သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာ ၆ဝဝ ခန့်၂ရက်အတွင်း ထိုင်းဖမ်းဆီး


jap
jap

အထောက်အထားမဲ့ မြန်မာ ၆ဝဝ ခန့်၂ရက်အတွင်း ထိုင်းဖမ်းဆီး

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် ပရာကျွတ်ခီရီကန်ပြည်နယ် နဲ့ တာ့ခ်ပြည်နယ်ထဲမှာပဲ ဇန်နဝါရီလ ၃၁နဲ့ဖေဖေါ်ဝါရီလ ၁ရက်နေ့ ၂ရက်အတွင်းလူကုန်ကူးသူတွေခေါ်လာတဲ့မြန်မာနိုင်ငံသား လူ၆ဝဝလောက် အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ရပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် ပရာကျွတ်ခီရီကန်ပြည်နယ် တာ့ခ်ပြည်နယ်ထဲမှာပဲ ၂ရက်အတွင်းလူကုန်ကူးသူတွေခေါ်လာတဲ့မြန်မာနိုင်ငံသား လူ၆ဝဝလောက်အစုလိုက်အပြုံလိုက် အဖမ်းခံရတာပါ ။တာ့ခ်ပြည်နယ်ထဲမှာတော့ လူကုန်ကူးသူတွေက စွန်ပစ်သွားလို့ လူ၉ဝကျော်အဖမ်းခံခဲ့ရပါတယ်။ ဒီအကြောင်းနဲပတ်သက်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ကမ်ချနဘူရီပြည်နယ်ရယ်၊ ပရာကျွတ်ခီရီကန်ပြည်နယ် ရယ် တာ့ခ်ပြည်နယ်စတဲ့ပြည်နယ် ၃ခုမှာ ၃၅၅ယောက်နဲ့ ၂၅၅ယောက် ၆၀၀လောက်အဖမ်းခံရတယ်။ ဇန်နဝါရီလ ၃၁ရက်နေ့နဲ့ ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာဖမ်းခံရတာပါ ။တာ့ခ်ပြည်နယ် ဝမ်ကျော်ကမြို့နယ်ထဲမှာတော့ ပွဲစားက တောအုပ်ထဲမှာစွန့်ပစ်ခံထားရတဲ့ မြန်မာ၉၁ယောက်ရှိတယ်။ သူတို့ပွဲစားခဘတ်ငွေ ၂သောင်းခွဲလောက်ပေးပြီး ဘန်ကောက်အပါအဝင် အလုပ်အကိုင်ကောင်းတဲ့နေရာကို ပို့ပေးဖို့ဆိုပြီး လာကြတာပါ။ပွဲစားက စွန့်ပစ်သွားတာ ၁၅ ရက်လောက်ရှိပြီ အစာရေစာပြတ်ပြီးနောက်မှာ ရပ်ရွာကနေ တာဝန်ရှိသူတွေ အကြောင်းကြားမှအဖမ်းခံရတာ"

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

၂၀၂၂ခုနှစ် နှစ်စ ဇန်နဝါရီလ တလထဲမှာပဲ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိတဲ့မြန်မာနိုင်ငံသားအရေအတွက် က ၅ထောင်ကျော်ရှိကြောင်း ဦးမိုးကြိုးကပြောပါတယ်။

၂၀၂၂ ခုနှစ်အစပိုင်းလဖြစ်တဲ့ ဇန်နဝါရီလ တလထဲမှာပဲလူ၅ထောင်ကျော်အဖမ်းခံရတယ် ပွဲစားကတော့ ၁၅ယောက်ထက်မနည်းအဖမ်းခံရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး လူမူရေးအခက်အခဲတွေ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးနေတာတွေ ပြည်နယ်နဲ့ တိုင်းအလိုက်မှာလည်း စစ်ရေးပဋိပက္ခတွေကြောင့် အသက်၁၈ကနေ အသက် ၃၀ ကြား လူငယ်လူရွယ်တွေဟာ နေရပ်စွန်ခွါ ထွက်လာနေကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရရာအလုပ်လုပ်ကိုင်အဖို့အတွက်လည်း နေ့စဉ် အစုလိုက် အပြုံလိုက် ထိုင်းနိုင်ငံထဲကို နယ်စပ်တွေကနေဝင်ရောက်နေကြတာဖြစ်ပါတယ်။

....................................................................

တိုက်ရိုက် လင့်ခ်

အထောကျအထားမဲ့ မွနျမာ ၆ဝဝ ခန့ျ၂ရကျအတှငျး ထိုငျးဖမျးဆီး

{{Unicode}}

တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကနေ ကုန်တင်မယ့် မြန်မာကုန်သည်တွေအားလုံးကို ဖေဖော်ဝါရီ ၁ရက်ကစပြီး ယွမ်ငွေနဲ့ အခွန်ဆောင်ရမယ်လို့ တရုတ်အကောက်ခွန်ဘက်က သတ်မှတ်လိုက်ပါတယ်။ ယွမ်ငွေနဲ့ အခွန်ဆောင်မယ်ဆိုရင် မည်သည့် ကုန်ပစ္စည်းမဆို တရုတ်ဘက်ကို တင်ပို့ခွင့်ရပေးထားပြီလို့လည်း မြန်မာကုန်သည်တွေ ပြောပါတယ်။ ပြည်တွင်းက ပေးပို့တဲ့ ဒီသတင်းကိုတော့ …. က ပြောပြပေးမှာပါ။

ယခင်က အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ပြီး မြန်မာကျပ်ငွေနဲ့ အခွန်ဆောင်ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ကျင်စန်းကျော့ဂိတ်မှာ တရုတ်ယွမ်ငွေနဲ့ စပြီး အခွန်ဆောင်ရမယ်လို့ ယူနန်ပြည်နယ် အကောက်ခွန်ဘက်က သတ်မှတ်လိုက်တယ်။ ဒီလိုယွမ်ငွေနဲ့ အခွန်ဆောင်မယ်ဆိုရင် မြန်မာပြည်တွင်းက မည်သည့်ကုန်ပစ္စည်းမဆို ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ပြည်ထဲ သွင်းခွင့်ရမယ်လို့ မူဆယ်ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။ ဒီအပြောင်းအလဲက အခုမှစတင်တာဖြစ်လို့ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရသေးကြောင်း သူကပြောပါတယ်။

“ ၁၀၅မိုင်ကို ဆန်၊ ဆန်ကွဲ၊ ရော်ဘာ အားလုံးပစ္စည်းမျိုးစုံ တရုတ်ပြည်ကို သွားဖို့အတွက် ခွင့်ပြုလိုက်ပြီ။ ဒါပေသိ အခွန်ဂျူတီဆောင်တဲ့နေရာမှာ ယွမ်ငွေနဲ့ဆောင်ရမယ်။ မြန်မာ့စီးပွားရေးဘဏ်မှာ ယွမ်အကောင့်ငွေဖွင့်ရတယ်။ တဖက်ဘဏ်က ဘာလဲဆိုတော့ BOC လို့ခေါ်တယ် Bank of China ရယ် ICDC (Industrial & Commercial Bank of China) ရယ်၊ အဲဒီဘဏ်တွေမှာ အကောင့်ဖွင့်ရတယ်။”

ကုန်သည်တွေက တရုတ်ဘဏ်တွေမှာ ငွေစာရင်းဖွင့်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ တရုတ်ယွမ်ငွေ ၃၀ သွင်းပြီး ဖွင့်ကြရတယ်လို့ ပြောပါတယ်။
ယခင်က အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ထားပေမဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲတန်ဖိုးအတိုင်း ကျပ်ငွေနဲ့ပေးဆောင်ရတာပါ။

မကြာသေးခင်က တရုတ်ဘက်က ပြန်ဖွင့်လိုက်တဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ဂိတ်နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော်ဂိတ်တွေမှာတော့ ယခင်လိုပဲ အမေရိကန်ဒေါ်လာနဲ့ပဲ အခွန်ဆောင်ရမှာ။ ဒီဂိတ်တွေမှာတော့ ကုန်ပစ္စည်းတချို့ပဲ အပြန်အလှန် ကုန်သွယ်နိုင်သေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးတယ်ဆိုပေမဲ့ ကပ်ရောဂါ ကန့်သတ်ချက်တွေကိုတော့ ပိုပြီးလုပ်ဆောင်နေတာပါ။ ဒါကြောင့်လည်း ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေဘက်က အချိန်စောင့်ဆိုင်းရတာ၊ ငွေကြေးကုန်ကျစရိတ်ပိုလာတာ ဒီလိုအခက်အခဲတွေနဲ့ ရှိနေတုန်း ဖြစ်ပါတယ်။

XS
SM
MD
LG