမွာေတာ့ ထုိင္းႏိုင္ငံထဲမွာ အလုပ္လုပ္ဖူးတဲ့ က်ြမ္းက်င္လုပ္သားေတြကို ကုမၸဏီေတြက ကုန္က်စရိတ္ မေပးရတ့ဲ (Zero Cost) စံနစ္နဲ့ ေခၚယူေပးတာေတြရွိခဲ့ပါတယ္။ ဒီစံနစ္ကေတာ့ ေကာင္းမြန္ေႀကာင္း တဖက္တလမ္းက အလုပ္သမားေတြရဲ့အခက္အခဲေတြ ေျဖရွင္းေပးရတာေရာက္တယ္လို့ ဦးမုိးႀကိဳးကဆုိပါတယ္။

ေကာ့ေသာင္း ရေနာင္းလမ္း ကေန့ (Zero Cost ) ၃ႀကိမ္ ျမ၀တီ မဲေဆာက္ကုန္းလမ္းေႀကာင္းကေန (Zero Cost) ၂ႀကိမ္ ရရွိသြားျပီးျဖစ္ပါတယ္။ အဲဒီ လို ရရွိျခင္းအားျဖင့္ ျမန္မာႏိုင္ငံဘက္ျခမ္းမွာ အစုိးရကုိ ၀န္ေဆာင္ခေပးရတဲ့ ႏွဳန္းထားက်ပ္ေငြ ၃သိန္း။ ထုိင္းဘက္ျခမ္း မွာ ထုိင္းအစိုးရကိုေပးရတဲ့ ထုိင္းဘတ္ေငြ ၅၆၀၀ကေန ၇၅၀၀အထိ ကုန္က်စရိပ္ေတြ အားလံုးသက္သာျပီး အခမဲ့ရရွိသြားတာျဖစ္ပါတယ္။

အခုလို MOU ႏွစ္ႏိုင္ငံ သေဘာတူ စာခ်ဳပ္နဲ႔ တရား၀င္လမ္းေႀကာင္းကေန အလုပ္သမားေစလႊတ္တာေတြက အေရအတြက္အားျဖင့္ နည္းပါးေနေသးတာ ႀကံ႔ၾကာေနေတြရွိ ေနတာေႀကာင့္ အလုပ္အကုိင္ရွာလိုတဲ့ ျမန္မာေတြဟာ တရားမ၀င္လမ္းေတြကေန ၀င္ေရာက္လာေနပါတယ္ ။

ျမန္မာအပါအ၀င္ အိမ္နီးခ်င္း၄ ႏိုင္ငံက အေထာက္အထားမဲ့ေတြအတြက္ ပန္ေရာင္ကဒ္လို႔ ေခၚတဲ့ အလုပ္သမား လက္မွတ္လုပ္ေပးတဲ့ ကာလမွာေတာ့ အေထာက္အထားမဲ့ျမန္မာေတြ ဟာ ထုိင္းႏိုိင္ငံထဲကို အစုလုိက္ အျပံဳလိုက္ ၀င္ေရာက္လာေနျပီး ေန႔စဥ္လည္း အဖမ္းဆိီးေတြခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................

MOU အရ ထိုင်းရောက် မြန်မာလုပ်သား (၃) လ အတွင်း (၃) သောင်းရှိပြီ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါဟာထိုင်း မြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ သြဂုတ်လ (၂၆)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ အခုဆိုရင် ၃လအတွင်းမှာ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ စေလွှတ်တဲ့ အလုပ်သမား ၃သောင်းနီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ၂နှစ်ကျော်ကာလအတွင်း ပထမဦးအကြိမ်အဖြစ် မေလကစပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ မြန်မာတွေ စတင်ဝင်ရောက်လာပြီး အခုဆိုရင် ၃လအတွင်းမှာ လူဦးရေ ၃သောင်းနီးပါး ရှိသွားပြီဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတား(၂) ကနေ မြန်မာ လုပ်သား ၇၀၀ကျော်ဟာ သြဂုတ်လ ၂၆ရက်နေ့ က ဝင်ရောက်လာတဲ့ အကြောင်း မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမူ့ ကော်မတီရုံး ဥက္ကဌ ဦးမိုးကြိုးကပြောပါတယ်။

" ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ ၁၀ ရက်နေ့ကစပြီး ဒီနေ့သြဂုတ်လ၂၆ရက်နေ့အထိမြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံရဲ့အလုပ်အကိုင်မျိုးစုံမှာ MOU လုပ်သား သုံးသောင်းနီးပါးစေလွှတ်ခဲ့ပြီးဖြစ်တယ်။ သုံးလကျော်အတွင်းမှာပေါ့။ ဒီနေ့မှာတော့ မြန်မာနိုင်ငံက အေဂျင်စီ၉ခုကနေ MOU အလုပ်းသမား ၇၀၀ကျော်စေလွှတ်ခဲ့ပါတယ်"

