သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ိုင္အတြင္း ယာဥ္တိမ္းေမွာက္မႈ ျမန္မာ ၄ ဦးေသဆုံး


ကန္ခ်နဘူရီခ႐ိုင္တြင္း ယာဥ္တုိက္မႈျဖစ္ၿပီးေနာက္ ကယ္ဆယ္ေရး ေဆာင္ရြက္ေနသူမ်ား။ (ဇန္နဝါရီ ၂၀၊ ၂၀၂၂။ ဓာတ္ပုံ - ထိုင္းလူမႈကယ္ဆယ္ေရး)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ကန္ခ်နဘူရီခ႐ုိင္ Sai Yok ၿမိဳ႕နယ္ကေန Thong Pha Phum ကိုသြားတဲ့ ကားတစီး ယာဥ္တိုက္မႈျဖစ္ၿပီး မေတာ္တဆ တိမ္းေမွာက္တာေၾကာင့္ ကားထဲမွာပါလာတဲ့ ျမန္မာ ၄ ဦး ေသဆံုးၿပီး ၇ ဦးေလာက္က ျပင္းထန္တဲ့ဒဏ္ရာေတြ ရခဲ့ပါတယ္။ အျပည္အစုံကို ဗြီအုိေအသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံ ကန္ခ်နဘူရီခ႐ုိင္ Sai Yok ၿမိဳ႕ကေန Thong Pha Phum ကိုသြားတဲ့ လမ္းမႀကီးေပၚမွာ ျမန္မာေတြတင္ေဆာင္လာတဲ့ ကားတစီးနဲ႔ ကုန္တင္ကားတစီး ၾကာသပေတးညက ယဥ္တိုက္မႈ ျဖစ္ပြားခဲ့ပါတယ္။ ယာဥ္တိုက္မႈျဖစ္ပြားတဲ့ ေနရာကို ကယ္ဆယ္ေရးအဖြဲ႔ ေရာက္လာခ်ိန္မွာ ပစ္ကပ္ကားတစီးလုံး ပက္လက္အေနထားမွာ ျဖစ္ေနတယ္လို႔ ေျပာဆုိၾကပါတယ္။ ကားေပၚမွာပါလာတဲ့ ျမန္မာႏို္င္ငံသား ၄ ဦး ေသဆံုးခဲ့ၿပီး ၇ ဦးကေတာ့ ျပင္းထန္တဲ့ဒဏ္ရာေတြ ရခဲ့တဲ့အေၾကာင္း ထုိင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္းရဲ ့အလုပ္သမားေရး လႈပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

“အဲဒါကေတာ့ ကန္ခ်နဘူရီ Sai Yok ၿမိဳ႕မွာ ျဖစ္ပြားခဲ့တာပါ။ ျမန္မာေတြတင္လာတဲ့ ပစ္ကပ္ကားေပါ့၊ ကုန္တင္ကားကို ေနာက္ကေန ဝင္ၿပီးတုိက္တယ္။ ၄ ေယာက္ေတာ့ ေသတယ္၊ က်န္တဲ့ ၇ ေယာက္ကေတာ့ ေဆး႐ုံကို ပုိ႔ထားရတယ္။ ၃ ေယာက္ကေတာ့ ပဲြခ်င္းၿပီးေသတယ္။ က်န္တဲ့တေယာက္ကေတာ့ ကားထဲညပ္ၿပီး ေသတယ္။”

ဒီရက္ပုိင္းအတြင္း ကန္ခ်နဘူရီထဲမွာ တရားမဝင္ အေထာက္အထားမဲ့ ျမန္မာေတြ ဝင္လာတာေတြေၾကာင့္ ဆက္တုိက္ဖမ္းမိေနတယ္လို႔လည္း ဦးမင္းဦးက ေျပာပါတယ္။

“အဲဒီမွာက ေတာက္ေလွ်ာက္ဖမ္းေနတာ။ ကန္ခ်နဘူရီမွာ Sai Yok ၿမိဳ႕နယ္ထဲမွာ မိတယ္။ ဟုိတေန႔ကလည္း ၾကာသပေတးေန႔တုန္းက ဂူထဲမွာ ၈၃ ေယာက္မိတယ္။ အဲဒီဟာေတြက ဆက္စပ္ေနတယ္။ Thong Pha Phum ကိုသြားတဲ့ ဝန္းက်င္မွာပဲ။”

ပစ္ကပ္ကားကို ေမာင္းႏွင္လာတဲ့ အသက္ ၄၄ ႏွစ္အရြယ္ ထိုင္းအမ်ိဳးသား Chanon Thongphawatchara ကေတာ့ ထိုင္ခုံခါးပတ္ ပတ္ထားခဲ့တာမို႔ ထိခိုက္ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့ပါတယ္။ ကားေမာင္းသမားကို ရဲေတြက စစ္ေဆးေမးျမန္းရာမွာေတာ့ သူဟာ Thong Pha Phum ကို ကားေမာင္းလာခ်ိန္ လမ္းမွာ လမ္းေလွ်ာက္လာတဲ့ လူအုပ္စုတစုကို ေတြ႔ခဲ့ၿပီး သူတို႔က ကားႀကဳံစီးဖို႔ ေစာင့္ေနတာေၾကာင့္ ေခၚတင္လာခဲ့တာလို႔ ေျပာဆုိခဲ့ပါတယ္။ ဒါေပမယ့္ ကားေမာင္းသမားဟာ လူကုန္ကူးသူေတြနဲ႔ ဆက္စပ္ႏိုင္တယ္လို႔လည္း ရဲေတြက သံသယရွိေၾကာင္း ထုိင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ တႏွစ္လံုးအတုိင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခား ေရႊ႕ေျပာင္းအလုပ္သမား အေရအတြက္ ၆၀,၀၀၀ ေက်ာ္ေလာက္ ရွိမယ္လို႔လည္း အလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ အဖဲြ႔ေတြ စုေပါင္းထားတဲ့ Migrant Labour Development Network က စာရင္းျပဳစုထားပါတယ္။ အဲဒီအေရအတြက္ထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။ ၂၀၂၂ ႏွစ္စ ဇန္နဝါရီလထဲမွာပဲ ဖမ္းမိတဲ့ ျမန္မာႏို္င္ငံသား လူဦးေရ စုစုေပါင္း ၂,၀၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း ယာဉ်တိမ်းမှောက်မှု မြန်မာ ၄ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် Sai Yok မြို့နယ်ကနေ Thong Pha Phum ကိုသွားတဲ့ ကားတစီး ယာဉ်တိုက်မှုဖြစ်ပြီး မတော်တဆ တိမ်းမှောက်တာကြောင့် ကားထဲမှာပါလာတဲ့ မြန်မာ ၄ ဦး သေဆုံးပြီး ၇ ဦးလောက်က ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။ အပြည်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် Sai Yok မြို့ကနေ Thong Pha Phum ကိုသွားတဲ့ လမ်းမကြီးပေါ်မှာ မြန်မာတွေတင်ဆောင်လာတဲ့ ကားတစီးနဲ့ ကုန်တင်ကားတစီး ကြာသပတေးညက ယဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားတဲ့ နေရာကို ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာ ပစ်ကပ်ကားတစီးလုံး ပက်လက်အနေထားမှာ ဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။ ကားပေါ်မှာပါလာတဲ့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တဲ့အကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

“အဲဒါကတော့ ကန်ချနဘူရီ Sai Yok မြို့မှာ ဖြစ်ပွားခဲ့တာပါ။ မြန်မာတွေတင်လာတဲ့ ပစ်ကပ်ကားပေါ့၊ ကုန်တင်ကားကို နောက်ကနေ ဝင်ပြီးတိုက်တယ်။ ၄ ယောက်တော့ သေတယ်၊ ကျန်တဲ့ ၇ ယောက်ကတော့ ဆေးရုံကို ပို့ထားရတယ်။ ၃ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့တယောက်ကတော့ ကားထဲညပ်ပြီး သေတယ်။”

ဒီရက်ပိုင်းအတွင်း ကန်ချနဘူရီထဲမှာ တရားမဝင် အထောက်အထားမဲ့ မြန်မာတွေ ဝင်လာတာတွေကြောင့် ဆက်တိုက်ဖမ်းမိနေတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“အဲဒီမှာက တောက်လျှောက်ဖမ်းနေတာ။ ကန်ချနဘူရီမှာ Sai Yok မြို့နယ်ထဲမှာ မိတယ်။ ဟိုတနေ့ကလည်း ကြာသပတေးနေ့တုန်းက ဂူထဲမှာ ၈၃ ယောက်မိတယ်။ အဲဒီဟာတွေက ဆက်စပ်နေတယ်။ Thong Pha Phum ကိုသွားတဲ့ ဝန်းကျင်မှာပဲ။”

ပစ်ကပ်ကားကို မောင်းနှင်လာတဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသား Chanon Thongphawatchara ကတော့ ထိုင်ခုံခါးပတ် ပတ်ထားခဲ့တာမို့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပါတယ်။ ကားမောင်းသမားကို ရဲတွေက စစ်ဆေးမေးမြန်းရာမှာတော့ သူဟာ Thong Pha Phum ကို ကားမောင်းလာချိန် လမ်းမှာ လမ်းလျှောက်လာတဲ့ လူအုပ်စုတစုကို တွေ့ခဲ့ပြီး သူတို့က ကားကြုံစီးဖို့ စောင့်နေတာကြောင့် ခေါ်တင်လာခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကားမောင်းသမားဟာ လူကုန်ကူးသူတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ရဲတွေက သံသယရှိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၆၀,၀၀၀ ကျော်လောက် ရှိမယ်လို့လည်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ Migrant Labour Development Network က စာရင်းပြုစုထားပါတယ်။ အဲဒီအရေအတွက်ထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ ၂၀၂၂ နှစ်စ ဇန်နဝါရီလထဲမှာပဲ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား လူဦးရေ စုစုပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။

XS
SM
MD
LG