သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာတွေကို နယ်စပ်ဖြတ်တင်ပို့နေတဲ့ လူမှောင်ခိုဂိုဏ်း ထိုင်းရဲ ဖြိုခွင်း


 သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (Police)
သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (Police)

ထိုင်းနိုင်ငံ ကနေ မလေးရှားနယ်စပ်အထိ မြန်မာတွေကို လူကုန်ကူးနေတဲ့ဂိုဏ်းကို ဖမ်းဆီးခဲ့တာ ထိုင်းဘတ်ငွေ ၁ ဘီလီယံ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ Mr. Surachate က ပြောကြားပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

မြန်မာတွေကို နယ်စပ်ဖြတ်တင်ပို့နေတဲ့ လူမှောင်ခိုဂိုဏ်း ထိုင်းရဲ ဖြိုခွင်း

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ကနေ မလေးရှားနယ်စပ်အထိ မြန်မာတွေကို လူကုန်ကူးနေတဲ့ဂိုဏ်းကို ဖမ်းဆီးခဲ့တာ ထိုင်းဘတ်ငွေ ၁ ဘီလီယံ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ Mr. Surachate က ပြောကြားပါတယ်။ လူကုန်ကူးဂိုဏ်းဝင်တွေရဲ့ ဘဏ်စာရင်းတွေ၊ အိမ်တွေ၊ ကားတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ပြောပါတယ်။ တချိန်ထဲမှာပဲ
ထိုင်းမြန်မာ နယ်စပ်နဲ့ ထိုင်းနိုင်ငံထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၃၀၀ လောက်ကိုလည်း ဒီရက်ပိုင်း ထိုင်းတာဝန်ရှိသူတွေ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်း မြန်မာနယ်စပ်တွေကတဆင့် မြန်မာနိုင်ငံသားတွေ နေ့စဉ်ရာနဲ့ချီ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေသလို လူကုန်ကူးတဲ့ဂိုဏ်းတွေကလည်း ထိုင်းမြန်မာနယ်စပ်ကနေ ထိုင်း မလေးရှားနယ်စပ်အထိ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးပို့နေတာကြောင့် ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေပါတယ်။

ဒီရက်ပိုင်းထဲမှာ မြန်မာနိုင်ငံသားတွေကို မလေးရှားထိ လူကုန်ကူးနေတဲ့ဂိုဏ်းက အဖွဲဝင်တွေကို ဆက်တိုက်ဖမ်းမိခဲ့ပြီး တနှစ်ကျော်ကာလအတွင်းမှာ ထိုင်းဘတ်ငွေ ၁ ဘီလီယံ လောက်တန်ဖိုးရှိတဲ့ သူတိုရဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမိတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ Mr. Surachateက သတင်းစာရှင်းလင်းပွဲမှာ မေလ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်၊ ဒါနဲ့ပါတ်သက်လို့ ပညာရေးနဲ့ဖွံဖြိုးရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူဦးမင်းဦးက ခုလို ရှင်ပြပါတယ်။

"သတင်းစာရှင်းလင်းပွဲမှာ သူကပြောတာကတော့ အဓိကကတော့ မြောက်ပိုင်းကနေ မလေးရှားနယ်စပ်ထိ မြန်မာတွေလူကုန်ကူးတဲ့ဂိုဏ်းကနေ သိမ်းဆည်းရမိတာကတော့ တန်ဖိုးနဲ့တွက်မယ်ဆိုရင်တော့ ဘတ်ငွေက ၁ဘီလျံကျော်တဲ့ ဖမ်းမိတဲ့ သူတွေနဲ့ကွင်းဆက်တွေဖြစ်တဲ့ လူတွေကို ဖမ်းတဲ့အခါကျတော့ ဘဏ်အကောင့်က ၂၅ ခု အဲဒီထဲမှာသန်းပေါင်း ၉၀၀ ကျော်ပါတယ် အိမ်တွေ ကားတွေ စက်လှေတွေ ဆိုင်ကယ်တွေပါတယ် ရွှေတွေ အဖိုးတန်ပစ္စည်းတွေ သေနတ်တွေ ပါတယ် ပိုင်ဆိုင်မူ့အားလုံးပေါင်းရင် ၁ ဘီလီယံ ကျော်တယ်"

လူကုန်ကူးသူတွေနဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ထိုင်းနိုင်ငံထဲ ရောက်လာသူတွေ၊ မလေးရှားဘက်ကို သွားဖို့ ကြိုးစားသူတွေကိုလည်း အခုရက်ပိုင်း အစုလိုက် ဖမ်းမိတာတွေရှိပါတယ်။ မတ်လ ၁၀ ရက်နေ့က စင်ဘူရီပြည်နယ်က အယုဒ္ဒယမြိုနယ်ထဲကို ကားနဲ့လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

" ဘတ်စကားနဲ့ တရားမဝင် မြန်မာ ၅၃ ယောက် စင်ဘူရီကနေ လာတာ ရဲတပ်ဖွဲကသတင်းရလို့ ဟိုင်းဝေးရဲက ဘတ်စကားကို ဖမ်းလိုက်တာပါ။ အခုဆိုရင် ကျနော်တိုသိတာ ၅ ခါလောက်ဖမ်းနေတာ လူက သုံးလေးရာလောက်ကိုရှိနေပြီ မနေ့ကဆိုရင်လည်း ရနောင်းမှာ ဖမ်းမိတာ မလေးရှားကိုတက်မဲ့သူတွေ ဖမ်းမိနေတာ ဒီနှစ်ထဲမှာပဲမလေးရှားကိုတက်မဲ့သူတွေဖမ်းမိတာ ၉၄ယောက်ရှိသွားပြီ"

တာ့ခ်ပြည်နယ် တန်ဆောင်ရမ်းနယ်စပ်မှာလည်း မတ်လ ၉ ရက်နေ့ မြန်မာ ၃၈ ဦး၊ ကန်ချနဘူရီနယ်စပ်မှာ ၇၅ ဦးနဲ့ လူကုန်ကူးတဲ့ လမ်းပြပွဲစား ၈ ဦး၊ ရှမ်းပြည်နယ် တာချီလိတ်ဘက်ကနေ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ဘက်ကို တောလမ်းအတိုင်းလာတဲ့မြန်မာနိုင်ငံသား ၁၈ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ ထိုင်းမြောက်ပိုင်း မယ်ဆိုင်-တာချီလိတ်နယ်စပ်ဘက်မှာတော့ ၆ လအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုဖမ်းမိတဲ့ အမှုပေါင်း ၁၃၁ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၈၀၀ နီးပါးနဲ့ လူမောင်ခိုသမား ၆၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းမြောက်ပိုင်းက လုံခြုံရေတပ်ဖွဲ့တွေက ပြောကြားထားပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}








XS
SM
MD
LG