သူတို့တွေဟာ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံတွေ၊ အီလထရောနစ်စက်ရုံတွေ၊ စားသောက်ကုန်လုပ်ငန်းခွင်တွေ၊ ပင်လယ်အစားအစာ ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ခြံလုပ်ငန်းတွေ မွေးမြူရေး စတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။

ထိုင်းအလုပ်သမား ဝန်ကြီးဌာန လက်အောက် က ဌာနတခုဖြစ်တဲ့ အလုပ်အကိုင်ဦးစီးဌာန Department of Employment (DOE )က MOU နဲ့ လာရောက်လုပ်ကိုင်မယ့် မြန်မာအပါအဝင် ကမ္ဘောဒီးယား လာအိုဝ် ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁၄၄၇၀၉ ကို ဧပြီလအတွင်း အလုပ်လုပ်ခွင့် ပါမစ်များချပေးခဲ့ပြီး ဒီထဲမှာ မြန်မာ အလုပ်သမားတသိန်းကျော် ကို ခေါ်ယူဖို့ဆုံးဖြတ်ထားတာပါ ။

ကုန်ကျစရိတ်တွေများပြီး တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာပြီး စာချုပ်အတိုင်းမဖြစ်ပဲ လုပ်ငန်းခွင်မတူတဲ့နေရာတွေ ရောက်သွားတဲ့ ဖြစ်ရပ်တွေရှိ ခဲ့တာကြောင့် နှစ်နိုင်ငံအစိုးရနဲ့ အေဂျင်စီတွေက ဒါတွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဦးမိုးကြိုး ကပြောပါတယ် ။

" ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုရင် ရာဘာခြံထဲကို ရောက်သွားတာတွေ ပင်လယ်အစားအစား ထုတ်လုပ်ရေး လုပ်ငန်းခွင်လို့ သတ်မှတ်ပြီး တခြားခြံလုပ်ငန်းတွေ ရောက်သွားတာမျိုးတွေ အလားတူဖြစ်ရပ်တွေလည်းရှိပါတယ်"

ကိုဗစ်ကာလအပြီးမှာတော့ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ဖူးတဲ့ ကျွမ်းကျင်လုပ်သားတွေကို ကုမ္ပဏီတွေက ကုန်ကျစရိတ် မပေးရတဲ့ (Zero Cost) စံနစ်နဲ့ ခေါ်ယူပေးတာတွေရှိခဲ့ပါတယ်။ ဒီစံနစ်ကတော့ ကောင်းမွန်ကြောင်း တဖက်တလမ်းက အလုပ်သမားတွေရဲ့အခက်အခဲတွေ ဖြေရှင်းပေးရတာရောက်တယ်လို့ ဦးမိုးကြိုးကဆိုပါတယ်။

ကော့သောင်း ရနောင်းလမ်း ကနေ့ (Zero Cost ) ၃ကြိမ် မြဝတီ မဲဆောက်ကုန်းလမ်းကြောင်းကနေ (Zero Cost) ၂ကြိမ် ရရှိသွားပြီးဖြစ်ပါတယ်။ အဲဒီ လို ရရှိခြင်းအားဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှာ အစိုးရကို ဝန်ဆောင်ခပေးရတဲ့ နှုန်းထားကျပ်ငွေ ၃သိန်း။ ထိုင်းဘက်ခြမ်း မှာ ထိုင်းအစိုးရကိုပေးရတဲ့ ထိုင်းဘတ်ငွေ ၅၆၀၀ကနေ ၇၅၀၀အထိ ကုန်ကျစရိပ်တွေ အားလုံးသက်သာပြီး အခမဲ့ရရှိသွားတာဖြစ်ပါတယ်။

အခုလို MOU နှစ်နိုင်ငံ သဘောတူ စာချုပ်နဲ့ တရားဝင်လမ်းကြောင်းကနေ အလုပ်သမားစေလွှတ်တာတွေက အရေအတွက်အားဖြင့် နည်းပါးနေသေးတာ ကြံ့ကြာနေတွေရှိ နေတာကြောင့် အလုပ်အကိုင်ရှာလိုတဲ့ မြန်မာတွေဟာ တရားမဝင်လမ်းတွေကနေ ဝင်ရောက်လာနေပါတယ် ။

မြန်မာအပါအဝင် အိမ်နီးချင်း၄ နိုင်ငံက အထောက်အထားမဲ့တွေအတွက် ပန်ရောင်ကဒ်လို့ ခေါ်တဲ့ အလုပ်သမား လက်မှတ်လုပ်ပေးတဲ့ ကာလမှာတော့ အထောက်အထားမဲ့မြန်မာတွေ ဟာ ထိုင်းနိုင်ငံထဲကို အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေပြီး နေ့စဉ်လည်း အဖမ်းဆီးတွေခံနေရပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG