သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းတွေကို ကာကွယ်ဆေးထိုးပေး


Myanmar migrants in Maesod receiving Covid 19 vaccination
Myanmar migrants in Maesod receiving Covid 19 vaccination

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေနဲ့ ကလေးသူငယ်တွေကို ကိုဗစ်ကာကွယ်ဆေးတွေ ပထမအကြိမ်အဖြစ် ထိုးနှံပေးနေရဆဲဖြစ်တာကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတဲ့လူသစ်တွေကိုလည်း ကာကွယ်ဆေးထိုးပေးနေပါတယ်။ ထိုင်းနယ်စပ်အခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေနဲ့ ကလေးသူငယ်တွေကို ကိုဗစ်ကာကွယ်ဆေးတွေ ပထမအကြိမ်အဖြစ် ထိုးနှံပေးနေရဆဲဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မယ်တော် ဆေးခန်းကတော့ ပထမဦးဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံတဲ့လူသစ်တွေအပါအဝင် ဒုတိယအကြိမ်တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်နေသူတွေကို ကာကွယ်ဆေး တပတ်ကို၂ ကြိမ်ထိုးနှံပေးတယ်လို့ ဆရာမ မြသီတာကပြောပြပါတယ်။

“ရာဂဏန်းလို့ပြောလို့ရတာပေါ့။ အခုဟာက ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းသားတွေကလာတာပေါ့။ အဲဒီတော့ ကျောင်းသားတွေနဲ့ဆို ရာဂဏန်းလောက်ရှိတာပေါ့။ ကျမတို့ကတော့ ဆေးရတဲ့အပေါ်မူတည်ပြီး တပတ်ကို ၂ ကြိမ်လောက် ထိုးပေးတယ်။ အဲဒါက ပထမအကြိမ်တွေလည်း ဒုတိယအကြိမ်တွေလည်း ရှိတယ်။ တတိယအကြိမ်လည်း ရှိတာပေါ့။ ဒီလထဲမှာတော့ မနက်ထိုးဖို့ရှိတယ်။ ကျမတို့ announcement လုပ်ထားတာပေါ့။”

အခုကာကွယ်ဆေးထိုးကြသူတွေဟာ မဲဆောက်မှာရှိနေပြီးသား လူဟောင်းတွေလည်းပါသလို နယ်စပ်ဖြတ်ကျော်ဝင်လာကြတဲ့ လူသစ်တွေလည်းပါကြကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်က အခုလိုပြောပါတယ်။

“နယ်စပ်ဖြတ်ကျော်ပြီးတော့ ဝင်ရောက်လာတဲ့သူတွေ၊ အလုပ်သမားတွေက လည်း သူတို့လုပ်ငန်းခွင်တွေမှာ ထိုးပေးမလို့နဲ့ အလုပ်တွေပိတ်သိမ်းသွားတာ၊အလုပ်သမားတွေ လျှော့ချတဲ့အထဲပါသွားတဲ့သူတွေ၊ ပထမအကြိမ်မထိုးရသေးတဲ့သူတွေ၊ ထိုင်းနိုင်ငံက စီစဉ်ပေးတာနေတာပါ။ ဒေသတွင်းကျန်းမာရေးကွန်ယက် အသီးသီးနဲ့ လက်လှမ်းမမှီတဲ့သူတွေ၊ ထိုင်းနိုင်ငံထဲကိုအ သစ်အသစ်သော ဝင်ရောက်လာသူတွေကို ထိုးပေးရတာရှိတယ်။”

အထောက်အထားမရှိသူတွေအတွက် ထိုင်းကျန်းမာရေးဌာနက ထိုင်းဘုန်ေးတာ်ကြီးကျောင်းတွေမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာ၊ စာသင်ကျောင်းတွေမှာ ရပ်ကွက်တွေထဲမှာ လိုက်လံ ထိုးနှံပေးတာတွေရှိပေမယ့် အများစုကြီးကတော့ မယ်တော်ဆေးခန်းက ကာကွယ်ဆေးထိုးပေးမယ့်ရက်ကို စောင့်ပြီးသွားရောက် ထိုးနှံနေကြတာပါ။

မယ်တော်ဆေးခန်းကိုလာကြသူအများစုဟာ အထောက်အထားမဲ့တွေဖြစ်ကြပြီး အထောက်အထားလက်မှတ်ရှိသူကော မရှိသူတွေကိုပါ ကာကွယ်ဆေးထိုးပေးတယ်ဆိုပြီး မယ်တော်ဆေးခန်းက ဆရာမ မြသီတာကပြောပါတယ်။

“ကျမတို့ဆီကိုလာတဲ့သူတွေအားလုံး အထောက်အထားမလိုဘူး။ ကျမတို့ဆီရောက်လာတဲ့သူအားလုံးကိုတော့ ထိုးပေးတာပေါ့။”

အခုဆိုရင် ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်ကူးစက်သူတွေလျော့နည်းလာတဲ့အတွက် ဇွန်လကစပြီး ပြည်နယ် ၁၇ ပြည်နယ်အတွင်းမှာ နှာခေါင်းစည်းမပါဘဲ သွားလာလို့ရတာတွေရှိပေမယ့် တာ့ခ်ပြည်နယ်ကတော့မပါဝင်သေးပါဘူး။

နယ်စပ်ဖြတ်ကျော်ခရီးသွားလာခွင့်တွေကိုလည်း ဧပြီလကစပြီးခွင့်ပြုတယ်ဆိုပေမယ့်လည်း မြန်မာအလုပ်သမားတွေ ခရီးသွားလာဖို့က အကန့်အသတ်တွေရှိနေဆဲဖြစ်ပါတယ်။ တာခ့်ပြည်နယ် မဲဆောက်မြို့နယ်အပါအဝင် နယ်စပ်မြို့နယ်တွေမှာတော့ အခုချိန်ထိ အထောက်အထားမဲ့မြန်မာတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်နေတာကြောင့် ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့အတွက် နယ်စပ်က ချစ်ကြည်ရေးတံတား (၁) ကိုလည်း ပိတ်ထားရဆဲဖြစ်ပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့လာတဲ့သူတွေကို လည်းအကန့်အသတ်နဲ့ပဲ လက်ခံနေဆဲဖြစ်ပါတယ်ရှင်။

#MyanmarCovid #MyanmarMigrants #Covid19Vaccine #VOABurmese
#မဲဆောက်မြို့ #မြန်မာရွှေ့ပြောင်းအလုပ်သမား #ထိုင်းကိုဗစ်ကာကွယ်ဆေး #ဗွီအိုအေ #မယ်တော်ဆေးခန်း
============

[[Unicode]]












#MyanmarCovid #MyanmarMigrants #Covid19Vaccine #VOABurmese
============

XS
SM
MD
LG