သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကပြန်ပို့တဲ့ လွတ်ရက်စေ့ မြန်မာ ၉ လအတွင်း ၃ သောင်းကျော်ပြီ


မှတ်တမ်းဓါတ်ပုံ
မှတ်တမ်းဓါတ်ပုံ

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ဧပြီလ ၂၇ရက်နေ့က ပြည်တော်ပြန်၂၄၆ယောက်ကို ထိုင်းအာဏာပိုင်တွေကမြန်မာအာဏာပိုင်တွေထံလွဲှပြောင်းပေးခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

ထိုင်းကပြန်ပို့တဲ့ လွတ်ရက်စေ့ မြန်မာ ၉ လအတွင်း ၃ သောင်းကျော်ပြီ

{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ဘက်ကို ဧပြီလ ၂၇ရက်နေ့က ပြည်တော်ပြန်၂၄၆ယောက်ကို ထိုင်းအာဏာပိုင်တွေကမြန်မာအာဏာပိုင်တွေထံလွဲှပြောင်းပေးခဲ့ပါတယ် ။ အခုဆိုရင် မဲဆောက် မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားကနေ နေရပ်ပြန်သူတွေနဲ့ ပြည်နှင်ဒဏ်ပေးခံရသူပေါင်း ၉လအတွင်း ၃သောင်းကျော် သွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံရဲ အကျဉ်းထောင် အသီးသီးနဲ့ လူဝင်မူကြီးကြပ်ရေး အချုပ်တွေမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်ကနေ မြန်မာနိုင်ငံ မြဝတီဘက် ကို အပတ်စဉ် ပြန်လွဲှပြောင်းပေးခဲ့ရာမှာ ဧပြီလ ၂၇ရက်နေ့ ကတော့ မြန်မာနိုင်ငံသား၂၄၆ယောက်ကို ထိုင်းဘက်က ပြန်လွှဲပြောင်းပေးခဲ့တယ်လို့မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ ကော်မတီရဲ ဥက္ကဌ ဦးမိုးကြိုး ကအခုလိုပြောပါတယ်။

"တနလာၤ ဗုဒ္ဒဟူး စနေ့ နေရပ်ပြန် ပြည်တော်ပြန် အစီစဉ်အရ ဧပြီလ ၂၇ ရက်နေ့မှာ ၂၄၆ ယောက်ပြန်ပါတယ်။ ယောက်ကျားလေး၁၆၁ယောက် နဲ့ မိန်းကလေး ၈၅ယောက်ပြန်ပါတယ်။ တနင်္လာ နဲ့ ဗုဒ်ဓဟူးနေ့ က ထိုင်း အကျဉ်ထောင်တွေ အချုပ်ထောင်တွေက လွတ်ရက်စေ့လို့ ပြန်ပို့သူများပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လကစပြီး ဒီနေ့ ၂၀၂၂ ဧပြီလ ၂၇ရက်နေ့ထိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို နေရပ်ပြန် ပြည်တော်ပြန်ပေါင်း ၃၂၂၀၈ယောက် နေရပ်ပြန်ပြည်တော်ပြန်ခဲ့ကြတယ်"

အပတ်စဉ် နေရပ်ပြန်ပို့ရာမှာ တနင်္လာနေ့နဲ့ ဗုဒဟူးနေ့တွေမှာတော့ အကျဉ်းအသီးသီး လွတ်ရက်စေ့တဲ့ မြန်မာတွေကို ပြန်ပို့တာဖြစ်ပါတယ် ။ စနေ့နေ့မှာတော့ လွတ်ရက်စေ့သူတွေအပြင် မဲဆောက်မြို့မှာရှိတဲ့ ရိုးရိုးနေရပ် ပြန်သူတွေကိုပြန်ပို့တာဖြစ်ပါတယ်။ တာ့ခ်ပြည်နယ်ဟာ ထိုင်းမြန်မာနယ်စပ် ဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်က အထောက်အထားမဲ့တွေ အစုလိုက်အပြုံလိုက် နေ့စဉ်ဝင်ရောက်နေတာပါ။ ဒီအတွက် မြန်မာတွေအစုလိုက် အပြုံလိုက် ဖမ်းဆီးမိတဲ့အခါမှာ အချုပ်စခန်းတွေ အလုံအလောက်မရှိတာကြောင့် သူတု့ိကို ၄၅ရက် ပြစ်ဒဏ်ချပြီးတာနဲ့ Black List အဖြစ်သတ်မှတ်ပြီး နေရပ်ကို အမြန်ပြန်ပို့နေတယ် လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

"ရဲအချုပ်စခန်းကနေ ပြန်လွတ်လာတဲ့သူတွေက ဝမ်ကျောက်ရဲစခန်းမှာ ပြည့်လျှံနေလို့ လွန်ခဲ့တဲ့ တလကျော်လောက်ကဆို အမြန်ဆုံးပြန်သွန်ရတယ် ( ပြန်လွှတ်ပေးလိုက်ရတယ်) ဖွတ်ဖရရဲစခန်းမှာလည်း အချုပ်သားတွေ ထောင်ကျော်နေတော့ အချုပ်သား ဉ်ီးရေကများတော့ မြန်မြန်ပြန်လွှတ်ရတယ်။ နယ်နှင်ဒဏ် တခါတည်းပေးလိုက်တယ်။ ထောင်ဒဏ်ကတော့ ၄၅ရက် ကျတယ်။ သူတို့ကို ၅နှစ်ပြန်ဝင်လာလို့မရဘူး။ Black List တခါတည်းပေးလိုက်ရတယ်"

့ အကျဉ်းထောင် အသီးသီးမှာ ခိုးမှု၊တရားမဝင်ခိုးဝင်မှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးအမှု၊ လူကုန်ကူးမှု စတဲ့ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့တဲ့အခါ နေရပ်ပြန်ပို့ခဲ့ပေမယ့် ၂၀၂၀ မတ်လကစပြီး ကိုဗစ်ကပ်ဘေး ကာလမှာ အကန့်အသတ်နဲ့သာ နေရပ်ပြန်ပို့နိုင်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံဘက်မှာ ကိုဗစ်စောင့်ကြည်ရေး စင်တာတွေ အလုံအလောက်မရှိတာကြောင့် အကန့်အသတ်နဲ့ပဲ ပြန်ပို့ခဲ့ပါတယ်။ အကျဉ်းထောင်အသီးသီးက လွတ်ရက်စေ့သူတွေနဲ့ နေရပ်ပြန်တွေကို ထိုင်းမြန်မာနယ်စပ်တွေဖြစ်တဲ့ မဲဆောက်၊ မြဝတီ၊ ရနောင်း၊ ကော့သောင်း ၊ မယ်ဆိုင်တာချီလိပ်လမ်းတွေကနေ ပြန်ပို့ခဲ့ရာမှာ မဲဆောက်၊ မြဝတီလမ်းကတော့ အများဆုံးပြန်ပို့နေတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}






XS
SM
MD
LG