သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွစ္ႏိုင္ငံ MOU အရ ထိုင္းဘက္ကို တရားဝင္ ျမန္မာ လုပ္သားေတြ ေစလႊတ္ 


ႏွစ္ႏိုင္ငံ MOU အရ ထိုင္းဘက္ကို တရားဝင္ ျမန္မာ လုပ္သားေတြ ေစလႊတ္

ထိုင္းႏိုင္ငံမွာ တရား၀င္ အေထာက္အထားေတြနဲ့ အလုပ္လုပ္ကုိင္ဖို့ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ့ လာႀကတဲ့ ျမန္မာလုပ္သား ၃၀၀နီးပါဟာ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ ျမ၀တီ ခ်စ္ႀကည္ေရးတံတား(၂)ကေန ဇြန္လ(၁)ရက္ေန့မွာ ထပ္မံ၀င္ေရာက္လာပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပု့ိထားပါတယ္။

ႏွစ္ႏိုင္ငံ MOU အရ ထိုင္းဘက္ကို တရားဝင္ ျမန္မာ လုပ္သားေတြ ေစလႊတ္

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ တရား၀င္ အေထာက္အထားေတြနဲ့ အလုပ္လုပ္ကုိင္ဖို့ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ့ လာႀကတဲ့ ျမန္မာလုပ္သား ၃၀၀နီးပါဟာ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ ျမ၀တီ ခ်စ္ႀကည္ေရးတံတား(၂)ကေန ဇြန္လ(၁)ရက္ေန့မွာ ထပ္မံ၀င္ေရာက္လာပါတယ္။ အခုဆိုရင္ ႏွစ္ႏုိင္ငံ သေဘာတူစာခ်ဳပ္နဲ့ ေစလႊတ္တဲ့ အလုပ္သမား ၂၀၀၀ေက်ာ္ရွိသြားျပီျဖစ္ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပု့ိထားပါတယ္။

ထိုင္းႏိုင္ငံအတြင္းကို ၂ႏွစ္ေက်ာ္ကာလအတြင္း ပထမဦးအႀကိမ္အျဖစ္ ေမလကစျပီး ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္ MOU နဲ့ ျမန္မာေတြ စတင္၀င္ေရာက္လာျပီး ဇြန္လ၁ရက္ေန့မွာေတာ့ ထုိင္းျမန္မာနယ္စပ္ မဲေဆာက္ျမ၀တီ ခ်စ္ႀကည္ေရးတံတား(၂)ကေန ျမန္မာ လုပ္သား ၃၀၀နီးပါး ၀င္ေရာက္လာတဲ့အေႀကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြ လွုပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌ ဦးမိုးႀကိဳးကေျပာပါတယ္။

"MOU စံနစ္နဲ့ ျမန္မာႏိုင္ငံကေန ထုိင္းႏုိင္ငံဘက္ကို လုပ္သားေစလႊတ္မူ့က ဇြန္လ ၁ရက္ေန့က ဒါက ၇ႀကိမ္ေျမာက္ေပါ့။ မြန္းဘင္းေအဂ်င္စီနဲ့ ယြန္းနဒီေအဂ်င္စီ ၂ခုက ေယာက္က်ားေလး ၁၅၂ေယာက္နဲ့ မိန္းကေလး၃၉ေယာက္ အားလုံးေပါင္း ၂၉၁ေယာက္ေစလႊတ္တယ္။ ဒါက ရႀကိမ္ေျမာက္ျဖစ္တယ္။ အဲဒီ ၂၉၁ေယာက္လုံးက ထုိင္းႏုိင္ငံအလယ္ပုိင္း ခ်ြန္ဘူရီက ႀကက္သားစက္ရံုမွာ အလုပ္သြားလုပ္ႀကမယ့္သူေတြျဖစ္တယ္"

အခုဆိုရင္ အႀကိမ္ေပါင္း ၇ႀကိမ္အတြင္းမွာ ျမန္မာအလုပ္သမား၂၀၀၀ေက်ာ္ ထုိင္းႏိုင္ငံထဲကို ေရာက္ရွိလာျပီျဖစ္ေႀကာင္းကိုလည္း ေျပာျပပါတယ္။

" ေျပာမယ္ဆိုရင္ MOU စံနစ္နဲ့ ျပီးခဲ့တဲ့ ၂၀၂၂ခုႏွစ္ ေမလ ၁၀ ,၁၁ ,၁၉ ,၂၀ , ၂၄ ,၂၇ ေမလအတြင္းမွာ ၆ႀကိမ္ ၊ အခုဇြန္လ ၁ရက္ေန့မွာတႀကိမ္ စုစုေပါင္း ၂၁၄၄ ေယာက္ MOU စံနစ္နဲ့ ထုိင္းနိုင္ငံမွာ၀င္ေရာက္လုပ္ကုိင္ခြင့္ရပါတယ္"

ထိုင္းအလုပ္သမား၀န္ႀကီးဌာန လက္ေအာက္က ဌာနတခုျဖစ္တဲ့ အလုပ္အကုိင္ဦးစီးဌာန Department of Employment (DOE )က MOU နဲ႔ လာေရာက္လုပ္ကိုင္မယ့္ ျမန္မာအပါအ၀င္ ကေမၻာဒီးယား လာအို၀္ ၃ ႏိုင္ငံက ေ႐ႊ႕ေျပာင္းအလုပ္သမား ၁၄၄၇၀၉ ကုိ ဧျပီလအတြင္း အလုပ္လုပ္ခြင့္ ပါမစ္မ်ားခ်ေပးခဲ့ျပီး ဒီထဲမွာျမန္မာအလုပ္သမားတသိန္းေက်ာ္ကို ေခၚယူသြားမွာျဖစ္ပါတယ္။ အခုဆိုရင္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္နဲ့ လာႀကတဲ့ ျမန္မာအလုပ္သမားေတြ အေရအတြက္ကေတာ့ ၂၀၀၀ေက်ာ္သာရွိေသးျပီး အရည္အတြက္အားျဖင့္ဆိုရင္ နည္းေနေသးတာပါ ။

တရား၀င္လမ္းေႀကာင္းကေန အလုပ္သမားေစလႊတ္တာေတြက နည္းပါးေနေသးတာ။ ႀကန့္ႀကာေနတာေတြေႀကာင့္ တရားမ၀င္လမ္းေႀကာင္းေတြကေန ထုိင္းႏိုင္ငံထဲကို ျမန္မာေတြဟာအစုလိုက္အျပံဳလိုက္ ၀င္လာေနျပီး ေန႔စဥ္လည္း အဖမ္းဆီးခံေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

နှစ်နိုင်ငံ MOU အရ ထိုင်းဘက်ကို တရားဝင် မြန်မာ လုပ်သားတွေ စေလွှတ်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ တရားဝင် အထောက်အထားတွေနဲ့ အလုပ်လုပ်ကိုင်ဖို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာကြတဲ့ မြန်မာလုပ်သား ၃၀၀နီးပါဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ ဇွန်လ(၁)ရက်နေ့မှာ ထပ်မံဝင်ရောက်လာပါတယ်။ အခုဆိုရင် နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ စေလွှတ်တဲ့ အလုပ်သမား ၂၀၀၀ကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံအတွင်းကို ၂နှစ်ကျော်ကာလအတွင်း ပထမဦးအကြိမ်အဖြစ် မေလကစပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ မြန်မာတွေ စတင်ဝင်ရောက်လာပြီး ဇွန်လ၁ရက်နေ့မှာတော့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီ ချစ်ကြည်ရေးတံတား(၂)ကနေ မြန်မာ လုပ်သား ၃၀၀နီးပါး ဝင်ရောက်လာတဲ့အကြောင်း မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကပြောပါတယ်။

"MOU စံနစ်နဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လုပ်သားစေလွှတ်မူ့က ဇွန်လ ၁ရက်နေ့က ဒါက ၇ကြိမ်မြောက်ပေါ့။ မွန်းဘင်းအေဂျင်စီနဲ့ ယွန်းနဒီအေဂျင်စီ ၂ခုက ယောက်ကျားလေး ၁၅၂ယောက်နဲ့ မိန်းကလေး၃၉ယောက် အားလုံးပေါင်း ၂၉၁ယောက်စေလွှတ်တယ်။ ဒါက ရကြိမ်မြောက်ဖြစ်တယ်။ အဲဒီ ၂၉၁ယောက်လုံးက ထိုင်းနိုင်ငံအလယ်ပိုင်း ချွန်ဘူရီက ကြက်သားစက်ရုံမှာ အလုပ်သွားလုပ်ကြမယ့်သူတွေဖြစ်တယ်"

အခုဆိုရင် အကြိမ်ပေါင်း ၇ကြိမ်အတွင်းမှာ မြန်မာအလုပ်သမား၂၀၀၀ကျော် ထိုင်းနိုင်ငံထဲကို ရောက်ရှိလာပြီဖြစ်ကြောင်းကိုလည်း ပြောပြပါတယ်။

" ပြောမယ်ဆိုရင် MOU စံနစ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ ၁၀ ,၁၁ ,၁၉ ,၂၀ , ၂၄ ,၂၇ မေလအတွင်းမှာ ၆ကြိမ် ၊ အခုဇွန်လ ၁ရက်နေ့မှာတကြိမ် စုစုပေါင်း ၂၁၄၄ ယောက် MOU စံနစ်နဲ့ ထိုင်းနိုင်ငံမှာဝင်ရောက်လုပ်ကိုင်ခွင့်ရပါတယ်"

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်က ဌာနတခုဖြစ်တဲ့ အလုပ်အကိုင်ဦးစီးဌာန Department of Employment (DOE )က MOU နဲ့ လာရောက်လုပ်ကိုင်မယ့် မြန်မာအပါအဝင် ကမ္ဘောဒီးယား လာအိုဝ် ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား ၁၄၄၇၀၉ ကို ဧပြီလအတွင်း အလုပ်လုပ်ခွင့် ပါမစ်များချပေးခဲ့ပြီး ဒီထဲမှာမြန်မာအလုပ်သမားတသိန်းကျော်ကို ခေါ်ယူသွားမှာဖြစ်ပါတယ်။ အခုဆိုရင် နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာကြတဲ့ မြန်မာအလုပ်သမားတွေ အရေအတွက်ကတော့ ၂၀၀၀ကျော်သာရှိသေးပြီး အရည်အတွက်အားဖြင့်ဆိုရင် နည်းနေသေးတာပါ ။

တရားဝင်လမ်းကြောင်းကနေ အလုပ်သမားစေလွှတ်တာတွေက နည်းပါးနေသေးတာ။ ကြန့်ကြာနေတာတွေကြောင့် တရားမဝင်လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲကို မြန်မာတွေဟာအစုလိုက်အပြုံလိုက် ဝင်လာနေပြီး နေ့စဉ်လည်း အဖမ်းဆီးခံနေရပါတယ်။

XS
SM
MD
LG