သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် တရားမဝင်ပြည်ပလုပ်သားတွေ ဒဏ်ကြေးသက်သာစစွာနဲ့ အိမ်ပြန်နိုင်ပြီ


နေရပ်ပြန်ပို့ စောင့်နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားများ (ဖေဖေါ်ဝါရီလ ၈၊ ၂၀၂၁)
နေရပ်ပြန်ပို့ စောင့်နေတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားများ (ဖေဖေါ်ဝါရီလ ၈၊ ၂၀၂၁)

မလေးရှားနိုင်ငံက နိုင်ငံခြားသားတရားမဝင်ရွှေပြောင်းနေထိုင်နေသူတွေကို ဒဏ်ကြေးသက်သာတဲ့အစီစဉ်နဲ့ တနှစ်အတွင်း လူဦးရေတသိန်းခွဲလောက်နေ ရပ်ပြန်ပို့ခဲ့တယ်လို့ မလေးရှားလူဝင်မူ့ကြီးကြပ်ရေးဌာနကဆိုပါတယ်။ ဒါအပြင် ဒီဇင်ဘာလကုန်မှာ နေရပ်ပြန်ဖို့ ခွင့်ပြုထားတဲ့ ရက်သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် နောက်နှစ် ဇွန်လအထိလည်းဒဏ်ကြေးသက်သာစွာနဲ့ တရားမဝင်တွေနေ ရပ်ပြန်နိုင်ရေး အတွက်သက်တမ်းထပ်တိုးပေးလိုက်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံက နိုင်ငံခြားသားတရားမဝင်ရွှေပြောင်းနေထိုင်နေသူတွေကို ဒဏ်ကြေးသက်သာတဲ့အစီစဉ်နဲ့ တနှစ်အတွင်း လူဦးရေတသိန်းခွဲလောက်နေ ရပ်ပြန်ပို့ခဲ့ရာမှာ မြန်မာနိုင်ငံသားတွေလည်းပါဝင်ကြောင်း မလေးရှားနိုင်ငံက မြန်မာတွေကိုအကူညီပေးနေတဲ့ အလုပ်သမားရေးလှုပ်ရှား သူဦးသီဟမောင်မောင် ကပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလကနေ ဒီနှစ်၂၀၂၁ဒီဇင်ဘာလအထိသူတို့ပြန်ပို့ထားတဲ့ စာရင်းအရစုစုပေါင်းနိုင်ငံခြားသား အလုပ်သမားတွေ စုစုပေါင်း တသိန်းခွဲလောက်ပြန်ပို့ တဲ့အထဲမှာကျနော်တို့မြန်မာနိုင်ငံသားတွေလည်းပါတာပေါ့ အများဆုံး စံချိန်တင်တဲ့နိုင်ငံ ကတော့ အင်ဒိုနီးရှား။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ၃နို်င်ငံပါတယ်။ အင်ဒိုနီးရှားဆို ၇ သောင်းကျော်တယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ ၂သောင်းကျော်တယ်။ အန္ဒိယက တော့ ၁၉,၀၀၀ ကျော်တာပေါ့။ သူတို့ဆီမှာတရားမဝင်နေ တဲ့ပြည်တော်ပြန်တဲ့ စာရင်းပေါ့။ အဲဒီထဲမှာလည်း မြန်မာတွေလည်းပါတယ် ။မြန်မာတွေဘယ်လောက်ပါတယ် ဆိုတာတော့ သူတို့အတိအကျသတင်း ထုတ်ပြန်တာတော့မရှိသေးဘူး။"

အခုဆိုရင် တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေနေရပ်ပြန်နိုင်ဖို့အတွက် ဒဏ်ကြေးသက်သာစွာနဲ့ခွင့်ပြုထားတဲ့ရက်ဟာ ဒီဇင်ဘာလကုန်အထိ ဖြစ်ပေမယ့် နောက်နှစ် ဇွန်လအထိ သက်တမ်းထပ်တိုးပေးတယ်ဆိုတဲ့အကြောင်းကိုလည်း မနေ့က စတင်ကြေငြာပေးခဲ့တယ်လို့ဆိုပါတယ်။

"တရားဝင်ကြေငြာတာကတော့ဒီနေ့ (ဒီဇင်ဘာလ ၁၃ ရက်) မှစပြီးကြေညာပါတယ်။ အစည်းဝေးမှာမနေ့ကစပြီးပြောတယ်။ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ သူ့နိုင်ငံမှာရေရှည်မနေအောင်လို့လည်းပါတာပေါ့။ ဒါကိုလမ်းဖွင့်ပေးတဲ့အနေနဲ့ နောက်နှစ် ဇွန်လအထိလမ်းဖွင့်ပေးထားပါတယ်။"

မလေးရှားနိုင်ငံမှာကိုဗစ် အရေးပေါ်ကာလအတွင်း အထောက်အထားမဲ့တွေအတွက် အလုပ်အကိုင်အခွင့် အလန်းတွေလည်း အဆင် မပြေသလို ဖမ်းဆီးမူတွေလည်း ရှိနေတဲ့အတွက် တချို့လည်း နေရပ်ပြန်ချင်ကြတာတွေလည်းရှိကြတယ်လို့ဆိုပါတယ် ။ အခုလိုမျိုး တရားမဝင်နိုင်ငံခြားသားတွေအတွက်ဒဏ်ကြေးသက်သာစွာနဲ့နေရပ်ပြန်နိုင်ဖို့ ခွင်ပြုတဲ့သက်တမ်း ၆လ လောက်ထပ်တိုးပေးလိုက် တဲ့အတွက် နေရပ်ပြန် လိုတဲ့မြန် မာတွေအတွက်တော့အဆင်ပြေနိုင်တယ်ဆိုပြီးဦးသီဟမောင်မောင်ကဆိုပါတယ်။

"တချို့တွေကလည်းအဆင်မပြေတာတွေလည်းရှိတယ်။ အလုပ်အကိုင်အဆင်မပြေတာ ရယ် တရားမဝင်နေထိုင်ရလို့ အဖမ်းအဆီးတွေေ ကြာင့် တချို့ ပြန်ချင်သူတွေအတွက် လည်းကောင်းပါတယ်။ ဒီမှာနှစ်ကုန်ပိုင်းမှာအဖမ်းအဆီးတွေလုပ်ဖို့လည်း စနေပြီ ခင်ဗျ။ အဲဒီလို အစီစဉ်တွေရှိတော့ ဒီမှာလည်း မနေရဲကြတော့ဘူး အဲဒီလိုလမ်းဖွင့်ပေးထားတော့ တရားမဝင်တဲ့သူတွေ အတွက်ပြန်ဖို့တော့ အဆင်ပြေ ပါတယ်။"

ဒီအစီစဉ်ဟာ မလေးရှားနိုင်ငံမှာရှိနေတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တရားစွဲဆိုတာမျိုးမလုပ်ပဲ နေရပ်ပြန်နိုင်ရေး အခွင့်အလမ်းပေးဖို့သာ ရည်ရွယ်ထားကြောင်း လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် Mr.Datuk Khairul Dzaimee Daud က ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင်ကော တရား မဝင်ပါ မြန်မာ ၅သိန်းခွဲထက်မနည်း အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------










XS
SM
MD
LG