သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေတြတင္လာတဲ့ လူေမွာင္ခိုကား ထိုင္းႏိုင္ငံမွာ ယာဥ္တိုက္မႈျဖစ္ 


ႀသဂုတ္လ (၁၂) ရက္ေန့က အယုဒယျမိဳ့မွာျမန္မာႏို္င္ငံသားေတြကို ခိုးျပီးတင္လာတာကို ဖမ္းဆီးစစ္ေဆးေနပံု (Police) (မွတ္တမ္းဓါတ္ပုံ)

ျမန္မာေတြတင္လာတဲ့ လူေမွာင္ခိုကား ထိုင္းႏိုင္ငံမွာ ယာဥ္တိုက္မႈျဖစ္

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ျပည္နယ္ ေဟာ့ခ႐ိုင္မွာ ေဖေဖၚဝါရီလ ၁၅ ရက္ညေနက အေထာက္အထားမဲ့ ျမန္မာ၂ဝေလာက္ကုိ လူကုန္ကူးလာတဲ့ ကားတစီးနဲ႔ ေမာ္ေတာ္ဆိုင္ကယ္တစီးတိုက္မိျပီး လူေသဆံုးမူျဖစ္ခဲ့ပါတယ္။ ကားေမာင္းသမားက ထြက္ေျပးသြားတာေႀကာင့္ ကားေပၚလုိက္ပါလာတဲ့ ျမန္မာေတြဖမ္းဆီးခံရပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္ ။

ထိုင္းႏိုင္ငံခ်င္းမိုင္ျပည္နယ္ ေဟာ့ခ႐ိုင္မွာ ေဖေဖၚဝါရီလ ၁၅ရက္ညေနက အေထာက္အထားမဲ့ ျမန္မာ၂ဝလာက္ကုိ လူကုန္ကူးလာတဲ့ ကားတစီးနဲ႔ ေမာ္ေတာ္ဆိုင္ကယ္တစီး တိုက္မိျပီး လူေသဆံုးမူျဖစ္ခဲ့တာပါ။ ယာဥ္တိုက္မူျဖစ္ပြားျပီးေနာက္ ဆိုင္ကယ္ေမာင္းလာတဲ့ ကေလးတဦး ေသဆံုးသြားျပီး ျမန္မာေတြကို လူကုန္ကူးလာတဲ့ ကားေမာင္းသမားကေတာ့ ထြက္ေျပးတိမ္းေရွာင္သြားခဲ့တယ္လို႔ဆိုပါတယ္ ။ ကားေပၚမွာေတာ့အေထာက္အထားမဲ့ ျမန္မာေတြပါလာတဲ့အတြက္ အခင္းျဖစ္ပြားခ်ိန္မွာ ျမန္မာေတြလည္း ထြက္ေျပးႀကတယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြကဆိုပါတယ္ ။ ဒီေနာက္မွာေတာ့ ထြက္ေျပးသြားတဲ့ အေထာက္အထားမဲ့ ျမန္မာေတြကို ထိုင္းအာဏာပိုင္ေတြက လိုက္လံဖမ္းဆီးခဲ့ျပီး ျမန္မာႏို္င္ငံသား၈ဦးကို ဖမ္းမိခဲ့တယ္လို႔ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးအဖဲြ ့က အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦး က ေျပာျပပါတယ္။

"ျမန္မာေတြ အေယာက္ ၂ဝေလာက္တင္လာတဲ့ ကားနဲ႔ အသက္ (၁၃)ႏွစ္အရြယ္ ကေလးေမာင္းလာတဲ့ဆုိင္ကယ္နဲ႔ တိုက္မိတာ ကေလးကေတာ့ေသသြားတယ္။ ေသဆံုးမူ႔ျဖစ္ေတာ့ ဒရိုင္ဘာက ထြက္ေျပးေတာ့ကားေပၚပါလာတဲ့ ျမန္မာေတြလည္း ထြက္ေျပးႀကတယ္။ ၈ ေယာက္ေတာ့ ျပန္ဖမ္းမိတယ္။ လူေမွာင္ခိုမူ့လို႔ ေျပာရမွာေတာ့ တရားမဝင္ေတြကေတာ့ ေနစဥ္ဖမ္းမိေနတယ္"

ယာဥ္တိုက္မႈ့ကေတာ့ ေဖေဖၚဝါရီလ ၁၅ရက္ေန႔ ညေန ၅ နာရီခန႔္က ခ်င္းမိုင္ျပည္နယ္ ဘန္ေဖာလြမ္ေက်း႐ြာ မွာ ျဖစ္ပြားခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္ ။

