သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ထိုင်းရဲအရာရှိတဦး ဖမ်းဆီးခံရ


ထိုင်းနိုင်ငံထဲ အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာများဖမ်းဆီးခံရစဉ် (ဓါတ်ပုံ ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံထဲ အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာများဖမ်းဆီးခံရစဉ် (ဓါတ်ပုံ ထိုင်းရဲတပ်ဖွဲ့)

လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ထိုင်းရဲအရာရှိတဦး ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် မဟာရတ်မြို့နယ်အတွင်း တရားမဝင် မြန်မာရွေပြောင်းအလုပ်သမား ၁၈ ဦးတင်ဆောင်လာတဲ့ ကားတိမ်း‌မှောက်ပြီး လူ၃ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ဦးကို့တောတွင်းတနေ့ရာမှာစွန်ပစ်ခဲ့တဲ လူကုန်ကူးဖြစ်စဉ်မှာပါဝင်တဲ့ရဲအရာရှိတဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ် မဟာရတ်မြို့နယ်အတွင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က လူကုန်ကူးတဲ့ကား တိမ်းမှောက်မူ့ကြောင့် လူ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးကို တောတွင်းတစ်နေရာမှာ သွားရောက်စွန့်ပစ်ထားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တာပါ။ ဒီအမူမှာ ပါဝင်ပတ်သက်မှုရှိနေတဲ့ တာ့ခ်ပြည်နယ် မယ်သိုမြိုနယ်ရဲစခန်းကရဲအရာရှိတဦးဖြစ်တဲ့ မစ္စတာ ဖိထက် ကို ၂၀၂၂ ဇန်နဝါရီလ ၂၃ ရက်နေ့မှာတာခ့်အာဏာပိုင်တွေက နေအိမ်မှာဝင်ရောက် ဖမ်းဆီးပြီး ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" ၃ဦးသေဆုံးပြီးတော့ ၁၅ဦးဒဏ်ရာရတယ်။ အဲဒီ ၁၅ဦးကလည်း လူပွဲစားက တောတွင်းတနေ့ရာမှာ သွားရောက် စွန့်ပစ်ထားခဲ့တယ်။ ရပ်ရွာက သတင်းပို့တဲ့အတွက် တာဝန်ရှိတဲ့ရဲစခန်းကနေ သွားရောက်ကြည့်ရူပြီး တာဝန်ရှိသူတွေက သွားရောက်ဖမ်းဆီးသွားတယ်။ အဲဒီအမူဖြစ်စဉ်မှာ တာဝန်ရှိသူဖြစ်တဲ့ ရဲစခန်းက ရဲအရာရှိဖိထက်ကို အရေးယူခဲ့ပြီး တာဝန်ကနေ ရပ်စဲလိုက်တယ်။ အရေးယူမယ်ဆိုရင်လည်း မီးခိုးကြွက်လျောက် အရေးယူရမယ့်ဟာတွေကလည်း အများကြီးပါ ။ရဲအရာရှိတဦးကို ၂ဝ၂၂ ခုနှစ်နှစ်စမှာဦးဦးဖျားဖျားအရေးယူတာ ဒါပထမဦးဆုံးဖြစ်ပါတယ်"

ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ထိုင်းအာဏာပိုင်တွေကနေ့စဉ် ဖမ်းမိနေတာပါ။ ၂ဝ၂၂ ခုနှစ် နှစ်စနေ နေစဉ်ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကတော့ လူဦးရေ ၃ထောင်ကျော်ရှိသွားပြီလို့လဲ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့တယ် ။

"နယ်ခြားစောင့်တပ်ဖွဲရဲ့သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်တာက ဇန်နဝါရီလ ၁ရက်နေ့ကနေ ၂၅ရက်နေ့ထိ က တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဖမ်းမိတာ လူဦးရေ ၃၀၀၀ကျော်ရှိသွားပြီ ။အများဆုံးဝင်ရောက်တဲ့ ပြည်နယ်ကတော့ ကမ်ချနဘူရီပြည်နယ် ၊ ဒုတိယအများဆုံးက ပရာကျွတ် ခီရီကန်ပြည်နယ်၊ တတိယအများဆုံးက မယ်ဟောင်ဆောင်ပြည်နယ်၊ တခြားပြည်နယ်တွေဖြစ်တဲ့ တာ့ခ်ပြည်နယ်၊ မဲဆောက်၊ ချင်းမိုင်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်၊ ရနောင်းပြည်နယ်၊ ချုံဖွန်ပြည်နယ် အစရှိတဲ့ပြည်နယ်တွေကလည်း အသီးသီးဝင်ရောက်ကြပါတယ်"

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး အတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီအရေအတွက် မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

..................................................................

တိုက်ရိုက် လင့်ခ်


{{Unicode}}







XS
SM
MD
LG