သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္ထားမဲ့ ျမန္မာ ရာနဲ႔ခ်ီ ထိုင္းရဲဖမ္းဆီး


ႀသဂုတ္လ (၁၂) ရက္ေန့က အယုဒယျမိဳ့မွာျမန္မာႏို္င္ငံသားေတြကို ခိုးျပီးတင္လာတာကို ဖမ္းဆီးစစ္ေဆးေနပံု (Police) (မွတ္တမ္းဓါတ္ပုံ)

ထုိင္းႏိုင္ငံထဲကုိ ေန႔စဥ္လိုလိုပဲ အလုပ္အကုိင္ရွာေဖြဖို့ လာေရာက္တဲ့ ျမန္မာေတြ အမ်ားအျပားရွိေနၿပီး ထိုင္းအာဏာပိုင္ေတြက အေထာက္ထားမဲ့ ဝင္လာသူေတြကို ဖမ္းဆီးေနတာပါ။အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပု့ိထားပါတယ္။

အေထာက္ထားမဲ့ ျမန္မာ ရာနဲ႔ခ်ီ ထိုင္းရဲဖမ္းဆီး

{{Zawgyi/Unicode}}
ထုိင္းႏိုင္ငံထဲကုိ ေန႔စဥ္လိုလိုပဲ အလုပ္အကုိင္ရွာေဖြဖို့ လာေရာက္တဲ့ ျမန္မာေတြ အမ်ားအျပားရွိေနၿပီး ထိုင္းအာဏာပိုင္ေတြက အေထာက္ထားမဲ့ ဝင္လာသူေတြကို ဖမ္းဆီးေနတာပါ။ ေမလ ၁၄ ရက္ စေနေန႔ တရက္ထဲမွာတင္ အဖမ္းဆီးခံရတဲ့ ျမန္မာႏိုင္ငံသားက ၃၀၀ ေလာက္ရွိေနၿပီး ေမလဆန္းကေန အခုခ်ိန္အထိ အဖမ္းခံရသူ ျမန္မာႏိုင္ငံသား ၁၃၀၀ ေက်ာ္ရွိၿပီး လူကုန္ကူးသူ ပြဲစား ၄ ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပု့ိထားပါတယ္။

ထုိင္းႏိုင္ငံထဲကုိ အလုပ္အကုိင္ရွာေဖြဖို့ လာႀကတဲ့ ျမန္မာေတြဟာ ေန႔စဥ္ အစုလိုက္အျပံဳလုိက္ ၀င္လာေနႀကဆဲ ျဖစ္ျပီး ျပည္နယ္၄ခုမွာ ေမလ၁၄ရက္ေန့ တေန့ထဲမွ ာနယ္စပ္ကေန၀င္လာတဲ့ အေထာက္အထားမဲ့ ျမန္မာ ၃၀၀နီးပါး ဖမ္းဆီးခံရျပီး ေမလ၀က္အထိ ဖမ္းဆိီးခံရသူ ၁၃၀၀ ေက်ာ္ရွိကာ လူကုန္ကူးတ့ဲ ပဲြစား၁၄ဦးကုိလည္း ဖမ္းမိခဲ့ပါတယ္။ ဒီသတင္းကိို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပု့ိထားပါတယ္။

ထိုင္းႏိုင္ငံထဲကုိ အလုပ္အကုိင္ရွာေဖြဖို့လာႀကတဲ့ အေထာက္အထားမဲ့ ျမန္မာေတြဟာ ေန႔စဥ္အစုလိုက္အျပံဳလိုက္ ဖမ္းဆီးခံေနရပါတယ္ ။ ေမလ ၁၄ရက္ေန့တေန့ထဲ ဖမ္းမိတဲ့ ျမန္မာ၃၀၀၀န္းက်င္ေလာက္ရွိေႀကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌဦးမုိးႀကိဳးက အခုလိုေျပာပါတယ္ ။

