သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္မႈနဲ႔ တပတ္အတြင္း ဖမ္းဆီးခံရသူ ျမန္မာ ၄ဝဝ ေက်ာ္ရွိ


စံခဘူရီနဲ့ ခ်င္းမိုင္ျပည္နယ္ ထဲမွာဖမ္းမိတဲ့ ျမန္မာနိုင္ငံသားမ်ား

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံထဲကုိ တရားမ၀င္ ၀င္ေရာက္လာၾကတဲ့ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံရတာ ၂၀၂၂ ခုႏွစ္ကူးၿပီး တပတ္အတြင္း ၄၀၀ ေက်ာ္ေလာက္ ႐ွိပါတယ္။ လူကုန္ကူးသူေတြကိုလည္း ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီးေနတဲ့အေၾကာင္းဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ ထိုင္းႏိုင္ငံဘက္မွာ အလုပ္အကိုင္ အခြင့္အလမ္းေတြ ႐ွာေဖြဖုိ႔ တရားမဝင္လမ္းေၾကာင္းေတြကေန ဝင္ေရာက္ေနၾကသူေတြ ႏွစ္သစ္ကူးၿပီး တပါတ္အတြင္းမွာကို ရာဂဏန္း႐ွိေနပါတယ္။ ထိုင္းျပည္နယ္အသီးသီးမွာ အေထာက္အထားမဲ့ ျမန္မာေတြ လူကုန္ကူးခံရတဲ့ျမန္မာေတြ ဖမ္းဆီးခံရတာ ၂၀၂၂ ခုႏွစ္ ပထမသီတင္းပါတ္မွာကို ၄၀၀ေက်ာ္ေလာက္ရိွေနၿပီလို႔ အလုပ္သမားေရးေဆာင္ရြက္ေနတဲ့ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွဳပ္ရွားမႈေကာ္မတီရဲ ့ဥကၠဌ ဦးမုိးႀကိဳးက အခုလိုေျပာပါတယ္။

" ဒီေန႔ဆုိရင္ ဇန္န၀ါရီလ ၇ ရက္ေန႔မွာ စံခဘူရီျပည္နယ္မွာ ျမန္မာ ၂၃ ဦးဖမ္းမိတယ္။ ဇန္န၀ါ၇ီလ ၆ ရက္ေန႔က ခ်င္းမိုင္ျပည္နယ္ အုန္းကြိဳင္ျမိဳ႔နယ္ထဲမွာလည္း တရားမ၀င္၀င္လာတဲ့ ျမန္မာႏိုင္ငံသား ၃၅ ဦးကို ထုိင္းလံုျခံဳေရးက ဖမ္းမိတယ္။ အဲဒီမွာထူးျခားတာက လူကုန္ကူးတဲ့သူ ထိုင္းႏိုင္ငံသား ၅ ဦးကိုလည္းထုိ္င္းလံုျခံဳေရးေတြက ဖမ္းမိတယ္။ စံခဘူရီျပည္နယ္ ၊ ခ်င္းမုိင္ျပည္နယ္၊ ခ်င္းရိုင္ျပည္နယ္၊ ရေနာင္းျပည္နယ္၊ ခြ်န္ဖြန္ျပည္နယ္၊ တာ့ခ္ျပည္နယ္၊ ကမ္ခ်နဘူရီျပည္နယ္၊ ပရာကြ်တ္ခီရကန္ျပည္နယ္ေတြမွာ ဒီႏွစ္ဆန္းမွာပဲ တရားမ၀င္ ၀င္ေရာက္တဲ့ျမန္မာေတြ ဖမ္းမိသူ ၄၀၀ ေက်ာ္ရွိတယ္"