အခင္းျဖစ္ပြားမူ႔ျဖစ္ျပီး အနီးနား ေတာအုပ္အတြင္း ပုန္းေအာင္းေနတဲ့ အမ်ိဳးသမီး ခုနစ္ဦးနဲ႔ ကေလးတဦးအပါအဝင္ ၈ဦးကို ထုိင္းအာဏာပိုင္ေတြက ဖမ္ဆီးခဲ့ျပီး လူကုန္ကူးလာတဲ့ ယာဥ္ေမာင္းနဲ႔ ထြက္ေျပးသြားတဲ့ျမန္မာႏိုင္ငံသားေတြကို လိုက္လံရွာေဖြေနဆဲျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ ေနစဥ္အေထာက္အထားမဲ့ျမန္မာေတြ အစုလိုက္အျပံုလိုက္ဖမ္းမိေနျပီး လူကုန္ကူးျဖစ္စဥ္ေတြအတြင္း အခုလိုမ်ိဳးယာဥ္မေတာ္တဆတိုက္မူေတြေႀကာင့္ အေထာက္အထားမဲ့ ျမန္မာေတြေသဆံုးမူေတြလည္းမႀကာခနျဖစ္ေပၚေနပါတယ္ရွင္။

...........................................

တိုက္႐ိုက္ လင့္ခ္

မြန်မာတွေတင်လာတဲ့ လူမှောင်ခိုကား ထိုင်းနိုင်ငံမှာ ယာဉ်တိုက်မှုဖြစ်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ် ဟော့ခရိုင်မှာ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေက အထောက်အထားမဲ့ မြန်မာ၂ဝလောက်ကို လူကုန်ကူးလာတဲ့ ကားတစီးနဲ့ မော်တော်ဆိုင်ကယ်တစီးတိုက်မိပြီး လူသေဆုံးမူဖြစ်ခဲ့ပါတယ်။ ကားမောင်းသမားက ထွက်ပြေးသွားတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ မြန်မာတွေဖမ်းဆီးခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံချင်းမိုင်ပြည်နယ် ဟော့ခရိုင်မှာ ဖေဖေါ်ဝါရီလ ၁၅ရက်ညနေက အထောက်အထားမဲ့ မြန်မာ၂ဝလာက်ကို လူကုန်ကူးလာတဲ့ ကားတစီးနဲ့ မော်တော်ဆိုင်ကယ်တစီး တိုက်မိပြီး လူသေဆုံးမူဖြစ်ခဲ့တာပါ။ ယာဉ်တိုက်မူဖြစ်ပွားပြီးနောက် ဆိုင်ကယ်မောင်းလာတဲ့ ကလေးတဦး သေဆုံးသွားပြီး မြန်မာတွေကို လူကုန်ကူးလာတဲ့ ကားမောင်းသမားကတော့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ဆိုပါတယ် ။ ကားပေါ်မှာတော့အထောက်အထားမဲ့ မြန်မာတွေပါလာတဲ့အတွက် အခင်းဖြစ်ပွားချိန်မှာ မြန်မာတွေလည်း ထွက်ပြေးကြတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကဆိုပါတယ် ။ ဒီနောက်မှာတော့ ထွက်ပြေးသွားတဲ့ အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား၈ဦးကို ဖမ်းမိခဲ့တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦး က ပြောပြပါတယ်။

"မြန်မာတွေ အယောက် ၂ဝလောက်တင်လာတဲ့ ကားနဲ့ အသက် (၁၃)နှစ်အရွယ် ကလေးမောင်းလာတဲ့ဆိုင်ကယ်နဲ့ တိုက်မိတာ ကလေးကတော့သေသွားတယ်။ သေဆုံးမူ့ဖြစ်တော့ ဒရိုင်ဘာက ထွက်ပြေးတော့ကားပေါ်ပါလာတဲ့ မြန်မာတွေလည်း ထွက်ပြေးကြတယ်။ ၈ ယောက်တော့ ပြန်ဖမ်းမိတယ်။ လူမှောင်ခိုမူ့လို့ ပြောရမှာတော့ တရားမဝင်တွေကတော့ နေစဉ်ဖမ်းမိနေတယ်"

ယာဉ်တိုက်မှု့ကတော့ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့ ညနေ ၅ နာရီခန့်က ချင်းမိုင်ပြည်နယ် ဘန်ဖောလွမ်ကျေးရွာ မှာ ဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ် ။

အခင်းဖြစ်ပွားမူ့ဖြစ်ပြီး အနီးနား တောအုပ်အတွင်း ပုန်းအောင်းနေတဲ့ အမျိုးသမီး ခုနစ်ဦးနဲ့ ကလေးတဦးအပါအဝင် ၈ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်ဆီးခဲ့ပြီး လူကုန်ကူးလာတဲ့ ယာဉ်မောင်းနဲ့ ထွက်ပြေးသွားတဲ့မြန်မာနိုင်ငံသားတွေကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နေစဉ်အထောက်အထားမဲ့မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းမိနေပြီး လူကုန်ကူးဖြစ်စဉ်တွေအတွင်း အခုလိုမျိုးယာဉ်မတော်တဆတိုက်မူတွေကြောင့် အထောက်အထားမဲ့ မြန်မာတွေသေဆုံးမူတွေလည်းမကြာခနဖြစ်ပေါ်နေပါတယ်ရှင်။

XS
SM
MD
LG