" တရားမ၀င္ ၀င္ေရာက္မူ့ေတြက ပုိပိုမ်ားလာတာကိုေတြ ့ရတယ္။ အဲဒီေတာ့ ေမလ၁၄ရက္ေန့ တရက္ထဲမွာပဲ ျပည္နယ္ ၄ခုမွာ စုစုေပါင္း ျမန္မာ၂၉၈ေယာက္ အဖမ္းခံရပါတယ္။ ၃၀၀၀န္းက်င္ေပါ့ ။ တာ့ခ္ျပည္နယ္ ဖြတ္ဖရျမိဳနယ္ထဲမွာ ကား၃စီးနဲ့ တရားမ၀င္ ၇၀ေယာက္အဖမ္းခံရတယ္။ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာ ျမန္မာ၁၁၂ေယာက္ အဖမ္းခံရတယ္ ။ သူတို့က လမ္းျပပဲြစားအလာကုိ ေစာင့္ရင္းအဖမ္းခံရပါတယ္။ တဆက္တည္းမွာပဲ ခ်င္းရိုင္ျပည္နယ္ မယ့္ဆိုင္မွာ ကား၂စီးေပၚမွာ ျမန္မာ ၂၇ေယာက္အဖမ္းခံရတယ္။ ထူးျခားတာက ၄ႏွစ္နဲ့ ၁၁အရြယ္ ကေလးငယ္၄ဦးပါအဖမ္းခံရပါတယ္။ ထိုင္းႏိုင္္ငံ ဘန္ေကာက္အနီး အယုဒၶယျပည္နယ္ထဲက အယုဒၶယရယ္ စင္ဘူရီနဲ့ အန္ေထာင္းစတဲ့ ျပည္နယ္၃ခုဆံုရာ အေ၀းေျပးလမ္းမွာ အထူးစီမံခ်က္နဲ့ ဖမ္းတာက တရားမ၀င္ျမန္မာ ၈၉ေယာက္အဖမ္းခံရပါတယ္။ ဒါေႀကာင့္ ေမလ၁၄ရက္ေန့ တရက္တည္းမွာပဲ ၂၉၈ေယာက္၃၀၀၀န္းက်င္အဖမ္းခံရပါတယ္ "

အခုလိုမ်ိဳး နယ္စပ္ေတြဟာ လူကုန္ကူးခံရတဲ့ျမန္မာေတြကို ဖမ္းဆီးေနသလို ဒီရက္ပုိ္င္းမွာပဲ ျမန္မာအလုပ္သမားေတြ သိန္းနဲ့ခ်ီ အလုပ္လုပ္ကုိင္ေနတဲ့ ဆာမြတ္ဆာခြန္းျပည္နယ္ထဲမွာလည္း ေနအိမ္ခန္းေတြထိ အေထာက္အထားမဲ့ ျမန္မာေတြကို လိုက္လံဖမ္းဆီးေနတယ္လုိ့လည္း ဦးမုိးႀကိဳးက ဆုိပါတယ္။

" ဆမြတ္ဆာခြန္းျပည္နယ္ မဟာခ်ိဳင္မွာလည္း အဲဒီမွာအလုပ္သမားေတြေနထိုင္ေနတဲ့ တုိက္ခန္းေတြအိမ္ခန္းေတြကို
လိုက္လံဖမ္းဆီးတာဟာ တေန့တေန့ အေယာက္ ၃၀နဲ့၄၀ႀကား တရားမ၀င္အေထာက္အထားမဲ့ေတြ ဖမ္းမိပါတယ္"

အခုဆိုရင္ ေမလဆန္းကေန ေမလလည္အထိ နယ္စပ္ကေန ၀င္လာတဲ့အေထာက္အထားမဲ့ ျမန္မာ၁၃၀၀ေက်ာ္ေလာက္ ဖမ္းဆီးခံရတယ္လို့လည္း ဦးမုိးႀကိုးကေျပာပါတယ္ ။

" ေမလ တရက္ေန့ကေန လလည္အတြင္း ထုိင္းနိုင္ငံရဲ႔ နယ္စပ္အသီးသီးနဲ့ ထုိင္းႏုိင္ငံအလယ္ပုိင္းကိုေရာက္လာတဲ့သူေတြကုိ တရားမ၀င္ အေထာက္အထားမဲ့ ျမန္မာေတြကုိ ဖမ္းမိတာက ၁၃၁၈ေယာက္နဲ့ လူေမွာင္ခိုပဲြစား ၁၄ေယာက္ကိုဖမ္းမိပါတယ္ "