ခ်င္းမုိင္ျပည္နယ္ ခ်င္းေဒါင္းျမိဳ ့ထဲကို၀င္လာတဲ့ တရားမ၀င္ ျမန္မာ ၄၀ ေက်ာ္လည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ဖမ္းမိခဲ့ပါတယ္။ ျမန္မာဘက္က ၀င္လာသူေတြဟာ ထိုင္းႏိုင္ငံဘက္ကို ေျခလ်င္ခရီးနဲ႔ လာခဲ့ႀကတာျဖစ္ပါတယ္။ ထိုင္းနယ္စပ္ၿမိဳ႕ေတြကေန ဆမြတ္စခြန္္၊ မဟာခ်ိဳင္္၊ နခြန္ပထံု ဘန္ေကာက္စတဲ့ျမိဳ့ေတြမွာ သြားေရာက္အလုပ္လုပ္ကုိင္ႏိုင္ဖုိ႔ လူပဲြစားေတြက တဦးကို ထိုင္းဘတ္ေငြ ၂ ေသာင္းခဲြကေန ၃ ေသာင္းေလာက္ထိ ပဲြစားခ ေတာင္းခံခဲ့တာလို႔ေျပာပါတယ္။ အဲဒီလိုေငြေႀကးယူျပီး လူကုန္ကူးသူေတြက စြန္႔ပစ္သြားႀကတဲ့အျဖစ္ေတြ ႀကံဳေနၾကရတယ္လို႔လည္း ဦးမုိးႀကိဳးက ေျပာပါတယ္။

" ေတာစပ္ေတြထဲစုိက္ခင္းေတြထဲမွာ ေက်းရြာအစပ္ အိမ္တလံုးမွာ စသျဖင့္ သူတို့ပစ္ထားခဲ့ႀကတာ အစာငတ္ေရငတ္ေတြျဖစ္မွ လံုျခံဳေရးတပ္ဖဲြ ့ေတြက ဖမ္းမိျပီးအေရးယူဖို့လုပ္ရေတာ့ေပါ့ဗ်ာ"

ျပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လံုးအတုိင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခားေရႊေျပာင္း အလုပ္သမားအေရအတြက္ ၆ ေသာင္းေက်ာ္ေလာက္ရိွမယ္လို႔လည္း အလုပ္သမားေရးေဆာင္ရြက္ေနတဲ့ အဖဲြ ့ေတြစုေပါင္းထားတဲ့ Migrant Labour Development Network ကစာရင္း ျပဳစုထားပါတယ္။ အဲဒီအေရအတြက္မွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ တရား၀င္ေကာ တရားမ၀င္ပါ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္းရွိေနတာပါ။ ၂၀၂၁ ခုႏွစ္ထဲမွာေတာ့ စစ္ေကာင္စီက အာဏာသိမ္းခဲ့ျပီးတဲ့ေနာက္ ျမန္မာႏိုင္ငံက ႏိုင္ငံေရးပဋိပကၡေတြ တိုက္ပဲြေတြြ အာဏာသိမ္းမႈ ဆန္႔က်င္သူေတြကို အဖမ္းအဆီးေတြ ျဖစ္လာခဲ့ျပီးေနာက္ ေနရပ္စြန့္ခြါျပီး စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ေတြအတြက္ ထိုင္းႏိုင္ငံထဲကို တရားမ၀င္လမ္းကေန လာေရာက္သူ အေျမာက္အမ်ား႐ွိပါတယ္။ ထိုင္းအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးမႈ မခံရဘဲ လြတ္ေျမာက္သူတခ်ဳိ႕လည္း႐ွိပါတယ္။ ဒါေပမဲ့ ဖမ္းဆီးခံရသူက ေသာင္းနဲ႔ ခ်ီ႐ွိခဲ့တယ္လို႔ ထုိင္းအစုိးရနဲ႔ ထိုင္းအေျခစိုက္ အလုပ္သမားေရးေဆာင္ရြက္ေနတဲ့အဖဲြ႔အစည္းေတြက ေျပာႀကပါတယ္ရွင္။

.......................................

{{Unicode}}

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာကြတဲ့ အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံရတာ ၂၀၂၂ ခုနှစ်ကူးပြီး တပတ်အတွင်း ၄၀၀ ကျော်လောက် ရှိပါတယ်။ လူကုန်ကူးသူတွေကိုလည်း ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနေတဲ့အကြောင်းဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေဖို့ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်နေကြသူတွေ နှစ်သစ်ကူးပြီး တပါတ်အတွင်းမှာကို ရာဂဏန်းရှိနေပါတယ်။ ထိုင်းပြည်နယ်အသီးသီးမှာ အထောက်အထားမဲ့ မြန်မာတွေ လူကုန်ကူးခံရတဲ့မြန်မာတွေ ဖမ်းဆီးခံရတာ ၂၀၂၂ ခုနှစ် ပထမသီတင်းပါတ်မှာကို ၄၀၀ကျော်လောက်ရှိနေပြီလို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

" ဒီနေ့ဆိုရင် ဇန်နဝါရီလ ၇ ရက်နေ့မှာ စံခဘူရီပြည်နယ်မှာ မြန်မာ ၂၃ ဦးဖမ်းမိတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ချင်းမိုင်ပြည်နယ် အုန်းကွိုင်မြို့နယ်ထဲမှာလည်း တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို ထိုင်းလုံခြုံရေးက ဖမ်းမိတယ်။ အဲဒီမှာထူးခြားတာက လူကုန်ကူးတဲ့သူ ထိုင်းနိုင်ငံသား ၅ ဦးကိုလည်းထိုင်းလုံခြုံရေးတွေက ဖမ်းမိတယ်။ စံခဘူရီပြည်နယ် ၊ ချင်းမိုင်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်၊ ရနောင်းပြည်နယ်၊ ချွန်ဖွန်ပြည်နယ်၊ တာ့ခ်ပြည်နယ်၊ ကမ်ချနဘူရီပြည်နယ်၊ ပရာကျွတ်ခီရကန်ပြည်နယ်တွေမှာ ဒီနှစ်ဆန်းမှာပဲ တရားမဝင် ဝင်ရောက်တဲ့မြန်မာတွေ ဖမ်းမိသူ ၄၀၀ ကျော်ရှိတယ်"

ချင်းမိုင်ပြည်နယ် ချင်းဒေါင်းမြို့ထဲကိုဝင်လာတဲ့ တရားမဝင် မြန်မာ ၄၀ ကျော်လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖမ်းမိခဲ့ပါတယ်။ မြန်မာဘက်က ဝင်လာသူတွေဟာ ထိုင်းနိုင်ငံဘက်ကို ခြေလျင်ခရီးနဲ့ လာခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းနယ်စပ်မြို့တွေကနေ ဆမွတ်စခွန်၊ မဟာချိုင်၊ နခွန်ပထုံ ဘန်ကောက်စတဲ့မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ လူပွဲစားတွေက တဦးကို ထိုင်းဘတ်ငွေ ၂ သောင်းခွဲကနေ ၃ သောင်းလောက်ထိ ပွဲစားခ တောင်းခံခဲ့တာလို့ပြောပါတယ်။ အဲဒီလိုငွေကြေးယူပြီး လူကုန်ကူးသူတွေက စွန့်ပစ်သွားကြတဲ့အဖြစ်တွေ ကြုံနေကြရတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

" တောစပ်တွေထဲစိုက်ခင်းတွေထဲမှာ ကျေးရွာအစပ် အိမ်တလုံးမှာ စသဖြင့် သူတို့ပစ်ထားခဲ့ကြတာ အစာငတ်ရေငတ်တွေဖြစ်မှ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိပြီးအရေးယူဖို့လုပ်ရတော့ပေါ့ဗျာ"

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက် ၆ သောင်းကျော်လောက်ရှိမယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီအရေအတွက်မှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်ကော တရားမဝင်ပါ မြန်မာအလုပ်သမား ၃ သန်းထက်မနည်းရှိနေတာပါ။ ၂၀၂၁ ခုနှစ်ထဲမှာတော့ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေ တိုက်ပွဲတွေ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အဖမ်းအဆီးတွေ ဖြစ်လာခဲ့ပြီးနောက် နေရပ်စွန့်ခွါပြီး စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေအတွက် ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကနေ လာရောက်သူ အမြောက်အများရှိပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု မခံရဘဲ လွတ်မြောက်သူတချို့လည်းရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရသူက သောင်းနဲ့ ချီရှိခဲ့တယ်လို့ ထိုင်းအစိုးရနဲ့ ထိုင်းအခြေစိုက် အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ပြောကြပါတယ်ရှင်။

XS
SM
MD
LG