ထိုင္းအစိုးကေတာ့ နယ္စပ္ခ်စ္ႀကည္ေရးတံတားကေန တရား၀င္ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္ MOU နဲ့ အလုပ္သမားေတြကို စတင္ေခၚယူေနျပီျဖစ္လိုိ့ အခုလို အေထာက္အထားမဲ့ေတြ ၀င္ေရာက္လာတာေတြေလ်ာ့ခ်ႏိုင္မယ္လို့ယူဆထားတာပါ ။

ဒါအျပင္ အဖမ္းအဆီးေတြကိုလည္း ဆက္တိုက္လုပ္ေနတဲ့အတြက္ အေထာက္အထားမဲ့ေတြ ၀င္ေရာက္မူေတြ နည္းလာဖို့ ့လုပ္ေဆာင္ေနပါတယ္ ။ ဒီလို အဖမ္းအဆီးေတြမ်ားေနေပမယ့္ လူကုန္ကူးသူေတြေခၚလာတ့ဲ ျမန္မာႏို္င္ငံသားေတြ အစုလိုက္အၿပံဳလိုက္ ၀င္ေရာက္ေနဆဲမို့ ကုိဗစ္ကပ္ေရာဂါကို ထိမ္းခ်ဳပ္ဖို႔နဲ့ ထိုင္းႏိုင္ငံတြင္း လူကုန္ကူးမူေတြကို ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ႏိုင္ဖို႔ ျပည္နယ္အသီးသီးက အုပ္ခ်ဳပ္ေရးမွဴးေတြကိုလည္း ထုိင္းျပည္ထဲေရး၀န္ႀကီးဌာနက ညႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................

အထောက်ထားမဲ့ မြန်မာ ရာနဲ့ချီ ထိုင်းရဲဖမ်းဆီး

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံထဲကို နေ့စဉ်လိုလိုပဲ အလုပ်အကိုင်ရှာဖွေဖို့ လာရောက်တဲ့ မြန်မာတွေ အများအပြားရှိနေပြီး ထိုင်းအာဏာပိုင်တွေက အထောက်ထားမဲ့ ဝင်လာသူတွေကို ဖမ်းဆီးနေတာပါ။ မေလ ၁၄ ရက် စနေနေ့ တရက်ထဲမှာတင် အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားက ၃၀၀ လောက်ရှိနေပြီး မေလဆန်းကနေ အခုချိန်အထိ အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၃၀၀ ကျော်ရှိပြီး လူကုန်ကူးသူ ပွဲစား ၄ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့ လာကြတဲ့ မြန်မာတွေဟာ နေ့စဉ် အစုလိုက်အပြုံလိုက် ဝင်လာနေကြဆဲ ဖြစ်ပြီး ပြည်နယ်၄ခုမှာ မေလ၁၄ရက်နေ့ တနေ့ထဲမှ ာနယ်စပ်ကနေဝင်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၃၀၀နီးပါး ဖမ်းဆီးခံရပြီး မေလဝက်အထိ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိကာ လူကုန်ကူးတဲ့ ပွဲစား၁၄ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပု့ိထားပါတယ်။

ထိုင်းနိုင်ငံထဲကို အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ အထောက်အထားမဲ့ မြန်မာတွေဟာ နေ့စဉ်အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရပါတယ် ။ မေလ ၁၄ရက်နေ့တနေ့ထဲ ဖမ်းမိတဲ့ မြန်မာ၃၀၀၀န်းကျင်လောက်ရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌဦးမိုးကြိုးက အခုလိုပြောပါတယ် ။

" တရားမဝင် ဝင်ရောက်မူ့တွေက ပိုပိုများလာတာကိုတွေ့ရတယ်။ အဲဒီတော့ မေလ၁၄ရက်နေ့ တရက်ထဲမှာပဲ ပြည်နယ် ၄ခုမှာ စုစုပေါင်း မြန်မာ၂၉၈ယောက် အဖမ်းခံရပါတယ်။ ၃၀၀၀န်းကျင်ပေါ့ ။ တာ့ခ်ပြည်နယ် ဖွတ်ဖရမြိုနယ်ထဲမှာ ကား၃စီးနဲ့ တရားမဝင် ၇၀ယောက်အဖမ်းခံရတယ်။ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ မြန်မာ၁၁၂ယောက် အဖမ်းခံရတယ် ။ သူတို့က လမ်းပြပွဲစားအလာကို စောင့်ရင်းအဖမ်းခံရပါတယ်။ တဆက်တည်းမှာပဲ ချင်းရိုင်ပြည်နယ် မယ့်ဆိုင်မှာ ကား၂စီးပေါ်မှာ မြန်မာ ၂၇ယောက်အဖမ်းခံရတယ်။ ထူးခြားတာက ၄နှစ်နဲ့ ၁၁အရွယ် ကလေးငယ်၄ဦးပါအဖမ်းခံရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်အနီး အယုဒ္ဓယပြည်နယ်ထဲက အယုဒ္ဓယရယ် စင်ဘူရီနဲ့ အန်ထောင်းစတဲ့ ပြည်နယ်၃ခုဆုံရာ အဝေးပြေးလမ်းမှာ အထူးစီမံချက်နဲ့ ဖမ်းတာက တရားမဝင်မြန်မာ ၈၉ယောက်အဖမ်းခံရပါတယ်။ ဒါကြောင့် မေလ၁၄ရက်နေ့ တရက်တည်းမှာပဲ ၂၉၈ယောက်၃၀၀၀န်းကျင်အဖမ်းခံရပါတယ် "

အခုလိုမျိုး နယ်စပ်တွေဟာ လူကုန်ကူးခံရတဲ့မြန်မာတွေကို ဖမ်းဆီးနေသလို ဒီရက်ပိုင်းမှာပဲ မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ဆာမွတ်ဆာခွန်းပြည်နယ်ထဲမှာလည်း နေအိမ်ခန်းတွေထိ အထောက်အထားမဲ့ မြန်မာတွေကို လိုက်လံဖမ်းဆီးနေတယ်လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။

" ဆမွတ်ဆာခွန်းပြည်နယ် မဟာချိုင်မှာလည်း အဲဒီမှာအလုပ်သမားတွေနေထိုင်နေတဲ့ တိုက်ခန်းတွေအိမ်ခန်းတွေကို
လိုက်လံဖမ်းဆီးတာဟာ တနေ့တနေ့ အယောက် ၃၀နဲ့၄၀ကြား တရားမဝင်အထောက်အထားမဲ့တွေ ဖမ်းမိပါတယ်"

အခုဆိုရင် မေလဆန်းကနေ မေလလည်အထိ နယ်စပ်ကနေ ဝင်လာတဲ့အထောက်အထားမဲ့ မြန်မာ၁၃၀၀ကျော်လောက် ဖမ်းဆီးခံရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ် ။

" မေလ တရက်နေ့ကနေ လလည်အတွင်း ထိုင်းနိုင်ငံရဲ့ နယ်စပ်အသီးသီးနဲ့ ထိုင်းနိုင်ငံအလယ်ပိုင်းကိုရောက်လာတဲ့သူတွေကို တရားမဝင် အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းမိတာက ၁၃၁၈ယောက်နဲ့ လူမှောင်ခိုပွဲစား ၁၄ယောက်ကိုဖမ်းမိပါတယ် "

ထိုင်းအစိုးကတော့ နယ်စပ်ချစ်ကြည်ရေးတံတားကနေ တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ အလုပ်သမားတွေကို စတင်ခေါ်ယူနေပြီဖြစ်လို့ အခုလို အထောက်အထားမဲ့တွေ ဝင်ရောက်လာတာတွေလျော့ချနိုင်မယ်လို့ယူဆထားတာပါ ။

ဒါအပြင် အဖမ်းအဆီးတွေကိုလည်း ဆက်တိုက်လုပ်နေတဲ့အတွက် အထောက်အထားမဲ့တွေ ဝင်ရောက်မူတွေ နည်းလာဖို့လုပ်ဆောင်နေပါတယ် ။ ဒီလို အဖမ်းအဆီးတွေများနေပေမယ့် လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်နေဆဲမို့ ကိုဗစ်ကပ်ရောဂါကို ထိမ်းချုပ်ဖို့နဲ့ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေကိုလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG